Subscribe to our RSS Feed

ကင်တားနား မြန်မာခရီးစဉ် အတွင်း ရခိုင်ကိုလာမည်

From : narinjara

အစိုးရ၏ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားသည် သူ့ခရီးစဉ် အတွင်း ရခိုင်သို့ လာရောက်မည် ဖြစ်သည်။

တောမတ်စ် အိုဟေး ကင်တားနားသည် သူ၏ မြန်မာနိုင်ငံ ခရီးစဉ်အား ဇူလိုင်လ ၃၀ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး သြဂုတ်လ ၄ရက်နေ့ တွင် အဆုံးသတ်မည်ဟု သိရသည်။

သူ့၏ ခရီးစဉ် အတွင်း ရခိုင်ပြည်နယ် မြို့တော် စစ်တွေသို့ လာရောက်မည် ဖြစ်ပြီး တစ်ခြား ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားရာ မောင်တော ဒေသဘက်သို့ သွားရောက်မည် မသွားရောက်မည်မှာ မသေချာသေးကြောင်း ဘီဘီစီ (မြန်မာပိုင်း)နှင့် တွေ့ဆုံ မေးမြန်းခန်း တွင် သူက ပြောကြားသည်။

လတ်တလော ဖြစ်ပွားနေသော ရခိုင်နှင့် ကချင် ဒေသမှ အကြမ်းဖက်မှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ ကိစ္စရပ်များကို ယခု ခရီးစဉ် အတွင်း မြန်မာ အစိုးရနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

မစ္စတာ ကင်တားနားဟာ နေပြည်တော်နှင့် ရန်ကုန်တွင် ရှိနေသော အစိုးရ အရာရှိများ ၊ နိုင်ငံရေး သမားများ၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့နှင့် လူမှု အခြေပြုအဖွဲ့အစည်းများ အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံရန် အစီအစဉ် ရှိသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှုများကို လေ့လာစုံစမ်း ရန် စစ်တွေမြို့သို့ အစိုးရသွားခွင့်ပြုချက်ဖြင့် သွားရောက်မည် ဖြစ်ပြီး ရခိုင်ကိစ္စကို အစိုးရ အာဏာပိုင်များနှင့်လည်း ဆွေးနွေး မည် ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် ဖမ်းဆီး ထိန်းသိမ်းခံထားရသော ကုလသမဂ္ဂ ဌာနေ ဝန် ထမ်းများ ကိစ္စကိုလည်း အစိုးရ တာဝန်ရှိသူများအား မေးမြန်း စုံစမ်းသွားမည် ဟု သိရသည်။

ကချင်ပြည်နယ်သို့ သွားရောက်လည်ပတ်ရန်မှာ မသေချာသေးသော်လည်း ကချင်ကိစ္စကို ရန်ကုန်မြို့တွင် ကချင်အရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ဆွေးနွေးမည်ဟု သိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်