Subscribe to our RSS Feed

မစ္စတာကင်တားနား ရခိုင်ပြည်နယ်သွားမည်


From : 7day

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားသည် ဇူလိုင်လ ၃၁ ရက်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဟု၎င်းကသတင်းထောက်များသို့ ယနေ့ပြောကြားသည်။

ရခိုင်ပြည်နယ်ခရီးစဉ်တွင် ဘူးသီးတောင်နှင့် မောင်တောမြို့များကိုပါ သွားရောက်လေ့လာမည်ဟု မစ္စတာကင်တားနားက ပြောသည်။


မြန်မာနိုင်ငံသို့ရောက်ရှိနေသော လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကွင်တားနားက မနက်ဖြန် မနက် (ဇူလိုင်လ ၃၁ ) ရက်နေ့တွင် ရခိုင်ပြည်နယ်သို့သွားရောက်ကာ မကြာမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခ အရေးနှင့် ပတ်သက်၍ လေ့လာစုံစမ်းမည် ဖြစ်ကြောင်း ပြောကြားသည်။

အထက်ပါ ကိစ္စရပ်အား ဇူလိုင်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနရုံး၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော် အခုချိန်မှာ ဘာထုတ်ပြန်ချက် ဘာမှတ်ချက်ကိုမှ မပေးတာက မြန်မာနိုင်ငံကိုလာတဲ့ ကျွန်တော့်လုပ်ငန်းစဉ်ရဲ့ တ၀က်တစ်ပျက် အနေအထားပဲ ဖြစ်နေသေးလို့ပါ ပြီးတာနဲ့ အားလုံးကို ရခိုင်ကိစ္စနဲ့ ပတ်သက်နဲ့ အကဲဖြတ်ချက်ကို ထုတ်ဖော်ပြောကြားသွားမှာ ဖြစ်ပါတယ် " ဟု ကွင်တားနားက ယနေ့နေ့လည်တွင်ပြောကြားသည်။

မစ္စတာ ကွင်တားနားသည် ယင်း၏ လုပ်ငန်းစဉ်များကို ယမန်နေ့ ညနေပိုင်း( ဇူလိုင် ၂၉) တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့နံနက်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ သွားရောက်တွေ့ဆုံခဲ့ပြီးဖြစ်ကာ ဆက်လက်၍ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့အပါအ၀င် အခြားသော အဖွဲ့အစည်းများနှင့်တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

ယင်းအနေဖြင့် ကချင်ပြည်နယ်သို့ သွားရောက်မည် မဟုတ်ဘဲ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန်လည်း မသေချာသေးကြောင်းပြောကြားခဲ့သည်


မစ္စတာကင်တားနားသည် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၂၉ ရက် ညနေကရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၃၀ ရက်တွင် အင်းစိန်ထောင်သို့ သွားရောက်ခဲ့ကာ နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားများအပါအ၀င် အဖွဲ့အစည်း ၇ ခုနှင့် တွေ့ဆုံရန်ရှိသည်ဟု သတင်းရရှိသည်။

မြန်မာအစိုးရက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ဇူလိုင် ၃၀ တွင် နိုင်ငံတကာမှ သံတမန်များ၊ INGO များ၊ ဘာသာရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ သတင်းထောက်များကို ခေါ်ယူ၍ တရားဝင်သတင်းထုတ်ပြန်သည်။ ဇူလိုင် ၃၁ ရက်တွင် နိုင်ငံတကာမှ သံတမန်များကို ရခိုင်ပြည်နယ်သို့ လိုက်လံပို့ဆောင်၍ လက်ရှိအခြေအနေများ လေ့လာစေမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

Myanmar Express

1 comments:

မစတာ ကင်တားနား အနေဖြင် ရခိုင်ပြည်နယ် အတွင်းရှိ အခြေအနေမှန်များအား လေ့လာ သုံးသပ်ပြီး ပကတိ အခြေအနေများအား မှန်ကန်စွာ သတင်း ထုတ်ပြ န်ပေးသွားရန် တောင်းဆိုချင် သကဲ့သို့ အဖြစ်မှန်များအား မသိပဲ မြန်မာနိုင်ငံ အပေါ် နည်းမျိုးစုံဖြင့် ရိုင်းပျ စော်ကားမှု့များ အပေါ် ပြန်လည် တောင်းပန်သွားရန် သက်ဆိုင်ရာနိုင်ငံများ အဖွဲ့အစည်းမျိုးစုံ တို့အား တောင်းဆိုလိုပါသည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်