Subscribe to our RSS Feed

၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှ ရေကြောင်း လျှပ်စစ်နှင့် အီလက်ထရောနစ် ပညာ (MESE)(ETO) ဘာသာရပ်ကို တိုးမြှင့်


From : .MRTV4

မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ်မှာ ဘွဲ့ကြို သင်တန်း အနေနဲ့ဘာသာရပ် ၇ ခုကို သင်ကြားပေး လျက်ရှိရာ ယခု ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှာတော့ အထူးပြု ဘာသာရပ် ၈ မျိုးအထိ တိုးချဲ့ ဖွင့်လှစ်ပို့ချ သင်ကြား သွားမှာဖြစ်ပြီး အဆိုပါ တိုးမြှင့် လိုက်တဲ့ ဘာသာရပ်မှာ ရေကြောင်း လျှပ်စစ်နဲ့ အီလက်ထရောနစ် ပညာ ဘာသာရပ် (MESE)(ETO) ဘာသာရပ် ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တက္ကသိုလ်မှာ တက်ရောက် လိုတဲ့ ကျောင်းသား ကျောင်းသူများ အနေနဲ့ ရေယာဉ် တည်ဆောက်မှု ပညာ ဘာသာရပ်၊ ရေကြောင်း စက်မှု အင်ဂျင်နီယာ ဘာသာရပ်၊ ရေကြောင်း အင်ဂျင်နီယာ ဘာသာရပ်၊ ဆိပ်ကမ်း အင်ဂျင်နီယာ ဘာသာရပ်၊ မြစ်ချောင်းနဲ့ ကမ်းရိုးတန်း အင်ဂျင်နီယာ ဘာသာရပ်၊ ရေကြောင်း လျှပ်စစ်နဲ့ အီလက်ထရောနစ် ပညာ (MESE) တို့ကို တက်ရောက် နိုင်ပြီး ရေကြောင်း သိပံ္ပပညာရပ် အတွက် လျှောက်ထားသူတွေ ကတော့ မျက်မှန် တပ်ဆင်ထား သူများ လျှောက်ထားလို့ မရဘူးလို့ သိရပါတယ်။

အဆိုပါ ဘာသာရပ် တွေထဲမှ ပြီးခဲ့တဲ့ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှာ Marine Mechanical ဘာသာရပ် ဖြစ်တဲ့ ရေကြောင်း စက်မှု အင်ဂျင်နီယာ ဘာသာရပ်ကို ဘွဲ့ကြို သင်တန်း အဖြစ် တိုးချဲ့ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဘာသာရပ်တွေ ထဲမှ ရေကြောင်း အင်ဂျင်နီယာ ဘာသာရပ်၊ ရေကြောင်းသိပံ္ပ ပညာ ဘာသာရပ်နဲ့ ရေကြောင်း လျှပ်စစ်နဲ့ အီလက်ထရောနစ် ပညာ ဘာသာရပ် အစရှိတဲ့ ဘာသာရပ် ၃ ခုဟာ သင်္ဘောအရာရှိ အဖြစ် လိုက်ပါ တာဝန် ထမ်းဆောင် နိုင်တဲ့ ဘာသာရပ်များ ဖြစ်တယ်လို့ သိရပါတယ်။ ဒါအပြင် ရေကြောင်း ပညာ တက္ကသိုလ်မှာ အင်ဂျင်နီယာ ဘာသာရပ် ၇ ခုအပြင် အသုံးချ သိပ္ပံဘာသာရပ် အဖြစ် ရေကြောင်း သိပ္ပံဘာသာ ကိုလည်း ပို့ချလျှက် ရှိတယ်လို့ သိရပါတယ်။


Myanmar Express

1 comments:

2013 ရဲ့ရေကြောင်း မိန်းကလးအမှတ်
သိချင်ပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်