Subscribe to our RSS Feed

ကူးတို့ဆိပ် ရပ်ကွက် မီးလောင် ပေါက်ကွဲရာ နေရာအား ဓါတ်ပြုမှု ဆက်လက် မဖြစ်ပေါ်စေရန် နည်းပညာပိုင်း အရ ဆောင်ရွက် ထားရှိ


From : MRTV4

မင်္ဂလာတောင်ညွန့် မြို့နယ် ၊ ကူးတို့ဆိပ် ရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင် ပေါက်ကွဲခဲ့တဲ့ နေရာမှာ ဆက်လက် ဓါတ်ပြုမှု မဖြစ်ပေါ်စေဖို့ အတွက် နည်းပညာပိုင်း အရ စီစဉ် ဆောင်ရွက် ထားတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့လူမှုရေး ၀န်ကြီး ဒေါက်တာ မြင့်သိန်းရဲ့  ပြောကြားချက် အရ သိရပါတယ်။ ဒီလို ဆောင်ရွက်ဖို့ အတွက် သိပံ္ပနှင့် နည်းပညာ ဆိုင်ရာ တာဝန် ရှိသူတွေ ၊ စီအိုင်ဒီက တာဝန်ရှိသူ တွေက အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာကို စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို စစ်ဆေးခဲ့ပြီး ဆက်လက် ဓါတ်ပြုမှုတွေ မဖြစ်ပေါ်စေဖို့ အတွက် သိပံ္ပနှင့် နည်းပညာ ၀န်ကြီး ဌာနမှ လမ်းညွှန်မှု အရ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို ဆောင်ရွက်ရာမှာ ပထမဆုံး အနေနဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ နေရာကို ရေဆိုးတွေနဲ့ ပက်ဖြန်းမှု ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒုတိယ အဆင့် အနေနဲ့ မီးသွေးမှုန့်ကို ထပ်မံ ဖြန်းပေးခဲ့ပြီး အဲ့ဒီ နောက်ပိုင်းမှာတော့ နောက်ဆုံးအဆင့် ဒုတ်ထာ ဖျော်ရည်ကို မီးသတ်ယာဉ်တွင်း ထည့်သွင်းကာ ပက်ဖြန်းပြီး ဓါတ်ပြုမှုတွေ ဆက်လက် မဖြစ်ပေါ်အောင် ဆောင်ရွက် ခဲ့တယ်လို့ သတင်း ရရှိပါတယ်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်