Subscribe to our RSS Feed

"The Burmese Freedom and Democracy Act 2003 နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း မေတ္တာရပ်ခံ"


From : ပြည်သူ့လွှတ်တော်

၂၀၁၂ ခုနှစ်ခု ဇူလိုင်လ ၁၃ ရက်နေ့၊ ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး အဌမရက်မြောက်နေ့တွင် ကွန်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုမှ စီးပွားရေး ပိတ်ဆို့မှုများနှင့် ပတ်သက်၍ အရေးကြီးအဆိုကို တင်သွင်းခဲ့ရာ ပြည်သူ့လွှတ်တော်ဥက္ကဌမှ လွှတ်တော်တွင် ဆွေးနွေးရန် ခွင့်ပြုခဲ့ပါသည်။

ယင်းအဆိုနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ တညီတညွှတ်တည်း ထောက်ခံ အတည်ပြုခဲ့ပါသည်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းမှ ပြည်သူ့လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် မြန်မာနိုင်ငံအပေါ်ထား ရှိသော ပိတ်ဆို့မှုမှန်သမျှအား ရုပ်သိမ်းပေးရန်အတွက် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး၊ ဟီလာရီကလင်တန်၊ ဆီးနိတ်အမတ်များဖြစ်ကြသော Mitch McConnell ၊ John McCain၊ Joe Liberman ၊ Jim Webb ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell တို့ထံသို့ လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့်အတူ မေတ္တာရပ်ခံစာအား ပေးပို့ခဲ့ကြောင်း သိရသည်။


Myanmar Express

1 comments:

We support Thu-Ya U Shwe Mann and Phyi Thu Hluttaw. Please make a Voting Center every each township and let all Myanmar Citizens to vote "Lift 100% Sanction on Myanmar immediately" and all Myanmar people march to USA Embassy, protest to express strongly oppose the Sanction on Myanmar and demand: "Lift 100% Sanction on Myanmar", let the Americans to know all Myanmar people agree with Thu-Ya U Shwe Mann and Phyi Thu Hluttaw and make demonstration of public strongly oppose the "Extension of the Law(BFD Act 2003)" of Sanction on Myanmar, need to demonstrate and shout: "Lift the Sanction immediately, lift the Sanction Immediately"...........

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်