Subscribe to our RSS Feed

စစ်တွေ GTC ၌ ကျောင်းသားဦးရေ သုံးပုံတစ်ပုံသာ ကျောင်းတက်


From : The Voice

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အစိုးရ နည်းပညာ ကောလိပ် GTC အား ဇူလိုင်လ ၁၆ ရက်နေ့က ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်သော်လည်း ကျောင်းတတ်သူ ဦးရေမှာ သုံးပုံ တစ်ပုံပင် ပြည့်မီခြင်း မရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ယာယီ ဖွဲ့စည်းထားသော သတင်းပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဦးလှသိန်းက The Voice Weekly သို့ ပြောကြားသည်။

စစ်တွေမြို့ နည်းပညာကောလိပ် ကျောင်းအနီးရှိ ရေချမ်းပြင်ရွာနှင့် ကုတင်ပိုက် ကျေးရွာမှဘင်္ဂါလီများ စုပေါင်း၍ ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများ စီးနင်းလာသည့်ကားကို လမ်းပေါ်မှ ဖြတ်တားကာ တုတ်၊ ဓါးများဖြင့် ဝင်ရောက် ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်မှုကြောင့် ယခုကဲ့သို့ ကျောင်းတက်သူ ဦးရေ နည်းပါးသွားခြင်း ဖြစ်ပြီး ဇူလိုင်လ ၁၇ ရက်နေ့က ကျောင်းတတ်သူ ဦးရေမှာ ၁၈ ဦးသာ ရှိကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

အဆိုပါ အစိုးရနည်းပညာ ကောလိပ်ကျောင်းမှာ စစ်တွေမြို့နှင့် ၇ မိုင်ကျော်ခန့် ဝေးသည့် စစ်တွေမြို့နယ် ရေချမ်းပြင် ကျေးရွာအနီးတွင် တည်ဆောက်ထားပြီး အဆိုပါကျောင်းသို့ ပြေးဆွဲနေသော ကျောင်းကားများတွင် ယခုအခါ လုံခြုံရေးအဖြစ် တပ်မတော်သား နှစ်ဦးက တာဝန်ယူ လိုက်ပါပေး နေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

“ကျောင်းဖွင့်တယ် ဆိုပေမဲ့ မိဘတွေကလည်း သားသမီးတွေကို ကျောင်းမလွှတ်ရဲ ကြတော့ဘူး။ ပြီးတော့ ဒီလို အကြမ်းဖက်မှုတွေက တစ်နေ့မဟုတ် တစ်နေ့ ဖြစ်မလာဘူးလို့ ပြောလို့မရဘူး။ ကျောင်းသားတွေထဲမှာ မိန်းကလေးရော ယောက်ျားလေးရော ပါနေတာဘဲ။ အခုလည်း ကျောင်းကားတွေမှာ လုံခြုံရေးတွေ ချထားရတယ် ဆိုတာ ဘယ်လောက် ရုပ်ဆိုးသလဲ။ ပြီးတော့ ဒီအကြမ်းဖက်မှုတွေက ဒီကလူတွေ မျက်လုံးရှေ့မှာတင် ဖြစ်သွားတာ ဆိုတော့ ဘယ်သူမှ ယုံကြည်မှု မရှိကြတော့ဘူး” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ စစ်တွေပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ဒေသ၏ အခြေအနေကို ရှင်းပြသည်။

Myanmar Express

4 comments:

All Bangali Mother Fucker.

ဒီကိစ္စမှာအာဏာပိုင်တွေဆီမှာတာဝန်ဝတ္တရားအများရှိတယ်လို့ထင်ပါတယ် တရားဥပဒေစိုးမိုးရေးရှု့ထောင့်အနေနဲ့ပေါ့

na ma loo kalar KILL ALL BINGALI

စစ်တပ်ရှိရက်နဲ့ ပြောင်ပြောင်တင်းတင်း စော်ကားနေတာကို
ဘယ်လိုနားလည်ရမှာလည်း သည်းခံတယ်ဆိုတာ
အတိုင်းအတာရှိပါတယ် အခုတော့မြန်မာတွေ သွေးမရှိတဲ့ပုံ
ပေါက်နေပြိ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်