Subscribe to our RSS Feed

ထလော့ မြန်မာ…. မြန်မာ …. ထလော့


From : Yangon Media Group

ယနေ့အချိန်ခါ ဖြစ်သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီခရီးလမ်းပေါ် အရှိန်ဖြင့် ရွေ့နေပြီဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍစုံတွင် ပုံပြောင်းနေပြီဖြစ်သည်။

ပါလီမန်ခေတ်တွင် ဖြစ်သည်။ မြန်မာနိုင်ငံသည်လွတ်လပ်ရေးရပြီးချိန် ပါလီ မန်ခေတ်တွင် နိုင်ငံတိုး တက်မှု တက်ရိပ်ပြခဲ့သည်။ ဒေသ တွင်းနိုင်ငံများ၏ ငေးမောကြည့်ရှုခြင်းကိုခံခဲ့ရသည်။

ဆိုရှယ်လစ်ခေတ်တွင်ဖြစ်သည်။ နိုင်ငံ၏စီးပွားရေးတံခါး ပိတ်သွားခဲ့သည်။ နိုင်ငံ တိုးတက်မှု ညွှန်းကိန်း (Indicator) သည် အနုတ်လက္ခဏာ ပြလာခဲ့သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံ (LDC) အဆင့် သို့ လျှောကျခဲ့သည်။ ယင်းသည် တပ် မတော် အစိုးရလက်ထက်ကာလအထိ ဆက်လက်ဖြစ် တည်မြဲ တည်ရှိနေခဲ့သည်။

ဒီမိုကရေစီ အစိုးရသစ်လက်ထက်တွင် ဖြစ် သည်။ ၂၀၁၁ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံ၏ သွင် ပြင်သည် ယခင် ခေတ်ကာလများ နှင့်မတူပဲ တစ်စတစ်စနှင့် ကွဲထွက်သွားသည်။ ဒီမိုကရေစီစံများဖြင့် မြန်မာနိုင်ငံ ၏ သွင်ပြင်ကို ပုံဖော်ထုစစ်နေပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းကာလ (Transitional Period)တွင် နိုင်ငံတော် ဖွံ့ဖြိုးတိုး တက် ရေးအတွက် တာဝန်ဝတ္တရားများသည် နိုင်ငံတော်အစိုးရ၊ နိုင်ငံသားအားလုံး၏ ပခုံးပေါ်သို့ ရောက်ရှိ လာ သည်။ အမျိုးသားအကျိုးစီးပွား(National Interest)အတွက် နိုင်ငံတော် အစိုးရ၊ နိုင်ငံသား အားလုံး တို့အ တွက် တာဝန် များပိုလာပြီဖြစ်သည်။

မကြာမီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ(FDI) အရှိန်အဟုန်ဖြင့် စီးဝင်လာတော့မည်။ အာဆီယံလွတ် လပ်သော ကုန်သွယ်မှု(AFTA) သည်လည်း လာချေဦး မည်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ဆိုခဲ့သည့်အတိုင်း အတော့် ကို ပြဲအောင် ကြိုးစားနိုင်မှ၊ လုပ်နိုင်မှသာ တော်ခါကျပေ တော့မည်ဖြစ်သည်။ ပြဲအောင် မကြိုးစား၊ မလုပ်နိုင်ပါက ဒေသတွင်း နိုင်ငံများ၏နောက်တွင် ကျန်မြဲကျန်နေပေ လိမ့်မည်။ မြန်မာနိုင်ငံ ၏သွင်ပြင်သည် ယခင်အစိုးရ လက်ထက်ကရှိခဲ့သည့်ပုံအတိုင်း ပုံပေါ်နေပေမည်။

ဂျပန်သည် ဒုတိယကမ္ဘာစစ် ပြာပုံဘဝမှ ပြန် လည်နိုးထခဲ့သည်။ ဗီယက်နမ်သည်လည်း အမေရိကန်တို့ ၏ယမ်းငွေ့ကြားမှ ပြန်ရုန်းထ လာခဲ့သည်။ တစ်ချိန်တစ် ခါကအရှေ့တောင်အာရှတွင် မျက်နှာပန်း ပွင့်ခဲ့ သော မြန်မာ နိုင်ငံသည်လည်း ယနေ့ချိန်ခါတွင် ပြန်လည်နိုးထဖို့ စိုင်းပြင်း နေပြီဖြစ်သည်။ ပြန်လည်နိုး ထဖို့ အချိန်ရောက်လာပြီ ဖြစ်သည်။

ထို့ကြောင့် ဒေသတွင်းနိုင်ငံများနှင့် ပခုံးယှဉ်နိုင် ရေး၊ တန်းတူရင်ပေါင်းတန်းနိုင်ရေး၊ မြန်မာနိုင်ငံ တော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် မြန်မာနိုင်ငံသားများသည် ယခုချိန်ခါမှစပြီး နိုးထချိန် တန် ပါပြီဖြစ်ပါကြောင်း ကျွန်ုပ်တို့ တိုက်တွန်းရေးသားလိုက်ရပေသည်။


=========================================================================

''အတော့်ကို ပြဲအောင်ကြိုးစားနိုင်မှ၊ လုပ်နိုင်မှ၊ အတော့်ကို ကုန်းလုပ်နိုင်မှ၊ ရုန်းလုပ်နိုင်မှ အနှစ် ၂၀ လောက်ရှိတဲ့ အခါမှာ တော်ကာကျမယ်။ အဲဒီလိုမဟုတ်ပဲ ခင်ဗျားတို့ အလုပ်မလုပ်ပဲ နေမယ်ဆိုလို့ရှိရင် ယိုးဒယား ပြည်(ထိုင်းနိုင်ငံ)ရဲ့ အဆင့်အတန်းတောင်မီမှာ မဟုတ် ဘူး''

(ဗိုလ်ချုပ်အောင်ဆန်း)

Myanmar Express

2 comments:

မြန် မာ ပြည် မွဲ သွား တာ sanction ကြောင့် ပါ။ ဗိုလ် ချုပ် ကြီး
နေ ၀င်း လက် ထက် က လည်း ဗ က ပ ကို အ မြစ် ပျက် သုတ်
သင် ရ တယ်။ အ ဓိ တော့ က မ ဘာ့ စီး ပွး ရေး ကို ချုပ် ကိုင် ထား တဲ့ အ မေ ရိ ကန် နဲ့ မ ဟာ မိတ် မ ဖြစ် ခဲ့ ဘူး။ တပ် မ တော် အ စိုး ရ လက် ထက် က လည်း တိုင်း ပြည် တည် ငြိမ် အေး ချမ်း သာ ယာ အောင် အ ဓိ က လုပ် ရ တယ်။
ခပ် တင်း တင်း အုပ် ချုပ် ရ တယ်။ ကျွန် တော် တို့ မြန် မာ တွေ
က စည်း ကမ်း နဲ့ မှ မ နေ တက် တာ ကိုး။ ခေါင်း ဆောင် တိုင်း
က တိုင်း ပြည် ကို ချမ်း သာ ဖွံ့ ဖြိုး အောင် လုပ် ချင် ကြ တာ ဘဲ။ ဒါ ပေ မယ့် ကျွန် တော် တို့ တိုင်း ပြည် မှာ အ ခက် အ ခဲ
တွေ အ များ ကြီး ရှိ တယ်။ NLD ပြော သ လို အ မေ ရိ ကန်
နဲ့ အ ဆင် ပြေ ရင် တိုင်း ပြည် ချမ်း သာ မယ်။ ဟုတ် ပါ တယ်။
ဒါ ပေ မယ့် စွတ် စက် လုပ် လို့ မ ရ ဘူး။ ပြည် ထောင် စု ကြီး
တစ် စ စီ ဖြစ် သွား မှာ ပေါ့။ ခု ပေါက် ဖော် ကြီး နဲ့ လဲ အ စဉ်
ပြေ ပြီ၊ India နဲ့ လည်း အ စဉ် ပြေ တယ်။ အ မေ ရိ က နဲ့ လည်း အ စဉ် ပြေ လာ ပြီ။ ခု သွား နေ တဲ့ လမ်း က အ ကောင်း ဆုံး ပါ ဘဲ။ ဦး သန်း ရွှေ တို့၊ ဦး မောင် အေး တို့ လည်း အာ ဏာ ကို စွန့် လွှတ် ပြီး တိုင်း ပြည် ကို ဒီ မို က ရေ
စီ နိုင် ငံ ဖြစ် အောင် မ ရ ရ အောင် ပြောင်း သွား တာ ဘဲ။ ကျွန် တော် တို့ တိုင်း ပြည် မှာ လို အပ် တာ နှစ် ချက် ဘဲ ရှိ တယ်။ လက် နက် ကိုင် အ ဖွဲ့ အ စည်း တွေ ကို လက် နက် ဖြုတ် ဖို့ နဲ့ sanction တွေ မ ရှိ ဖို့ ဘဲ ဖြစ် တယ်။ ဒေါ် စု နဲ့
NLD က ဘာ ပြော လဲ။ လူ တိုင်း ကို ချမ်း သာ စေ ရ မယ်။ အဲ ဒါ ဆို လယ် သ မား တွေ အ တွက် မြန် မာ့ လယ် ယာ ထွက် ကုန် တွေ ကို နိုင် ငံ တ ကာ ဈေး ကွက် မှာ ဈေး များ များ နဲ့ ရောင်း လို့ ရ အောင် အ ရင် လုပ် ပေး ပါ။ လယ် သ မား လူ ထု ချမ်း သာ မှာ ကျန် တဲ့ လူ တန်း စား အား လုံး ချမ်း သာ မှာ ပါ။ လူ တိုင်း ကို ချမ်း သာ အောင် လုပ် ပေး မယ် ဆို ရင်၊ crony တွေ ရော၊ တပ် မ တော် ခေါင်း ဆောင်
တွေ ရော မ ပါ ဘူး လား။ ဒေါ် စု sanction ကို ၂၀၁၂ မှာ
အား လုံး မြန် မြန် ပွင့် ပြီး လူ တိုင်း ကို ချမ်း သာ အောင် လုပ် နိုင် ရင် ဒေါ် စု အ တွက် ရွေး ကောက် ပွဲ တွေ က မ လို တော့ ပါ ဘူး။ sanction က သာ မြန် မာ ပြည် ကို ဆင်း ရဲ စေ တာ ပါ။ သ ယံ ဇာ တ တွေ ရောင်း ရ တဲ့ ပိုက် ဆံ နဲ့
နိုင် ငံ တစ် ခု ကို တည် ထောင် ဖို့ ဆို တာ မ ဖြစ် နိုင် ပါ ဘူး။ တစ် နှစ် မှာ ၄၊ ၅ ဘီ လျှံ ဆို တဲ့ ၀င် ငွေ ဟာ တိုင်း ပြည်
တစ် ခု ကို ဖွံ ဖြိုး ပြီး နိုင် ငံ တစ် ခု ဖြစ် ဖို့ လုံး ၀ မ ဖြစ် နိုင် ပါ ဘူး။ ခု သွား နေ တဲ့ လမ်း က မြန် မာ ပြည် သူ၊ ပြည် သား တွေ အ တွက် အ ကောင်း ဆုံး ပါ ဘဲ။

I agree above article and 1st comment, if we look at "Bright points of view, all our Leaders in Myanmar's History after the independent, all of them wanted the Myanmar to improve and be wealthy country. According to my experiences, I was born in U Ne Win's Government period time, I was learning in Elementary, High School without paying any fees and I paid for tuition and hostels in Universit very low costs, I never knew that how to appreciate because I did not know U Ne Win's Government period time we were learning in Schools and Universiies almost like "Free Education System", I so regret when I arrived in Western Countries, I found that I paid all total costs of my education in our Home(Myanmar) was less than a cost of house rental for a year in Western Countries, honestly I tell you the truth, that the time I really knew to find some way of expression my gratitude to our Government did good for me, I carried my education and had a chance to get further studies until I got highest education. When I had a chance to talk with foreigner friends about when I was in Home the way of we paid in our Schools and Universities, nobody believed it, they thought I was telling a tale or a joke but I so much appreciated during that time our Government Education System, today I became a respected educated person because of our Government, who ever say good or bad about our previous Governments, if we can look at "Bright" points of view, there is always we could find something was good for us.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်