Subscribe to our RSS Feed

ဒေါသစိတ်ကြောင့် လူသတ်မှုနဲ့ တရားစွဲခံလိုက်ရတဲ့ မေဇွန်


From : အေးချမ်းမွန်

ဒေါသအလျောက် ဖြစ်တတ်တဲ့ သဘာဝက အခုတော့ လူသတ်မှုနဲ့ တရားစွဲ ခံလိုက်ရတဲ့အဖြစ် အထိ ရောက်သွား ခဲ့တယ်။ MRTV 4 က ရုပ်သံ ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်အဖြစ်ရွေးချယ်ခံထားရတဲ့ မမေဇွန် ခေါ် မျိုးဇာနည်ဇွန် ဆိုတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေး တယောက်က အိမ်ဖော်မိန်းကလေးငယ် ကို နှိပ်စက် ရာက ဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်မှာ လူသတ်မှုအဖြစ် ပြောင်းလဲ တရားစွဲမှုခံလိုက်ရတာပါ။
သေဆုံးသွားတဲ့ မနုနုလွင်ဆိုတဲ့ အိမ်ဖော်မလေးကို သူကိုယ်တိုင် သတ်လိုက်တယ်လို့ အိမ်ရှင် မမေဇွန်က ၀န်ခံလိုက်တဲ့ အကြောင်း ပြည်တွင်း သတင်းဂျာနယ်တွေနဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါလာပါပြီ။
လွန်ခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က မမေဇွန် ခရီးသွားပြီး ပြန်လာမှ ကမာရွတ်မြို့နယ်က သူ နေထိုင်ရာ တိုက်ခန်းပေါ်တက်၊ ပြေးဆင်းပြီး ရပ်ကွက်ကို အကူ အညီတောင်း ရဲစခန်းအကြောင်းကြားလို့ ပုပ်ပွနေတဲ့ အိမ်ဖော်မလေးရဲ့ အလောင်းကို ရဲတွေက တွေ့ရှိပြီး ပထမတော့ လူသေမှုနဲ့ ရဲက အမှုဖွင့်ထားခဲ့တာပါ။
ဒါပေမယ့် သံသယဖြစ်စရာ အလောင်းက ဒဏ်ရာတွေနဲ့ကြောင့် အိမ်ရှင် မေဇွန်နဲ့ နောက်ထပ် အိမ်ဖော် မလေး ဖြစ်တဲ့ အသက် ၁၄ နှစ်အရွယ် မဇင်ဇင်ထိုက်ကို စစ်ဆေးရင်းက အခုလို လူသတ်မှုကို ၀န်ခံ ထွက်ချက်ပေး လိုက်တာဖြစ်တယ်လို့ ရန်ကုန်တိုင်း ရဲမှူးက ပြောပါသတဲ့။
တရားခံဖြစ်တဲ့ မေဇွန်က အိမ်အကူ မိန်းကလေးကို စိတ်မထင်ရင် မထင်သလို ဆံပင်ဆွဲ ခေါင်းနဲ့ နံရံဆောင့်တာ၊ ဆံပင် ဆွဲပြီး ဦးခေါင်းနှင့် နံရံကို စောင့်တာ၊ တုတ်နဲ့ရိုက်တာ၊ ဗိုက်ပေါ် တက်ခုန်တာ၊ အိမ်ဖော်ချင်း ရိုက်ခိုင်း တာတွေလည်း လုပ်တယ်လို့ စစ်ဆေးချက်တွေမှာ သိရတယ်လို့ ဆိုပါတယ်။
တကယ်တော့ မေဇွန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က MRTV-4 က စီစဉ်ရိုက်ကူးတဲ့ Flowers & Butterflies ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို လုပ်ခဲ့ပါသေးတယ်။
စာနယ်ဇင်းရှင်းလင်းပွဲကို ပြီးခဲ့တဲ့ စက်တင်ဘာလ၊ (၈) ရက်နေ့က Park Royal Hotel, Ballroom ခန်းမတွင် နံနက် (၁၀) နာရီမှ နေ့လည် (၁၂) နာရီအထိ ကျင်းပပြုလုပ်ခဲ့စဉ်က မေဇွန်ဟာ ယောကျာ်း စိတ်ပေါက်နေ တဲ့ ကောင်မလေးတစ်ဦး၊ ယောင်္ကျား စိတ်ပေါက်နေပေမယ့် နှလုံးသား နူးညံ့သိမ်မွေ့ပြီး သူတပါးကို ကူညီ တတ်သူ၊ သူငယ်ချင်းတွေကိုလည်း ခင်တွယ် တတ်တဲ့ “ဆာကူရာ”အဖြစ် သရုပ်ဆောင်မယ့်အကြောင်း မိတ်ဆက် ကြော်ငြာခံခဲ့သူလည်းဖြစ်ပါတယ်။
အခုတော့ ဇာတ်လမ်းထဲက သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်နဲ့ တခြားစီဖြစ်ပြီး လူသတ်မှုနဲ့ တရားစွဲခံလိုက်ရပါ တယ်။ သူရဲ့ ဇာတ်ရုပ်နေရာအတွက်လည်း သရုပ်ဆောင်သစ် နောက်တဦး ရွေးချယ်တော့မယ်လို့လည်း ဒါရိုက်တာက ပြောလိုက်ရပါ ပြီ။
ခဏတာဖြစ်တတ်တဲ့ ဒေါသ စိတ်ကလေးက မေဇွန်ရဲ့ ဘ၀ တာ ကို ပြောင်းလဲ သွားစေခဲ့ပြီလား။

Myanmar Express


20 comments:

ဒီလိုစိတ်မျိုးက ခဏတာဖြစ်တာမဟုတ်ဘူး
စောက်ကျင့်မကောင်းတဲ့အရူးမ
ပြန်ခံရပါစေ

I do not think it is a burst of anger, it is a nature of torturing others who are unfortunate to work as domestic helpers.

တစ်ရက်ခြားတစ်ခါနှိပ်စက်တာဟာ

ခဏတာဒေါသစိတ်ကြောင့်မဟုတ်ပါဘူး

တမင်သက်သက်နှိပ်စက်သတ်ဖြတ်ခြင်း

ဖြစ်ပါတယ်ထိရောက်တဲ့ပြစ်ဒဏ်ပေးရမှာပါ။

yote nae sount kyint nae ta char si pae. you can't judge a book by its cover so tar a yan mhan dae.

ကုလားမရုပ်ကြီး
ကုလားသွေးပါရင်ကိုဆိုးသဟေ့

ကိုယ့်ဘဝတက်လမ်းကိုယ်ပိတ်တာခံလိုက်ပေါ့။

မိဘတွေကဘယ်သူတွေလဲ ကောင်မလေးကဘယ်ဇာတိလဲ
မိဘကလည်း ဒီအတိုင်း လွှတ်ထားတယ်
ပိုက်ဆံရှိတယ်ဆိုပြီး ထင်တိုင်းကြဲနေတဲ့ သဘောရှိမယ်

သေဒဏ်ပေးသင့်တယ်

ထောင်ထဲမှနေပေအုန်းတော့။

ထောင်ထဲမှာနေပေအုန်းတော့။

သေဒဏ်ကို ၃ ခါလောက်ပြန်ပေးသင့်တယ်

နှမြောစရာကြီးကွာ

နှမြောစရာကြီး တနေရာရာမှာသုံးပါလား ကွာ

ကုလားမရုပ်ကြီး
ကုလားသွေးပါရင်ကိုဆိုးသဟေ့

To above writer, do u know Buddha is Indian. May be u are not Buddhist or do not have knowledge. If you said Indian Blood is bad, then do not pay homage to Buddha. And be mindful that Indian and Muslim are totally different, pls do not mix up. If you think both Indian and Muslim are same then Buddha will become one of Muslim.

ကြည့်ရတာစိတ်ပိုင်းဆိုင်ရာရောဂါတခုခုရှိမယ်ထင်တယ်
သူ့ကိုယ်သူစိတ်ရောဂါရှိတာမသိရှာဘူးထင်တယ်
သာမန်လူဆိုဒီလိုမလုပ်တတ်ပါဘူး

..

ချစ်တော့ ချစ်စရာလေး ပါကွာ

ကိုယ့်အပြစ်ကိုယ်ခံပေါ့။

မိုက်ရိုင်းလိုက်တာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်