Subscribe to our RSS Feed

အကြမ်းဖက်သမားများ နှင့်တိုက်ခိုက်ရင်း သေဆုံး ခဲ့သည့် ရခိုင်တိုင်းရင်းသား ကိုးဦးကိုနှစ်စဉ်နှစ်တိုင်း အောက် မေ့ခြင်း အခမ်းအနားပြုလုပ်သွားမည်


From : Yangon Media

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင်ရွာတွင် အကြမ်းဖက်သမား များ နှင့်တိုက်ခိုက်ရင်း သေဆုံး ခဲ့သည့် ရခိုင်တိုင်းရင်း သား ကိုးဦးကို ကူတောင်ရွာ သူရွာသား များကနှစ်စဉ်နှစ် တိုင်း အောက်မေ့ခြင်း အခမ်း အနား ပြုလုပ်သွား မည်ဖြစ် ကြောင်းသိရသည်။

''သူတို့ကိုးဦးက ရခိုင်ပြည်ရဲ့သူရဲကောင်း တွေလို့သတ်မှတ် လို့ရတယ်။ အကြမ်းဖက်သမား တွေနဲ့ရင် ဆိုင်တိုက်ခိုက် ရင်းသေဆုံးသွား ခဲ့ကြတာ။ ကူတောင်ရွာ သူရွာသား တွေတင်မဟုတ်ဘူး။ ရခိုင် တမျိုးသား လုံးကလည်း တနှစ် တခါသူတို့ရဲ့အုတ်ဂူရှေ့လာ ရောက်ပြီး ဂါရဝပြုသင့် တယ်။ သူတို့တွေက ကူတောင်ရွာ သူရွာသား တွေရဲ့အသက် အိုးအိမ်စည်းစိမ်ေ တွကို ကာကွယ်ပေးရင်း အသက်သေဆုံး သွား ကြတာဒီ တစ်ရွာလုံး သိတယ်။''ဟုကူ တောင်ရွာနေသူတစ်ဦးကပြောသည်။

ထို့အပြင်အကြမ်း ဖက်သမားများနှင့်တိုက်ခိုက် ရင်းသေဆုံးသွားခဲ့သော ရခိုင်တိုင်းရင်း သားတစ်ဦး၏ ရုပ်အလောင်း အုတ်ဂူ မှာဦးဂါကျေးရွာ တွင်ရှိပြီး၎င်းအုတ်ဂူ ကိုလည်း ကူတောင်ကျေးရွာတွင်ရှိ သော အုတ်ဂူကိုးခု အနီးတွင်ထားရှိရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။

''သေဆုံးသွား သူတွေ အတွက်နေ့ကြီးရက် ကြီးတွေမှာကုသိုလ်ကောင်း မှုတွေလုပ် ပေးမယ်။ သူတို့ အတွက် အမျှအတန်း ဝေ၊ရေစက်ချတာတွေ လည်း လုပ်ပေး ရဦးမယ်။'' ဟု ၎င်းရွာနေထိုင်သူ တစ်ဦး က ပြော သည်။

၎င်းတို့ကိုးဦးသည် ဇွန်လအတွင်းက အကြမ်းဖက်သမားများ၏ အန္တာရယ်များကို ကာကွယ်ရင်းသေဆုံး သွား ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်