Subscribe to our RSS Feed

ပွင့်ဖြူ (သမန်းရင်ရွာ) လူသတ်မှု သစ်ထူးလွင် ဘာလဲ ဘယ်လဲ


From : john teera

သတင်းထူး သတင်းဦးလေးတွေ ဖတ်ရလို့ သစ်ထူးလွင်ကို အားပေးခဲ့တာကြာပြီ၊ အချို့ သတင်းတွေဆိုရင် တော်တော်မြန်တယ်၊ ဒါပေမယ့် တဖြေးဖြေးသံသယဖြစ်လာမိတာက သူဖော်ပြထားတာတွေက အာဃာတ တရား ကြီးထွားရေး၊ အမုန်းပွားရေး တွေကို ဇောင်းပေး ရေးသားတာကိုပဲဗျ၊ အမြဲ ဆူဆူပူပူ ဖြစ်စေချင် နေတော့တာပဲလား မသိပါဘူး၊ အဲဒီလို သံသယ ရှိပေမယ့်လဲ ဆက်ပြီးတော့ အားပေးနေစဲပါ၊ အပြောင်း အလဲကို လိုချင်တယ်၊ အစိုးရ မဟုတ်တာလုပ်ရင် အရေးယူစေချင်တယ်၊ တိုင်းရင်းသားတွေ သင့်မြတ် စေချင်တယ်၊ ဘယ်ပါတီတွေ ဘာတွေမှ အစွဲ မထားဘူး အားလုံးကောင်းအောင် လုပ်ရင်ကြိုက်တယ်၊ သင့်သင့် မြတ်မြတ်နဲ့ နိုင်ငံကောင်းအောင် လုပ်ကြ စေချင်တယ် ဒီနေ့ သစ်ထူးလွင် ၀င်ကြည့်ဖြစ်တယ် အတော်လေးကို စိတ်ဆင်းရဲသွားတယ်၊ ကြံ့ဖွံ့ တွေက NLD အဖွဲ့ ၀င်တစ်ဦးကို ၀ိုင်းပြီးသတ်ဖြတ်လိုက်တယ်တဲ့၊ ဘာကြောင့် ဖြစ်နေကြတာလဲ၊ ကြံ့ဖွံ့ (၈)ယောက်က NLD တစ်ဦးကို ဓါးမျိုးစုံဖြင့် ၀ိုင်းခုတ်ကြလို့ နေရာမှာတင် သေးဆုံးသွားတယ်တဲ့၊ နောက်ထပ် သတင်း တစ်ပုဒ် မှာတော့ လှည်းနဲ့ဆေးရုံကို လိုက်ပို့ရင်းနဲ့ လမ်းမှာသေဆုံးတယ်တဲ့ ၊ ဒီနှစ်ခုကိုဖတ်ပြီးတော့ စိတ်ထဲမှာ မရှင်းမရှင်းပဲ၊ ဒီလောက်တောင်ပဲလားပေါ့ ။ ကြံ့ဖွံတွေ အတော်မိုက်ရိုင်းတာပဲလို့ တွေးမိတယ်၊ ထားပါတော့လေ ဆိုပြီးတော့ပဲ စဉ်းစားတာ ရပ်လိုက်တော့တယ်။
ကံအားလျော်စွာပဲ ပွင့်ဖြူဘက်ကမိတ်ဆွေက ဖုန်းဆက်လာတော့ စကားမစပ်မေးမိတယ်၊ ခင်ဗျား အဲဒါ သိလား တော်တော် ဥပဒေမဲ့ဆန်တာပဲဗျာလို့ပြောတော့၊ အဲဒီလိုတော့ မဟုတ်ဘူးဗျဆိုပြီး အဖြစ်မှန် ပြောပြတယ်။
ပွင့်ဖြူ၊ သမန်းရင်းရွာ လူသတ်မှု ဖြစ်ရပ်မှန်
ဇူလိုင်(၂၅)ရက်နေ့ မနက်(၁၀း၃၀)လောက်မှာ ဖြစ်ခဲ့တာဗျ၊ ရွာမြောက်ဘက်က ဦးလက္ခဏ ကျောင်းတိုက် ဆောက်လုပ်နေတဲ့နေရာကနေ ဦးရဲဝင်းနဲ့ ဦးကြည်မောင် ပြန်လာကြတာ၊ လမ်းမှာ ကိုဝင်းမော်ရယ် သမုန်းကုန်းက ကိုထွန်းထွန်းရယ် နှစ်ယောက်နဲ့ဆုံကြတယ်တဲ့ဗျ။ သေသူ ဦးရဲဝင်းကလည်း ဒီရွာက ဥက္ကဌဟောင်းလေ၊ သူဥက္ကဌ လုပ်တုန်းက ကိုဝင်းမော်က ရာအိမ်မှူး၊ ပြီးတော့ ကိုဝင်းမော်က ဥက္ကဌ ဖြစ်လာတယ်၊ သူတို့က အပြန်အလှန် တိုင်လိုက် တောလိုက်နဲ့ သံသရာလည်နေတာကြာပြီဗျ၊ အခုလည်း မီးလင်းရေးလုပ်နေတာနဲ့ပတ်သက်ပြီးတော့ ပြဿနာတတ်နေကြမယ်ကြားတယ်၊ အခုကြတော့ ကိုဝင်းမော်ကကြံ့ဖွံ့ရောက်သွားပြီ အုပ်ချုပ်ရေးမှူးမဟုတ်တော့ဘူး ပါလာတဲ့ ကိုထွန်းထွန်းကလည်း ကြံ့ဖွံ့ပဲ၊ ပြီးတော့ ဦးရဲဝင်းကလည်း ကြံ့ဖွံ့ပါတီဝင်ခွင့်တင်ထားတယ်တဲ့၊ ၂၀၁၀ တုန်းကတော့ ကြံ့ဖွံ့ရဲ့အမာခံ သမန်းရင်းအုပ်စု အောင်နိုင်ရေးအဖွဲ့ဝင်ပဲဗျ၊ သူတို့ အားလုံးက စီးပွားရေးက စိုက်ပျိုးရေး အဓိကပဲ၊ ဘာတွေလဲသိပါဘူးဗျာ ရှုပ်နေတာပဲ၊ ဒါပေမယ့် ခင်ဗျားပြောသလို ကြံ့ဖွံ့တွေက NLD တစ်ဦးကို ၀ိုင်းပြီတော့ သတ်ဖြတ်တာတော့ မဟုတ်ပါဘူးဗျ၊ ဖြစ်တဲ့နေရာမှာ ကြံ့ဖွံ့က နှစ်ယောက်ရှိတယ်၊ ပြီးတော့ ဦးရဲဝင်းနဲ့ အတူပါလာတဲ့ ဦးကြည်မောင်ကလည်း မသေပဲကျန်ခဲ့တာပဲလေ။ သူကပြောတာတော့ ၀င်းမော်က ၀င်ခုတ်တာ ခေါင်းရယ်၊ ဇက်ပိုးရယ်၊ လက်တစ်ဖက်ရယ် တော်တော်ဆိုးဆိုးရွားရွားကို ထိသွားတယ်၊ ထွန်းထွန်းကတော့ (၁၅)ကိုက်လောက် အကွာကနေ ကြောင်ပြီးတော့ ကြည့်နေတယ် ၀င်ပြီးခုတ်တာမရှိဘူးလို့ ပြန်ပြောပြတယ်။ ပြီးတော့ ထွက်ပြေးသွားကြတယ်။ အဲဒီအနီးနားက လယ်ကွင်းတွေထဲကလူတွေလဲမြင်တယ်၊ သူတို့ကပဲ ဆေးရုံကို လှည်းနဲ့ လိုက်ပို့တာ သရက်ကုန်းရွာ အရှေ့ဘက်နားရောက်တော့ သေသွားတယ်။ ကျန်တဲ့သူတွေက စခန်းမှာ တိုင်ချက်ဖွင့် တော့ တာဝန်ကျရဲတွေက လိုက်ပြီးအမှုဖွင့်ဖို့နဲ့ တရားခံဖမ်းဖို့လိုက်လုပ်ပေးကြတယ်၊ အဲဒီနေ့ည (၀၈း၃၀)လောက်မှာပဲ ကိုဝင်းမော်ရယ် ကိုထွန်းထွန်းရယ် ပွင့်ဖြူမြို့နယ်ရဲစခန်းမှာ လာအဖမ်းခံကြတယ်။ သူတို့က အရင်ကတည်းက အပြန် အလှန်ရန်ရှာနေကြတာတဲ့ဗျ၊ ခင်ဗျားပြောသလိုကြီးတော့မဟုတ်ပါဘူး။ အမှုမှာလိုက်ပါဆောင်ရွက်နေသူတစ်ဦးက ရှင်းလင်းပြချက်ကို၊ မိတ်ဆွေကတဆင့်သိရှိရခြင်းဖြစ်ပါတယ်။
အမှတ်တမဲ့ကြည့်ရင်ပါတီအချင်းချင်းတွေ သတ်ဖြတ်နေသလိုပဲဗျာ၊ ဖြစ်စဉ်က သူတို့လူမှုရေး ပြဿနာပဲ၊ ဒါမျိုး ရန်မီးမွှေးပေးတာ၊ တိုက်ပေးတာမျိုးတော့ မလုပ်စေချင်ဘူးဗျ၊ တိုင်းပြည်ကအေးချမ်းကာစရှိသေးတာ၊ ဘာရည်ရွယ်ချက်နဲ့ ဒီသတင်းကို အဓိပ္ပါယ်ကောက်လွဲအောင်ဖော်ပြတာလဲ။ အခြားနေရာတွေမှာရှိတဲ့ ဖြစ်စဉ်အမှန်ကို မသိကြတဲ့ ပါတီတာဝန်ရှိသူတွေ၊ တက်ကြွလှုပ်ရှားနေသူတွေ အချင်းချင်းဘာတွေဖြစ်ကုန်ကြမလဲ။ တခြားသတင်းတွေကိုရော ဘယ်လိုယုံကြည်ရတော့မလဲ။ ဒီ ဖြစ်စဉ်မှာ မေးချင်ပါတယ် သစ်ထူးလွင် ဘာလဲ ဘယ်လဲ လို့၊ ရှင်းရှင်းပဲပြောမယ် ဒီအချိန်မှာ ဘယ်ပါတီကိုမှ မယုံသေးဘူး၊ ဒါပေမယ့် ရန်တွေဖြစ်နေမှာကိုတော့လည်း မလိုလားဘူး။ ရန်တိုက်ပေးနေတာတွေ မြှောက်ပေးနေတာတွေ၊ တည်ငြိမ်မှု ကို ဖျက်ဆီးနေတာတွေ ရပ်တန်းက ရပ်လိုက်ပါတော့ဗျာ။

Myanmar Express

63 comments:

ကောင်းတယ်ဗျာ
ဒီလိုမျှတတဲ့အရေး
အသားတွေပဲ ဖတ်ချင်
နေတာ။

Fucking thithtoolwin... Lier to people and gave wrong information.. Lee bel thithtoolwin..

အရင်ကတော့ ပုလင်းတူဗူးဆို့တွေထင်ပါရဲ့။

ed di ma ae loe' ka tot ed di lo pae, phaunggyi tone ka , yway kauk pwel pi tot , NLD aung pwel khan tar ko , sit bo ta yauk ka , gun ne shoot tae so pi shauk yay htar thay tae, phaunggyi ka a myo tway ko , hlan ph sat pi ask kyit tot, thu har thu muu pyan lar tat, sit bo ne, tea shop ka pyan lar tat, 10 aein mhuu yae, lan mhar sae aein mhuu ka, myat nar ko , dat mee ne, htoe meet lo', yan phyit tar ka nay gun ne shoot tar, ed dar ko khway ma thar ka , ma hote ka hote ka tway , shauk yay tae lay , ma aye lo' thithtoo lwin

အလိမ်အညာတွေနဲ့ ကိုသစ်ထူးလွင်ကြိး
ဘယ်ကြွမလို့တုန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

သစ်ထူးလွင် အနေနဲ့ သတင်းတွေကို တင်ပေးတာ ကျေးဇူးတင်တယ်
ဒါပေမဲ့ သတင်းရဲ့ အခြေအမြစ်ကို သေချာစုံစမ်းပြီးမှ တင်နိုင်မယ်ဆိုရင်
ကောင်းပါတယ်။ အဖွဲ့အစည်းနှစ်ခု ပြည်သူတွေ စိတ်ဝမ်းကွဲစေမဲ့ လုပ်ရပ်မျိုးတွေတော့ မကြိုက်ဘူးဗျာ

အကူအညီတောင်းလို့ရမလား

မှားတဲ့အခါလည်း မှားမှာပေါ့

သတင်တွေက သိပ်မြန်ပါတယ် ကွန်ပျူတာဖွင့်တိုင်း သစ်ထူးလွင် ရိုက်ထည့်ပြီး သတင်းအမြဲကြည့်ပါတယ် ဒီအတိုင်းရေးလို့ ခေါင်းဆောင်နှစ်ယောက်သတ်ကြတာ ဘာမှမဖြစ်ပေမယ့် ကျန်တဲ့ နှစ်ဖက်ပါတီဝင်တွေ အချင်းချင်းထိခိုက် သွားနိုင်တယ်ဆိုတာလေး ခွင့်ရှိရင် မတောက်တစ်ခေါက်ဦးနှောက်နဲ့ အကြံပြုပါရစေ

ကောင်းတယ်

မှန်တဲ့သတင်းပဲရေးပါ

မှန်တဲ့သတင်းပဲရေးပါ လုပ်ကြံမရေးပါနဲ့

အခုအချိန်ကအားလုံးညီညွတ်မှတိုင်းပြည်အတွက်အကျိုးရှိမှာပါ သတင်းဖြစ်ရင်ပြီးရောတော့မလုပ်ပါနဲ့ဗျာ

ကိုသစ်ထူးလွင်ခင်ဗျာကိုသတင်းပို့သူတွေကို.ကိုသတင်းကိုတာဝန်
ယူနိုင်တယ်ဆိုမှတင်ပေးစေချင်ပါတယ်၊ကျွန်တော်တို့ကခင်ဗျာ
ပရိတ်သတ်ပါအကြံဥာဏ်ပေးတာပါခင်ဗျာ။

အမှန်ကို တင် ပေးတာ ကျေးဇူးတင်ပါတယ် ဗျာ၊၊ မဖြစ်သင့် တာ မဖြစ် အောင် ဆောင်၇ွက်နိုင် တာ လဲ သတင်းပဲမဟုတ်လား၊၊

ရန်တိုက်ပေးနေရင် အားလုံး နစ်နာလိမ့်မယ်။ မှန်ကန်တဲ့လမ်း ကိုညွှန်ပေးစေ ချင်တယ်။

သတိထားပြီးဖက်ပါလို့ပြောချင်တယ်

မှားတဲ့အခါလဲ တောက်လျှောက်ပေါ့ဗျာ

ကဲမောင်သစ်ထူုလွင်မင်းအရွယ်မငယ်လောက်ပါဘူး
ရန်မတိုက်မိစေနဲ့ သတင်းဖြစ်ရင်ပြီးရောမတင်နဲ့
မင်းဆိုဒ်ကနာမည်ရစပြုနေပြီ ပြည်သူတွေအတွက်စဉ်းစားမင်းလည်းပြည်သူပဲ
အများကြီးမပြောချင်ဘူး
မင်းတို့လူငယ်တွေအတွက်ပြောတာ

ဆက်သွယ်ရေးနေ့စားဝန်ထမ်းတွေကို ထောက်ပံ့ကြေးသုံးသောင်းတိုးပေးပါခင်ဗျာ..လို့တောင်းဆိုချင်ပါတယ်..ဘာကြောင့်မပေးရတာလဲဆိုတာသိချင်တယ်ဗျာ...

သေ ချာ မှ ရေး ပါ

ကောင်းတယ် ဆက်ရေး

ကောင်းတယ်ဆက်ရေး

ကောင်းတယ် ဆက်ရေး

နေ့စားဝန်ထမ်း မခန့်ရတော့ဘူးလေ။ ဘာတွေတောင်းဆိုနေတာလဲ

ယေသန်ဒါဟေတုတ်ပတ်ဘဝါ ကိုသိအောင်လုပ် မင်းသဘောပေါက်လိမ့်မယ်

ဖတ်ပြီးရင်လဲ ဆင်ခြင်ပြီးမှ ယုံပါ။

သေချာလေ့လာပါ

သစ်ထူးလွင် မင်းမေငါလိုး မင်းပထွေးနာမည်ပျက်တယ် သျောံလုပ်

မဆဲကြပါနဲ့ဗျာ

အမှန်အတိုင်းရေးစေချင် ပါတယ် သတင်းက နေရန်တိုက်ပေးသလိုမဖြစ်စေချင် ပါ '''

သစ်ထူးရေ အရေးကြီးတဲ့ သတင်းတွေပါ ပြည်သူ့အတွက်ဆိုရင် မမှားအောင်ဂရုစိုက်တင်ပေးပါ

သတင်းတွေကိုအမှန်ကန်ဆုံးနဲ့ အမြန်ဆန်ဆုံးတင်ပေးပါလို့ တောင်းဆိုချင်ပါတယ် သစ်ထူးလွင်

သုံးသပ်ချက်ကိုကြိုက်ပါတယ်

သတင်းတွေကို တိကျမှန်ကန်မှ ရေးပါ
ကြက်တူးရွေးတစ်ကောင်လို ဟိုလူပြောတာလည်းလိုက်ပြော
ဒီလူပြောတာလည်း လိုက်ပြောမလုပ်စေချင်ပါ
ကိုယ့်အရေးသားကြောင့်သူတစ်ပါးထိခိုက်နိုင်တယ်ကိုယ့်လူ

ေ သ လိုက် ဗျာ

စဉ်း စား ပြီး မှ ရေး ပေါ့ ဗျာ

ေ သ လိုက် ဗျာ

ေ သ လိုက် ဗျာ

မှန်တဲ့သတင်းတွေဘဲဖတ်ခြင် တယ်

အေး
အဲဒါပေါ့

မှန်တဲ့ သတင်းလေးတွေပဲတင်ပေးပါ။

သစ်ထူးလွင် မင်အစားငါရင်လေးတယ်ကွာ့

သစ်ထူးလွင်ကြီးတော့သွားပြီး

အင့်းအဲဒါပဲ

လှေ ကား အ ထစ် တွေ ကျော် မ တက် ပါ နဲ့ ပေါင် ပြဲ တက် တယ် အ ချိန် တန် ရင် နာ မည် ကြီး လာ မှာ ပါ

ဘာဖြစ်လို့ ဆဲကြတာလဲ နိုင် ငံကြီးသားပီသစွာနေပါ..
သူ့လောက်တက်နိုင် လို့လား...

မဆဲဘဲဝေဖန်နိုင်ရင်တော့

နိုင်ငံရေးအလေးထားတဲ့ ပြည်သူ့ 
ဘက်တော်သားတွေ ပိုပြီး ကောင်းမှာပါ
သား

ကိုသစ်ထူးလွင်သတင်းတပုဒ်တင်မယ်ဆိုရင်သေသေချာချာလေလုပ်ပါစေတနာနဲ့ပြောတာနော်

ကိုသစ်ထူးလွင်သတင်းတပုဒ်တင်မယ်ဆိုရင်သေသေချာချာလေလုပ်ပါစေတနာနဲ့ပြောတာနော်

ကောငိးတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်