Subscribe to our RSS Feed

ကုန်ပစ္စည်းများအား အမေရိကန်သို့တင်သွင်းမှုကို ပိတ်ပင်ထားသည့် ဥပဒေအား သက်တမ်းတိုးလိုက်ပါက မြန်မာနိုင်ငံအပေါ် ထိခိုက်မှုရှိနိုင်ကြောင်း International Crisis


From : Eleven

မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများအား အမေရိကန်နိုင်ငံသို့တင်သွင်းမှုကို ပိတ်ပင်ထားသည့် ဥပဒေအား သက်တမ်းတိုးလိုက်ပါက မြန်မာနိုင်ငံအပေါ် ထိခိုက်မှု ရှိနိုင်ကြောင်း သုတေသနအဖွဲ့အစည်းကြီးဖြစ်သည့် International Crisis Group က ပြောကြားခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ပိတ်ပင်ထားမှုကို သက်တမ်းတိုးလိုက်ခြင်းသည် အလုပ်အကိုင် ဖန်တီးပေးသည့် ကုန်ထုတ်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုးမှုကို ဟန့်တားနှောင့်ယှက်ရာရောက်သည့်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ကောင်းမွန်လာရေးအပေါ်သက်ရောက်မှု အကြီးအကျယ်ရှိနိုင်ကြောင်း၊ အမေရိကန်၏မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများအား အမေရိကန်နိုင်ငံသို့ တင်သွင်းမှုကို ပိတ်ပင်ထားသည့် ဥပဒေအား ဆက်လက်ထားရှိခြင်းသည် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အပေါ် မည်ကဲ့သို့ကောင်းကျိုးရှိမည်ကို နားလည်ရန် ခက်ခဲကြောင်း International Crisis Group က ပြောကြားခဲ့သည်ဟု bloomberg သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်ရေးအတွက် ဖိအားပေးရန် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ အမေရိကန်နိုင်ငံသို့ တင်ပို့မှုပိတ်ပင်ထားမှုကို နောက်ထပ်သုံးနှစ် သက်တမ်းတိုးရန် အမေရိကန်အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီက ဇူလိုင်လ ၁၈ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများအား အမေရိကန်နိုင်ငံသို့ တင်သွင်းမှုကို ပိတ်ပင်ထားသည့် သည် ဇူလိုင်လ ၂၆ ရက်နေ့တွင် သက်တမ်းကုန်ဆုံးပြီဖြစ်သည်။

အဆိုပါဥပဒေအား အမေရိကန် ကွန်ဂရက်တွင် နှစ်စဉ်သက်တမ်းတိုးရသည်။

ပြီးခဲ့သည့်နှစ်များအတွင်းက အဆိုပါဥပဒေအား သက်တမ်းတိုးမှုမှာ လုပ်ရိုးလုပ်စဉ်အဖြစ် ဆောင်ရွက်နိုင်ခဲ့သော်လည်း ယခုနှစ်တွင်မူ ထူးခြားလျက်ရှိနေသည်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် ၁၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စတင်နိုင်ရန် အမေရိကန်ကုမ္ပဏီများအား ခွင့်ပြုကြောင်း ဇူလိုင်လ ၁၁ ရက်နေ့က ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြမည့် အမေရိကန်ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏လုပ်ဆောင်မှုများကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ အစီရင်ခံ တင်ပြရမည်ဖြစ်ပြီး အမေရိကန်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမှ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပါက နိုင်ငံခြားရေးဌာနသို့ ရက်ပေါင်း ခြောက်ဆယ်အတွင်း အကြောင်းကြားရမည်ဖြစ်ကြောင်းနှင့် အမေရိကန်ဒေါ်လာ ငါးသိန်းနှင့်အထက် ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီများသည် စည်းကမ်းချက်များနှင့်အညီ နှစ်စဉ်အစီရင်ခံအကြောင်းကြားရမည် ဖြစ်ကြောင်း အဆိုပါကြေညာချက်အရ သိရသည်။

ယခု အမေရိကန်မှ စီးပွားရေးပိတ်ဆို့ ဖြေလျှော့မှုများသည် အမေရိကန်ကုမ္ပဏီလုပ်ငန်းရှင်များအတွက်သာဖြစ်ပြီး မြန်မာနိုင်ငံသားများ၊ ပို့ကုန်နှင့်ငွေကြေးလဲလှယ်မှုများအတွက် မပါရှိသေးပါ၍ တစ်လမ်းသွား၊ တစ်ဖက်သတ်ဆန်နေပါကြောင်း၊ ၎င်းကိစ္စအား ပြန်လည် သုံးသပ်၍ မြန်မာပြည်သူများ အကျိုး၊ မြန်မာတိုင်းရင်းသားများ၏အကျိုးကိုသာ စဉ်းစားဆောင်ရွက်ပေးရန် လိုပါကြောင်း ဇူလိုင်လ ၁၆ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင်ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမားလက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ကာ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသွားမည့်လမ်းစဉ်ကို ကျင့်သုံးခဲ့သည်။

Myanmar Express

3 comments:

What they want from myanmar. To become slave or neo-colone.Or to balance China?real friend ship or not?All stupid politician should know.

အဖွားကြီး ၂ ယောက်မှာ ၁ ယောက်က တည်ကြည်တဲ့ မျက်နှာပိုင်၇ှင်... ကျန်တယောက်က ကလေးကလားနဲ့ ရောက်နေတဲ့ ပတ်ဝန်းကျင်ကို လိုက်ပီး အရောင်ပြောင်းမဲ့ ၇ုပ်မျိုးနဲ့... hit hop စတိုင်တွေ ဘာတွေနဲ့...
တည်တည် ကြည်ကြည် မနေတတ်ဘူးလား ..

လွှတ်ပေးလိုက်လို့ကတော့
တကယ့်ဟစ်ဟောပ်ပဲဟေ့
အသက်ကြီးဖင်ဆောင်နေပြီ
တော်တော်ကမြင်းကြောထမယ့်ရုပ်ကြီး
ဒါကြောင့်လည်း အကိုအရင်းနဲ့မတည့် သားနဲ့မတည့်
ကုလားတွေနဲ့ကျတော့ တည့်သဟ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်