Subscribe to our RSS Feed

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ဒီမိုကရေစီ မိတ်ဆွေ ပါတီများမှ ခေါင်းဆောင်များ ဇူလိုင် ၂၇ နေ့တွင် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီကျော်ကြာသည့်တိုင်


From : The Voice

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ဒီမိုကရေစီ မိတ်ဆွေ ပါတီများမှ ခေါင်းဆောင်များ ဇူလိုင် ၂၇ နေ့တွင် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီကျော်ကြာသည့်တိုင်အောင် တွေ့ဆုံ ခဲ့ကြောင်း ချင်းအမျိုးသား ပါတီ မှ ဦးဇိုးဇမ်က ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် မတွေ့ဆုံမီဒီမိုကရေစီ မိတ်ဆွေပါတီများမှ ခေါင်းဆောင် များသည် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ရုံးတွင် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးနိုင်ရေးအတွက် ဆွေးနွေညှိုနှိုင်းပွဲတရပ် ပြုလုပ်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု ဒေါက်တာ သန်းငြိမ်းက ပြောကြားသည်။ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်တွေ့ဆုံပြီးနောက် ဒီမိုကရေစီ မိတ်ဆွေ ပါတီများမှ လွှတ်တော်အစည်းအဝေးသို့ တက်ရောက် လေ့လာ ခဲ့သည်။

ကော်မရှင်နှင့်တွေ့ဆုံရာတွင် အကျိုးရလဒ် တစ်စုံတစ်ရာ ထွက်ပေါ်ခဲ့ခြင်း ရှိမရှိ The Voice Weekly က မေးမြန်းရာ " ဒါက ရေရှည်သွားရမယ့် ကိစ္စလေ။ ချက်ခြင်းကြီး ဆုံးဖြတ်လို့ မရပါဘူး" ဟု ပြန်လည်ဖြေကြားသည်။ ရွေးကောက်ပွဲစနစ် ပြောင်းလဲ ကျင့်သုံးရေး နှင့် ပတ်သက်၍ ဒီမိုကရေစီ မိတ်ဆွေပါတီများ၏ တင်ပြမှုကို ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်အနေဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပေးသွားမည် ဟုဖြေကြားပေးခဲ့ကြောင်း ဒေါက်တာ သန်းငြိမ်းက ဆက်လက်ပြောကြားသည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် ဒီမိုကရေစီ မိတ်ဆွေ ပါတီများဖြစ်သော ချင်းအမျိုးသားပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ တို့သည် ဇူလိုင်လ ၁၈ ရက်နေ့တွင် တွေ့ဆုံခဲ့ကြသည်။

ဒီမိုကရေစီနှင့် မိတ်ဆွေ ပါတီများ မှာ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ)၊ ဖလုံစဝေါ် ဒီမိုကရက်တစ် ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ချင်းအမျိုးသား ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီတို့ ဖြစ်ကြသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်