Subscribe to our RSS Feed

ဇူလိုင်လ၏ မင်္ဂလာရှိမှုများ


From : Sitt Thura Aung

ကမ္ဘာပေါ်ရှိ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းရေးဖြစ်စဉ်ကို ကျော်ဖြတ်ခဲ့သော နိုင်ငံမြောက်များစွာမှ အမြန်ဆန်ဆုံး သိမ်မွေ့ညင်သာမှုအရှိဆုံး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဦးဆောင်ခဲ့သူ မြန်မာနိုင်ငံတစ်မျိုးသားလုံး၏ ဒီမိုကရေစီဖခင်ဟုပင် ကင်ပွန်းတပ်ခံရလောက်သည့် သမ္မတကြီး ဦးသိန်းစိန်၊ စေတနာပါ ကျွမ်းကျင်နိုင်နင်းစွာ ထိန်းကျောင်းမှုဖြင့် ဟန်ပြမဟုတ်ပဲ အမှန်တကယ် အသက်ဝင်လာသည့် ပြည်သူ့လွှတ်တော်ကြီး၏ ပဲ့ကိုင်ရှင် သူရဦးရွှေမန်း၊ ပါတီစုံ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေး စနစ်တို့ကို ဖော်ဆောင်ပေးခဲ့ပြီး ငြိမ်းချမ်းစွာ အေးချမ်းစွာဖြင့် အာဏာအရပ်ရပ်ကို လွှဲပြောင်းပြီး သိမ်မွှေ့ညင်သာသော ဒီမိုကရေစီနိုင်ငံတော်ကို လမ်းကြောင်းတင်ပေးခဲ့သော ဗိုလ်ချုပ်မှုးကြီးသန်းရွှေဦးဆောင်သော တပ်မတော်အစိုးရ၊ အပြောင်းအလဲများကို ယုံယုံကြည်ကြည်ဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးပါတီများအားလုံး၊ အစရှိသော Stakeholder များအားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ထားအပ်ပါသည် ။

ယခုကဲ့သို့ မင်္ဂလာရှိသော အပြောင်းအလဲများဆက်လက်ဖြစ်ထွန်းရေးအတွက် အထက်ပါ Stakeholder များအပါအ၀င် ထိုအပြောင်းအလဲများ၏ ကန့်လန့်ကာနောက်ကွယ်မှ ကူညီဆောင်ရွက်ပေးခဲ့သော စတုတ္ထမဏ္ဍိုင်ပီသစွာရပ်တည်ခဲ့သည့် စာနယ်ဇင်းသမားများ၊ လူမှုရေးအဖွဲ့အစည်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ တာဝန်သိသော နိုင်ငံသားများအားလုံးက စည်းကမ်းပြည့်ဝသော ခေတ်မီတိုးတက်သည့် ဒီမိုကရေစီပန်းတိုင်ခရီးရောက်သည်အထိ နိုင်ငံပြုစိတ် (Statesmanship) ဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြပါစို့

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်