Subscribe to our RSS Feed

ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ သတ္တရသမ အစည်းအဝေးကျင်းပ


From : မြ၀တီ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆဋ္ဌအကြိမ် နိုင်ငံတော်သံဃနာယကအဖွဲ့ (၄၇) ပါးစုံညီ သတ္တရသမ အစည်းအဝေး ပထမနေ့ကို ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပရာ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင် တက်ရောက်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။ အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇမဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တရကုမာရာဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇောဒယက ဆောင်ရွက်တော်မူသည်။ ယင်းနောက် ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ ပဉ္စမအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာကို အဖွဲ့ဝင်ဆရာတော်များက ကဏ္ဍအလိုက် တင်သွင်းလျှောက်ထားတော်မူကြပြီး အစည်းအဝေးသို့ တင်သွင်းလာသည့် ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြကာ အစည်းအဝေးကို ခေတ္တရပ်နားသည်။ ထို့နောက် မွန်းလွဲပိုင်းတွင် အစည်းအဝေးကို ဆက်လက်ကျင်းပရာ အစည်းအဝေးသို့ တင်ပြလာသည်များနှင့် စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြပြီး ပထမနေ့ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်