Subscribe to our RSS Feed

ပုံနှိပ် မီဒီယာနှင့် အွန်လိုင်း မီဒီယာ အကြောင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်


From :

Teen မဂ္ဂဇင်း၊ ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းမှ ကြီးမှူး ပြုလုပ်တဲ့ ပုံနှိပ် မီဒီယာနဲ့ အွန်လိုင်း မီဒီယာ အားပြိုင်မှု ဆွေးနွေးပွဲကို ပထမဦးဆုံး အကြိမ် အဖြစ်

ဇူလိုင်လ ၂၈ ရက်နေ့က ရွှေဂုံတိုင်ရှိ တော်ဝင် နှင်းဆီ ခန်းမမှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ ဒီလို တွေ့ဆုံ ဆွေးနွေး ရခြင်းဟာ ပြောင်းလဲလာတဲ့ မီဒီယာ ရေစီးကြောင်း ပေါ်မှာ ပုံနှိပ် မီဒီယာနဲ့ အွန်လိုင်း မီဒီယာတို့ရဲ့ အားနည်းချက်၊ အားသာချက် များကို ဆွေးနွေး တင်ပြခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အားပြိုင် ဆွေးနွေးပွဲမှာ ပုံနှိပ် မီဒီယာဘက် မှာတော့ စာရေးဆရာမ ခင်ဆုမြတ်ထွန်း၊ စာရေးဆရာမ နန်းကြာဖြူ ဘားအံနဲ့ စာရေးဆရာ ဝေမိုးနိုင် မုံရွာ တို့မှ ဆွေးနွေးသွားပြီး အွန်လိုင်း မီဒီယာဘက် မှာတော့ စာရေးဆရာမ မြသွေးနီ၊ ဘလော့ဂ်ဂါ နေဘုန်းလတ်နဲ့ စာရေးဆရာ သူရဿဝါ တို့မှ ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြားခံ ဆွေးနွေးသူ အဖြစ် စာရေးဆရာမ ခင်သန္တာနဲ့ စာရေးဆရာမ လင်းစက်နွယ်တို့မှ ဆောင်ရွက်ပေး ခဲ့တယ်လို့ သိရပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်