Subscribe to our RSS Feed

ကနေဒါ နိုင်ငံမှ နိုင်ငံတကာ ကုန်သွယ်ရေး ၀န်ကြီး စက်တင်ဘာ တွင် မြန်မာသို့လာမည်


From : ရန်ကုန်တိုင်းမ်း

မြန်မာနိုင်ငံအား အလုံးစုံ စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်ခဲ့သည့် ကနေဒါ နိုင်ငံမှ နိုင်ငံတကာ ကုန်သွယ်ရေး ၀န်ကြီး Mr.Ed Fast ဦးဆောင်သော စီးပွားရေး ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့သည့် သြဂုတ်လ အတွင်း မြန်မာနိုင်ငံ သို့လာရောက် မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်တွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရေးဆိုင် ရာ လေ့လာမှုများ အား ပြုလုပ် မည် ဖြစ်ကြောင်း သိ ရသည်။

ဝန်ကြီးက ဗန်ကူးဗားဆန်း သတင်းစာသို့ ပြောကြားခဲ့ရာ တွင်"ဒီလိုသွားရောက်ရတဲ့ ရည်ရွယ်ချက် ကတော့ မြန် မာနိုင်ငံ နဲ့ ကုန်သွယ်ဖို့နဲ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်မယ့် အခြေအနေတွေဟာ အပြောင်း အလဲတွေ ဖြစ်လာလို့ပါပဲ ၊ အခြေအနေတွေ ၊ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်မယ့်အနေအထားတွေ စီးပွားရေး ၀န်းကျင်တွေပြောင်းလဲနေတဲ့ အနေအထားက နှေးတော့ နှေးပါတယ် ဒါပေမယ့် သေချာရေရာတဲ့ သဘောရှိပါတယ် ၊ ကျွန်တော်တို့ အနေနဲ့ ဒီအပြောင်းအလဲတွေကို ဆက်ပြီးတော့ မြင်လိုပါတယ် " ဟု ဆိုသည်။

ကနေဒါနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် သံရုံးဖွင့်လှစ်မည် ဆိုသည့် သတင်းအား ယခုလအစောပိုင်းအတွင်း တရားဝင်ထုတ်ပြန်ခဲ့ပြီး ဖြစ်သည် ။ မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်ခဲ့သည့် နိုင်ငံများမှာ EU အဖွဲ့ဝင် ၂၇ နိုင်ငံ ၊ အမေရိကန် ၊ ကနေဒါနှင့် သြစတြေးလျ တို့ဖြစ်ပြီး ယင်း နိုင်ငံပေါင်း ၃၀ အနက် ကနေဒါနိုင်ငံသည် အလုံးစုံ ပိတ်ဆို့မှု ပြုလုပ်ခဲ့သည့် နိုင်ငံဖြစ်သော်လည်း မကြာမီကစတင်ကာ လက်နက်ကုန်သွယ်မှုမှ လွဲ၍ အခြားပိတ်ဆို့မှုများ အပေါ် ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်