Subscribe to our RSS Feed

ပြည်ပ စွက်ဖက်မှုများကြောင့် အခက်ကြုံဟု မြန်မာ မွတ်စလင်များအဖွဲ့ ထုတ်ပြန်


From : The Voice

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပြဿနာများ အတွင်း ဝင်ရောက် စွက်ဖက်မှုများ ရှိလာသည့်အခါ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များ အတွက် ပိုမို ခက်ခဲသော အခြေအနေများကိုသာ ဖြစ်ပေါ်စေကြောင်း မြန်မာ မွတ်စလင်များအဖွဲ့က ဇူလိုင်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။

အီရန်နိုင်ငံ အနေနှင့် မြန်မာနိုင်ငံ ကိစ္စအပေါ် ကုလသမဂ္ဂတပ်များ စေလွှတ်ရန် တိုက်တွန်းမည့်အစား အခြေအနေ ပိုမိုဆိုးရွားနေသော ဆီးရီးယားကိစ္စကို အာရုံစိုက်သင့်ပါကြောင်း၊ ထိုနည်းတူ ဟစ်ဘိုလာ အဖွဲ့သည်လည်း အီရန်နိုင်ငံ၏ နောက်မှ သံယောင် မလိုက်သင့်ကြောင်း၊ ပါကစ္စတန် နိုင်ငံ အနေနှင့်လည်း မြန်မာနိုင်ငံအပေါ် ရန်လိုသော သဘောထားများ မထားသင့်ကြောင်း၊ တာလီဘန် အဖွဲ့ အနေနှင့်လည်း မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ မြန်မာနိုင်ငံ၏ အကျိုးစီးပွားများ၊ သံတမန်များ၊ အစိုးရအဖွဲ့ဝင်များကို ခြိမ်းခြောက်မှု လုပ်ခွင့်မရှိကြောင်း ယင်းအဖွဲ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရန်မှာ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များ၏ တာဝန်လည်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်လာပါက အသက်ပေး ကာကွယ် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သက်တမ်း နုနယ်လှသေးသော မြန်မာ့ ဒီမိုကရေစီစနစ် တိုးတက်ရာ တိုးတက်ကြောင်း အတွက် လည်းကောင်း၊ ဖွံ့ဖြိုးမှု နိမ့်ကျနေသော နိုင်ငံတော် လျင်လျင်မြန်မြန် ဖွံ့ဖြိုး တိုးတက်လာစေရေး အတွက် လည်းကောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး အတွက် လည်းကောင်း အပြုသဘောနှင့် ဝိုင်းဝန်း အကူအညီ ပေးကြပါရန် မြန်မာမွတ်စလင်များအဖွဲက မေတ္တာရပ်ခံ ပန်ကြားလိုက်ပြီး အစ္စလာမ် သာသနာတော်၏ အဆုံးအမများနှင့် ကိုက်ညီမှု မရှိသော၊ နိုင်ငံတကာမှ လက်မခံနိုင်သော၊ ပြည်ထောင်စု မြန်မာနိုင်ငံသား လူမျိုးမရွေး ဘာသာမရွေး က လက်မခံနိုင်သော အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတင်းမှား ထုတ်ပြန်ခြင်း၊ သတင်းမှန်ကို ချဲ့ကား ဝါဒဖြန့်ခြင်း၊ နိုင်ငံတော်၊ နိုင်ငံတော်အလံနှင့် နိုင်ငံ့ခေါင်းဆောင်ကြီးများအား စော်ကားမော်ကား ပြုလုပ်ခြင်းများကို ရပ်တန့်ပေးပါရန်လည်း အထက်ပါ အဖွဲ့က ထည့်သွင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သေဆုံးသူ ဦးရေမှာ ရခိုင်လူမျိုး ၃၁ ဦး ဘင်္ဂါလီလူမျိုး ၄၆ ဦး ဖြစ်ကာ စုစုပေါင်း ၇၇ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန် လိုက်ပြီး ဒုက္ခသည် အရေအတွက်မှာ ရခိုင် တိုင်းရင်းသားလူမျိုး ၂၄၂၁၅ ဦး၊ ဘင်္ဂါလီလူမျိုး ၂၈၀၁၂ ဦး တို့ ဖြစ်ပြီး စုစုပေါင်း ၅၂၂၂၇ ဦး ရှိခဲ့ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးက ယနေ့ညနေပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

Myanmar Express

11 comments:

အခုဖြစ်တဲ့ပြဿနာက ဘာသာတစ်ခုနဲ့တစ်ခုဖြစ်တဲ့ပြဿနာ မဟုတ်ပါ မြန်မာ့နယ်မြေထဲကို တရားမဝင်ကျုးကျော်လာတဲ့ အတွက်ကြောင့် ဖြစ်လာတဲ့ ပြဿနာဖြစ်တယ် ဒါကို ပြည်သူတွေကွဲကွဲပြားပြား သိဖို့လိုတယ် မြန်မာနိုင်ငံအပေါ် ကျရောက်လာမယ့် အန္တရာယ်တွေကို မြန်မာနိုင်ငံအတွင်းမှာ တရားဝင်နေထိုင်လာတဲ့ ကုလားရော တရုတ်ရော ဗမာရော တိုင်းရင်းသားအားလုံး ခရစ်ယာန် အစ္စလာမ် ဗုဒ္ဒဘာသာ အားလုံး ဝိုင်းဝန်းကာကွယ်ဖို့လိုပြီ သတင်းမှားဝါဒဖြန့်တာတွေကို လက်ပိုက်ကြည့်နေရမယ့်အချိန် မဟုတ်တော့ဘူး ညီညွတ်ကြဖို့လိုပြီ

မြန်မာမူစလင်နဲ့ ရိုဟင်ဂျာမူစလင်တွေ မတူပါဘူးဆိုရင်

ဒါဆိုရင် မြန်မာမူစလင်တွေနဲ့ ရိုဟင်ဂျာမူစလင်တွေကို တည်ပေးကြည့်လေ

သူတို့ မူစလင်အချင်းချင်း သတ်မလားလို့

.

ဒါဆိုရင် ဘင်္ဂလီ ထွန်းခင်၊ ဒေါက်တာဝါကာအူဒင်းတို့ကို ကန့်ကွက်ရှုံ့ချတဲ့ ကြေညာချက်တွေကို မြန်မာမွတ်စလင် အသင်းက နိုင်ငံတကာကို ထုတ်ပေးနိုင်ပါလား

အဟက်

မြန်မာပြည်မှာ လူဖြစ်လို့ ဘုရား ၅ ခါအေးအေးချမ်းချမ်း ကန်တော့ခွင့်ရတာ၊ မွတ်မတွေ စိတ်ကြိုက်ဖော်ခွင့်ရတာ
ကံထူးတယ်မှတ်။

Don't trust Myanmar muslims because they are liars.

မြန်မာနိုင်ငံမှာ ရှိတဲ့ မွတ်စလင် ဆိုသူများအားလုံး မင်းတို့ရဲ့ အကျိုးစီးပွား အပါအ၀င် အရာအားလုံး အတွက် အခုလို တောင်ပြော မြောက်ပြော ပြောနေတဲ့ မင်းတို့ မိတ်ဆွေ နိုင်ငံများအားလုံးကို ပြေလည်အောင် ဖြေရှင်းရန် မင်းတို့ တာဝန်ယူပါ ။
နောက်မဟုတ်ရင် ပထမဆုံး ခံစားရမှာ မင်းတို့ဆိုတာကို နားလည်ကြစေချင်ပါတယ်။ ဘာသာရေး အပေါ်ဇောင်းတင် ပြောဆိုနေမှု့များကို ရပ်ခိုင်းပါ။ ဘယ်အိမ်ရှင်မှ ဧည့်သည်က စော်ကားတာကို လက်ခံ လိမ့်မည်မဟုတ်ဘူးဆိုတာ နားလည်စေချင်ပါတယ်။ မင်းတို့ မက်ကာမှာ ဗုဒဘာသာ ဘုန်းကြီးကျောင်း မဆောက်ရပေမဲ့ တို့ ဆူးလေဘုရားရဲ့ ဇရပ်နေရာမှာ မင်းတို့ ဗလီ နေရာယူထားတာတောင် လွန်လှပြီမို့ မင်းတို့စခဲ့တဲ့ ဖြစ်ရပ်အမှန်တွေကို မင်းတို့ ကိုယ်တိုင်ဖြေရှင်းပါ။ပြောဆို ကြိမ်းမောင်းတာတွေ ပြန်ရုတ်သိမ်းခိုင်းပါ။ မင်းတို့ ပါးစပ်ပြောနေတဲ့ အချိန်မှာ တို့ဆီကတော့ အသင့်ဖြစ်နေတာကို သိထားဖို့ပါပဲ။ မြန်မာပြည်သူ မြန်မာ့တပ်မတော်ကို အထင်မသေးမိဖို့တော့ သိထားပါ။ မင်းတို့ ဒီမှာနေတာ ပိုသိပါတယ်။ အခုလုပ်ပါ။ အခုကြားချင်ပါတယ်။

ရိုဟင်ဂျာကိုအားပေးသနားတဲ့သူတွေနှင့် ပါတီတွေကို
၂၀၁၅ မှာ မဲမမျှော်ကြဖို့ ဒို့ရခိုင်များဘက်မှကြေငြာချက်ထုတ်ပြန်သည်

ရခိုင်များကိုကာကွယ်ပါ

ရိုဟင်ဂျာကိုအားပေးသနားတဲ့သူတွေနှင့် ပါတီတွေကို
၂၀၁၅ မှာ မဲမမျှော်ကြဖို့ ဒို့ရခိုင်များဘက်မှကြေငြာချက်ထုတ်ပြန်သည်

မြန်မာနိုင်ငံကိုကာကွယ်ကြစို့။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်