Subscribe to our RSS Feed

ဗီယက်နမ် လေကြောင်းလိုင်းနှင့် ပြည်တွင်းခရီးသွား ကုမ္ပဏီ ၈ ခု ချိတ်ဆက်၍ ဈေးကွက်မြှင့်တင်မည်

From : ..popular

ဗီယက်နမ် လေကြောင်းလိုင်းမှာ ပြည်တွင်းရှိ ခရီးသွား ကုမ္ပဏီ ၈ ခုနှင့် ချိတ်ဆက်ကာ ကိုရီးယားနှင့် ဗီယက်နမ်သို့ သက်သာသော ဈေးနှုန်းထားဖြင့် ပို့ဆောင်ပေးတော့မည်ဟု သိရသည်။

“ကိုရီးယားကို သွားလာတာ များတယ်။အရင်က ဒေါ်လာ နှစ်ထောင့် ငါးရာလောက် ရောင်းချပေမယ့် အခု နှစ်ထောင် အောက်နဲ့ဆိုေ တာ့ တော်တော်သက်သာတယ်” ဟု ပြည်တွင်း ကုမ္ပဏီ ၈ ခုနှင့် ချိတ်ဆက်၍
ခရီးစဉ်များကို အထူးလျော့ဈေးဖြင့် ရောင်းချသွားမည့်အကြောင်း သတင်းစာရှင်းလင်းပွဲတွင် Myanmar Tourism Services ခရီးသွားလုပ်ငန်းမှ ကိုလင်းထိန်က ပြောသည်။

အဆိုပါ ဈေးကွက်မြှင့်တင်ခြင်းအစီအစဉ်ကို ဗီယက်နမ်လေကြောင်း မှာ မေလမှ စက်တင်ဘာလ အထိ ပြုလုပ်သွားမည်ဖြစ်သည်။
ဗီယက်နမ်လေကြောင်းလိုင်းနှင့်ချိတ်ဆက်မည့် ကုမ္ပဏီ များမှာMyanmar Tourism Services , Ruby Land Tourism Services , SM Tours , Columbus Travel , Shan Yoma Travels , Ayarwaddy Legend Travels ,Sun Far Travel , Nice Fare Travel စသည့်ခရီးသွား ကုမ္ပဏီများဖြစ်သည်။


 .. www.MyanmarExpress.net
 

1 comments:

I am very much afraid for using Vietnam air line (EU- Myanmar) again because one of the staff from transit counter in Ho Chi Minh City Airport. She has already checked all hard documents from me and she also checked my PR status in EU lists almost 1hr. Even she did not please to release me for the time. I noticed that some staffs also did not like her altitude. I have never forgotten her faced!

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်