Subscribe to our RSS Feed

အမှိုက်စိုများမှ သဘာဝဓါတ်ငွေ့ထုတ်လုပ်ရန် ကမ်းလှမ်းမှုများရှိနေ


From : MRTV4

စွန့်ပစ်ထားတဲ့ အမှိုက်စိုများမှ အဆင့်ဆင့်သဘာဝဓါတ်ငွေ့ ထုတ်လုပ်ဖို့အတွက် ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းရှင်များက ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူပြောကြားချက် အရသိရပါတယ်။ ဒီလို အမှိုက်စိုမှတဆင့် သဘာဝဓါတ်ငွေ့ ထုတ်လုပ်တာဟာ အမှိုက်စိုများကို မြေသားတစ်ထပ် အမှိုက်တစ်ထပ်ကျင်းတူးမြှုပ်ကာ အမှိုက်များပုပ်သိုးဆွေးမြေ့တော့မှ ထွက်ရှိလာတဲ့ မီသိန်းဓာတ်ငွေ့မှ တစ်ဆင့် ပိုက်လိုင်းများ သွယ်တန်းကာ သဘာဝဓါတ်ငွေ့ထုတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များက အမှိုက်စိုမှတဆင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ဖို့ ကမ်းလှမ်းကြပေမယ့် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေရဲ့ ကုန်ကျစရိတ်ကို တွက်ချက်ပြီး သက်ဆိုင်ရာ ဌာနကို ပြန်လည်တင်ပြဖို့အတွက် ညွှန်ကြားထားတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူပြောကြားချက်အရ သိရပါတယ်။ ဒါ့အပြင် အမှိုက်စိုများကို မီးရှို့ပြီးလျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖို့အတွက် အမှိုက်မီးရှို့စက် တည်ဆောက်ဖို့ကိုလည်း ဂျပန်နိုင်ငံနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်း ဆောင်ရွက်ဖို့အတွက် ကမ်းလှမ်းထားမှုတွေသာမက လက်ရှိမှာတော့ အမှိုက်စိုအမှိုက်ခြောက် ခွဲခြားစွန့်ပစ်ထားတဲ့ အမှိုက်အိတ်အဟောင်းတွေကို အမှိုက်အိတ်အသစ်အဖြစ် ပြန်လည်ထုတ်လုပ်တဲ့ လုပ်ငန်းတစ်ခုသာ ဆောင်ရွက်နေသေးတယ်လို့ သတင်းရရှိပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်