Subscribe to our RSS Feed

ဒီမိုမိတ်ဆွေဆယ်ပါတီနှင့်တွေ့ဆုံမှု သည် သမိုင်းဝင်တွေ့ ဆုံမှုဖြစ်ဟု ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ပြောကြား



From : ဝေမာသိမ့် (ရန်ကုန်တိုင်း)

ဥက္ကဌ သူရဦးရွှေမန်းနှင့်ဒီမိုကရေစီ မိတ်ဆွေ ဆယ်ပါတီခေါင်းဆောင် များနှင့် တွေ့ဆုံမှု သည် သမိုင်းဝင်တွေဆုံမှုဖြစ် သည်ဟုပြည်သူ့ လွှတ်တော် ဥက္ကဌသူ ရဦးရွှေမန်းက ပြောကြား ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအင်အား စုပါတီ ဥက္ကဌဦးခင်မောင်ဆွေ ၏ပြန်လည် ပြောကြားချက် အရ သိရသည်။ အဆိုပါတွေ့ဆုံမှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး လွှတ်တော် ရှိဇဗ္ဗူသီရိ အစည်း အဝေး ခန်းမ တွင် ပြည်သူ့လွှတ်တော်ဥက္ကဌနှင့်ဒီမိုက ရေစီမိတ်ဆွေ(၁၀)ပါတ၊ီပြည်သူ့လွှတ် တော်ရှိရေးရာ ကော်မတီ အသီးသီး မှတာဝန်ရှိသူ များနှင့် ဇူလိုင်(၂၇)ရက် နေ့နေ့လည် (၂)နာရီမှ ညနေ(၅)နာရီ အထိ တွင်တွေ့ ဆုံသွားခဲ့ခြင်းဖြစ် သည်။
''ဒီလိုတွေ့ ဆုံမှုဟာ နိုင်ငံတော်တိုးတက်ပြောင်းလဲရေး အတွက် ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း ဆွေး နွေးကြ ဖို့ဖြစ် ပါတယ်။ဒါဟာ သမိုင်း ဝင်တွေ့ဆုံမှုလည်းဖြစ်ပါတယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦး ရွှေမန်းက ပြောခဲ့ပါတယ်''ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါ တီဥက္ကဌ ဦးခင်မောင်ဆွေ ကဆို သည်။

ဒီမိုကရက်တစ်(မြန်မာ) ပါတီဥက္ကဌဦးသုဝေက''ကျွန်တော် တို့ဆယ်ပါတီနဲ့ရင်းရင်းနှီးနှီးတွေ့ဆုံ ခဲ့တယ်။ သူ့လွှတ်တော် အတွင်းမှာ လုပ်ကိုင်ဆောင်ရွက်နေတာတွေရှင်း ပြတယ်။လွှတ်တော်မှာ ပုဂ္ဂိုလ်စွဲ၊ပါ တီစွဲမရှိဘဲ တိုင်းပြည်ကိုသာကြည့် ပြီးလုပ်ဆောင်နေတယ်ဆိုတာပြော တယ်။နိုင်ငံရေးမှာ ပူးပေါင်း ဆောင်ရွက်ကြဖို့ ပြောတယ်။ကျွန်တော်က ကျွန်တော်တို့တိုင်းပြည်ဟာနောက် ကျကျန်ခဲ့ပြီဖြစ်တဲ့ အတွက် အားလုံး နဲ့ပူးပေါင်းဆောင်ရွက်တာ ဖြစ်တယ်လို့ ပြောခဲ့တယ်။ဒီလိုပဲ ကျန်တဲ့ဆယ်ပါတီ ခေါင်းဆောင် တွေလည်း ဆွေး နွေးခဲ့ကြတယ်။''ဟုဆိုသည်။

အဆိုပါ တွေ့ဆုံဆွေးနွေး ပွဲတွင် လွှတ်တော် အတွင်းဥပဒေပြု ရေးကိစ္စရပ်များ ကိုဆွေးနွေး လျှက် ရရာတွင် မြန်ဆန်မှု ရှိစေရန် ဝန်ကြီး ဌာနများ၊လွှတ်တော်ကိုယ်စားလှယ် များ၊ နိုင်ငံရေး ပါတီများ၊ ဥပဒေပြုရေး အဖွဲ့များမှတာဝန်ရှိသူများနှင့်ပူးပေါင်း ပြီး ပြည်သူလူထုနှင့်နီးစပ်သည့်ဥပ ဒေများ ပြင်ဆင်၊ ပြဌာန်းရေး ဆွဲနိုင်ရန် လွှတ်တော်မှ ဘတ်ဂျက်ပိုမိုကျခံ၍ရုံး ခန်များ၊ဝန်ထမ်းများ ခန့်အပ် ဆောင် ရွက်ရန်လိုအပ်ကြောင်း၊ရွေးကောက် ပွဲများတွင် အချိုးကျကိုယ်တာစနစ် နှင့်ပက်သက်၍ ရှင်းလင်းဆွေးနွေး ခြင်း၊နိုင်ငံရေး ဖြစ်စဉ် အတွင်း အတိုက်အခံရှိခြင်းဖြင့် တိုင်းပြည် အ မြင်ပိုမိုကျယ်ပြန့်စေ ကြောင်း၊ပြည်သူ့ အတွက်ဆိုလျှင် အမြဲရပ်တည်သွား မည်ဖြစ်ပြီး ပြည်သူ့အကျိုး စီးပွားကို ထိခိုက်သည့် မည်သည့်ပါတီနှင့်မ ဆို အတိုက်အခံအဖြစ်ရပ်တည်သွား မည်ဖြစ်ကြောင်း စသည် တို့ကို အမျိုး သားဒီမိုကရေစီအင်အားစု ပါတီက ဆွေးနွေးခဲ့ကြောင်း၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီမှအစိုး ရမှအုပ်ချုပ် ရေးအဖွဲ့များနှ င့်လွှတ်တော် တို့ ရင် ပေါင်တန်းလုပ်ဆောင်မှသာ ပိုမိုမြန် ဆန်ခိုင်မာ သည့် ဒီမိုကရေစီစနစ်ကို သွားနိုင်မည်ဖြစ်ကြောင်း၊ချင်းအမျိုး သား ပါတီမှ ပြည်နယ်ဝန်ကြီး ချုပ်နှင့် လွှတ်တော်ဥက္ကဌများသည် တစ်ပါ တီမှကိုယ်စားလှယ်များဖြစ်နေသည့် အတွက် လွှတ်တော် အသွင်သဏ္ဍာန် အားဖြင့် ပီပြင်မှုမရှိသည့်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီး ချုပ်များ ခန့်အပ်ရွေး ချယ်ရာတွင်လွှတ် တော်ကသာ ရွေးချယ်သင့်ကြောင်း၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး ပါတီမှ ဦးအောင်သန်းက ယခုလွှတ်တော်တွင် ဆွေးနွေးနေသည့် တိုင်းရင်းသား လူမျိုးများ ၏အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေကဲ့သို့ပင် ၁၉၇၅ခုနှစ်က ပြဌာန်းခဲ့သည့် ပြည်သူလူထု အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့်ဥပဒေရှိခဲ့ပါ ကြောင်း၊ထိုဥပဒေအား လုပ်ကိုင် ဆောင်ရွက်နိုင်ရန် နည်း ဥပဒေမှာ နှစ်သုံးဆယ်ကျော်ရှိပြီဖြစ်သော် လည်း နည်းဥပဒေပြဌာန်းနိုင်ခြင်း မရှိသေး ပါကြောင်း၊ ထို့ကြောင့် လွှတ် တော်အနေဖြင့် နည်းဥပဒေဆက် လက်ထွက်ပေါ်လာရန် လုပ်ဆောင် ရန်လို အပ်ပါ ကြောင်း နှင့်ထိုနည်းဥပ ဒေပေါ်ထွက်လာပါက ပြည်သူ့အ ကျိုးစီးပွားများ ကာကွယ် နိုင်မည်ဖြစ် ကြောင်း ဆွေးနွေးခဲ့ကြကြောင်းသိ ရသည်။

ထိုသို့ပင် ကျန်ပါတီများ မှလည်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ထိုနေ့က နံနက်(၁၀)နာရီတွင် ပြည်ထောင်စု ရွေး ကောင်ပွဲကော် မရှင်ဥက္ကဌအပါအဝင် အဖွဲ့ဝင်များ နှင့် ဒီမိုကရေစီမိတ်ဆွေ ဆယ်ပါတီ က တင်သွင်း သည့် ''ရွေး ကောက် ပွဲ စနစ်ပြုပြင်ပြောင်းလဲရေး သဘော ထားအကြံပြုချက်''စာတမ်း နှင့်ပက် သက်၍ဆွေးနွေးခဲ့ကြောင်း သိရ သည်။
ထိုတွေ့ဆုံ ဆွေးနွေးပွဲသို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီ၊ ဒီမိုကရေ စီနှင့် ငြိမ်းချမ်းရေး ပါတီ၊ရှမ်းတိုင်းရင်း သားများဒီမိုကရက်တစ်ပါတီ၊ရခိုင် တိုင်းရင်းသားများ တိုး တက်ရေး ပါတီ၊ ချင်းအမျိုးသားပါတီ၊ပြည်ထောင်စုဒီ မိုကရေစီပါတီ၊ဖလုံ-စဝေါ်ဒီမိုကရက် တစ်ပါတီ၊ အမျိုး သား ဒီမိုကရေစီအင် အားစုပါတီနှင့်ညီညွှတ်ရေးနှင့်ငြိမ်း ချမ်းရေးပါတီတို့မှ ပါတီခေါင်း ဆောင် များ နှင့်တွေ့ဆုံခဲ့ကြသည်။

ထိုသို့ပင်နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့်ဒီမိုကရေစီမိတ် ဆွေဆယ်ပါတီတို့ သည်နိုင်ငံတော် ပြုပြင် ပြောင်း လဲရေး တွင်အတူတကွ ပူးပေါင်းဆောင် ရွက် သွားနိုင်ရန် အလို့ငှာ ဇူလိုင်(၁၈) ရက်နေ့ တွင်တွေ့ ဆုံခဲ့ကြ ကြောင်း သိရ သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်