Subscribe to our RSS Feed

ကျိုင်းတုံ ရေကြီးမှု စစ်တပ် ကပဲ ကူညီရပြန်

From : မြဝတီ


ကျိုင်းတုံ တွင် မိုးသည်းထန်စွာရွာသွန်းပြီး နမ့်မလတ်ချောင်းရေလျှံမှုကြောင့် အထက(၅)ကျောင်းတွင် ၂ ပေ ၆ လက်မ၊ အထက(၅)နှင့် မြို့တော်ခန်းမကြားတွင် ၂ ပေ ၆ လက်မ၊ မြို့တော်ခန်းမနှင့် ခွာညိုလမ်းကြားတွင် ၆ လက်မ၊ အမှတ်(၃)ရပ်ကွက် မြို့ပတ်လမ်းတွင် ၄ ပေ ၆ လက်မ နှင့် လူနေအိမ်များတွင် ၁ ပေ ခန့်၊ လွယ်မွေ လမ်းပေါ်ရှိ ဘက်စုံမွေးမြူရေးခြံပေါ်တွင် အလျား ၅၀၀ပေ နှင့် အနက် ၂ ပေ ခန့်၊ ကန်နားလုံနှင့်နောင်ဖာ ကြားတွင် ၂ ပေ ၃ လက်မ ခန့် ရေနစ်မြုပ်လျက်ရှိပြီး ကျိုင်းတုံတပ်နယ်မှူး ဗိုလ်မှူးကြီး စိုးနိုင်ဦး ဦးစီး အင်အား ၂၀၀ ဦးခန့်နှင့် ဌာနဆိုင်ရာအဖွဲ့များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။








Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်