Subscribe to our RSS Feed

UN နှင့် NGO အဖွဲ့အစည်းများ ၏အကူအညီများကိုဆန့်ကျင်သည့်တီ ရှပ် camping (လှုပ်ရှားမှုများ)ကို စစ်တွေနှင့် မောင်တော မြို့နယ်များ တွင် ပြုလုပ်ခဲ့


From : ရန်ကုန်တိုင်း


UN နှင့် NGO အဖွဲ့အစည်းများ ၏အကူအညီများကိုဆန့်ကျင်သည့်တီ ရှပ် camping (လှုပ်ရှားမှုများ)ကို ရခိုင်ပြည်သူ တချို့က စစ်တွေနှင့်မောင်တောမြို့နယ်မျာ
း တွင်မကြာသေးမီ ရက်ပိုင်းအတွင်း ကပြုလုပ်ခဲ့ကြောင်း စစ်တွေရှိဒေသ ခံတစ်ဦး ကပြော သည်။

''ဇူလိုင်၁၉ရက်ကစစ်တွေမှာလုပ်တယ်။ လူအင်အား ၅၀ဝလောက်ရှိတယ်။ အဲဒီမတိုင်ခင်လည်း မောင်တောကအ လို တော်ပြည့် ကျောင်းမှာ လုပ်ဖြစ်တယ်။ GTC ကျောင်းသား ကျောင်းသူ တွေလည်ပါတယ်။

ရခိုင်ပြည်သူတွေ လက်ရှိကြုံတွေ့နေ ရတဲ့ အခက်အခဲတွေကိုကိုယ့်တိုင်းရင်း သား လူမျိုး တွေနဲ့ အခြား စေတနာ ရှင် တွေရဲ့ အကူအညီပဲ လက်ခံမယ်။ လူမျိုးခြားတွေအတွက်ပဲအဓိကအကူ အညီအထောက် အပံပေးနေတဲ့ UN, NGO, INGO တွေရဲ့ အကူအညီ တွေ လုံးဝမပါပဲနဲ့ရခိုင် ပဋိပက္ခ မှာအတိဒုက္ခ ရောက်ခဲ့ကြတဲ့ ရခိုင်တိုင်း ရင်းသား တွေ ရဲ့ဘဝကို တိုင်းရင်းသား လူမျိုးအား လုံးရဲ့ အထောက်အပံ တွေအားပေးမှုတွေနဲ့ပြန် လည်ရပ် တည် သွား မယ်။'' ဟု ရခိုင် တိုင်း ရင်းသားတစ်ဦးကပြောသည်။
ရခိုင်ပြည်နယ်ရှိဒုက္ခသည်စခန်းအများစု မှာယခုအခါ UN, NGO, INGO များ ၏အကူအညီကို လက်မခံကြကြောင်း၊ ဒုက္ခသည် စခန်းများတွင်လည်း UN, NGO, INGO အကူအညီကိုလက်မခံဆိုသည့်စာတမ်း များဖော်ပြထား ကြောင်း သိရ သည်။

''လာလှူ ကြတာတွေရှိတယ်။လက်မခံဘူး လို့အပြတ်ပြောလွှတ်တာ။ သူတို့တွေက တိုင်းရင်းသား လူမျိုးကြတော့ မဖြစ် စလောက် အကူအညီကို ပေးပြီး လူမျိုးခြား ကျတော့ အထောက်အပံ အများကြီး ပေးတယ် ဆိုတာရခိုင်တစ်မျိုး သားလုံး သိတယ်။''ဟု စစ်တွေရှိရွှေစေ တီကျောင်းမှ ရဟန်းတော်တစ်ပါး က မိန့်ကြားသည်။
စစ်တွေ၊မောင်တော၊ တို့တွင်ရှိသောဒုက္ခသည်စခန်းများတွင် တိုင်းရင်းသားဒုက္ခ သည်အများအပြား ရှိပြီး အချို့မှာ နေအိမ်ရှိ နေကြသေး သော် လည်း အကြမ်းဖက်သူများ ၏အန္တရယ် ကိုကြောက် ရွှံကြသဖြင့် မပြန်နိုင်ကြ သေးသည့် ဒုက္ခ သည်များ လည်းရှိ သေး ကြောင်း သိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်