Subscribe to our RSS Feed

မြန်မာ့သွင်းကုန်များ အမေရိကန် ပိတ်ဆို့မှု စက်တင်ဘာလတွင် သက်တမ်းကုန်ဖွယ်ရှိဟုဆို


From : .7day


မြန်မာနိုင်ငံမှ သွင်းကုန်တင်ပို့မှုပိတ်ပင်ထားခြင်း အနည်းဆုံးအနေဖြင့် လာမည့် စက်တင်ဘာလကုန်တွင် သက်တမ်းကုန်ဆုံးဖွယ်ရှိနေကြောင်း အဘယ့်ကြောင့်ဆိုသော် အမေရိကန် ဥပဒေပြုအမတ်များသည် အာဖရိကကုန်သွယ်ရေးအတွက် ရန်ပုံငွေပေးခြင်းနှင့် ပတ်သက်၍ အငြင်းပွားမှုတစ်ခု ရှိနေခြင်းကြောင့်ဖြစ်ကြောင်း ရိုက်တာသတင်းက သတင်းဖော်ပြသည်။

အဆိုပါအာဖရိကနှင့် မြန်မာကိစ္စနှစ်ခုမှာ ဥပဒေကြမ်းတစ်ခုတည်း၌ အတူပါဝင်နေပြီး၊ ယင်းဥပဒေကြမ်းကိုလည်း သမ္မတအိုဘားမားအစိုးရက ထောက်ခံမှုပေးထားကာ အမတ်များကလည်း ဥပဒေပြဋ္ဌာန်းနိုင်ရန် မျှော်လင့်နေသည်။ အိမ်ဖြူတော်သည် မကြာသေးမီကပင် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တုံ့ပြန်သောအားဖြင့် ပိတ်ဆို့မှုအချို့ ဖြေလျှော့ပေးခဲ့သော်လည်း မြန်မာမှ ပို့ကုန်တင်သွင်းမှုများ ပိတ်ထားခြင်းကို ရုပ်သိမ်းရခြင်းမရှိသေးပေ။

အထက်လွှတ်တော် ရီပက်ဘလေကန်ခေါင်းဆောင် မစ္စတာမက်ကော်နယ်က မြန်မာ့သွင်းကုန်များ ပိတ်ပင်မှုကို သက်တမ်းတိုးနိုင်သည့် ဥပဒေကြမ်းနှစ်ခုအား ခွဲခြားအဆိုပြုထားခဲ့ပြီး ဒီမိုကရက်ပါတီမှ အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌ မက်စ်ဘောက်ကပ်စ်ကမူ ယင်းသို့လုပ်ခြင်းသည် အာဖရိကကုန်သွယ်ရေး ဥပဒေကြမ်းအတည်ပြုရေးအတွက် အန္တရာယ်ဖြစ်စေကြောင်း ကန့်ကွက်ထားသည်။

၎င်းက အာဖရိကကုန်သွယ်ရေးဥပဒေသည် အာဖရိကတိုက်တွင် အထည်အလိပ်စက်မှုကဏ္ဍဆိုင်ရာ အလုပ်အကိုင်များအတွက် မရှိမဖြစ် အရေးပါကြောင်းဆိုသည်။

၎င်းက မက်ကော်နယ်၏ အဆိုဖြစ်သော ဒီမိုကရက်အမတ်များသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်များ ချမှတ်ရေးကိစ္စကို ကန်လွှတ်တော်အတွင်း ပါတီအချင်းချင်း အငြင်းပွားမှုကိစ္စအဖြစ် လုပ်ဆောင်နေသည်ဟူသော စွပ်စွဲချက်ကိုလည်း ငြင်းပယ်ခဲ့သည်။

အာဖရိကကုန်သွယ်ရေးအတွက် ရန်ပုံငွေပေးခြင်းဆိုသည်မှာ ၂၀၀၀ ပြည့်နှစ်က ကွန်ဂရက်တွင် ပြဋ္ဌာန်းပေးခဲ့သော အာဖရိကတိုးတက်ရေးနှင့် အခွင့်အလမ်းအက်ဥပဒေဖြစ်ကာ ယင်းဥပဒေအရ အာဖရိကရှိ ဆာဟာရဒေသ နိုင်ငံများသည် အမေရိကန်သို့ သွင်းကုန် အခွန်ပေးဆောင်စရာမလိုဘဲ ကုန်ပစ္စည်းများ တင်ပို့ခွင့်ပြုသောဥပဒေဖြစ်သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်