Subscribe to our RSS Feed

မီးလောင်မှုကို သိရှိနိုင်မည့် CCTV ကင်မရာများအား ယခုနှစ်ကုန်တွင် တပ်ဆင်နိုင်ရန် စီစဉ်

From : MRTV4

မီးသတ်ဦးစီး ဌာနရှိ Command and Control Center မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက်အရ မီးလောင်မှု တွေကို သိရှိနိုင်ဖို့အတွက် CCTV ကင်မရာ တပ်ဆင်မှုကို အခု နှစ်ကုန်ပိုင်း ဒါမှမဟုတ် လာမယ့် နှစ်ဆန်းပိုင်းမှာ တပ်ဆင်ဖို့ လျာထား ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ CCTV ကင်မရာ ကိုတော့ ရန်ကုန်မြို့ မှာရှိတဲ့ အထပ်မြင့် အဆောက်အအုံများ၊ တာဝါတိုင်များ အစရှိတဲ့ နေရာ ၄ နေရာမှာ တပ်ဆင် သွားမှာ ဖြစ်ပါတယ်။

ဒီလို CCTV ကင်မရာ တပ်ဆင်ရ တာဟာ မီးကင်း စောင့်ကြည့်တဲ့ သဘောဖြစ်ပြီး ကင်မရာက တဆင့် မီးလောင်မှု ဖြစ်ပွားရာ နေရာကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီလို အထပ်မြင့် တွေမှာ CCTV ကင်မရာ တပ်ဆင် ထားခြင်းကြောင့် အချို့ အဆောက်အဦး အတွင်းပိုင်းမှာ မီးလောင်မှု ဖြစ်ပွားပါက မီးခိုးငွေ့ ထွက်လာတဲ့ အခါ ကင်မရာကနေ တဆင့် တွေ့မြင်ရမှာ ဖြစ်ပြီး သွားရောက် မီးငြိမ်း သတ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မှာတော့ CCTV ကင်မရာ တပ်ဆင်ဖို့ အတွက် ဇူလိုင်လ ၂၆ ရက်နေ့က Samsung ကုမ္ပဏီမှ ပစ္စည်း မိတ်ဆက်မှု ပြုလုပ်ခဲ့တဲ့ အပြင် အခြား ကုမ္ပဏီ တစ်ခုကလည်း လုပ်ငန်း ဆောင်ရွက်ဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ် ထားတာ ဖြစ်ပါတယ်။ ဒီလို CCTV ကင်မရာ တပ်ဆင်မှုတွေ ပြီးရင်တော့ ရန်ကုန်တိုင်း ဒေသကြီး၊ မီးသတ် ဦးစီးဌာနရှိ Command And Control Center နဲ့ ချိတ်ဆက်ကာ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်