From :
..mwd
ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်လာစေရန် ဦးတည် ခြေလှမ်းနေသည့် မြန်မာနိုင်ငံ၏ သိသာ ထင်ရှားသော ပြုပြင်ပြောင်းလဲ မှုများကို အသိအမှတ်ပြု တုံ့ပြန်သည့် အနေဖြင့် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံမှ အရာရှိ ကြီးများအား အမေရိကန်သို့ ခရီးသွားလာခွင့် ပိတ်ပင်ထားမှုကို မေ ၂ ရက်တွင် ရုပ်သိမ်း ပေးခဲ့သည်။
..
www.MyanmarExpress.net
ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်လာစေရန် ဦးတည် ခြေလှမ်းနေသည့် မြန်မာနိုင်ငံ၏ သိသာ ထင်ရှားသော ပြုပြင်ပြောင်းလဲ မှုများကို အသိအမှတ်ပြု တုံ့ပြန်သည့် အနေဖြင့် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံမှ အရာရှိ ကြီးများအား အမေရိကန်သို့ ခရီးသွားလာခွင့် ပိတ်ပင်ထားမှုကို မေ ၂ ရက်တွင် ရုပ်သိမ်း ပေးခဲ့သည်။
မြန်မာအစိုးရသည် နိုင်ငံရေး အကျဉ်းသား
ရာပေါင်းများစွာကို လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်း၊ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့ ၁၁ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေး
ပွဲများကို အောင်မြင် စွာ လုပ်ဆောင်နိုင်ခဲ့ခြင်းနှင့် နိုင်ငံရေး
နယ်ပယ်တွင် အတိုက်အခံ ပါတီများအား ပါဝင်ခွင့်ပြုခဲ့ခြင်းများ အပါအဝင်
နိုင်ငံ၏ အခန်းကဏ္ဍ အတော်များများ၌ ထင်သာမြင်သာရှိသည့် ပြောင်းလဲ တိုးတက်
မှုများကို ဖော်ဆောင် နိုင်ခဲ့သည်ဟု ဥပဒေပြု လွှတ်တော်အမတ်များ ထံသို့
ပေးပို့ခဲ့သော အစီရင်ခံစာ တစ်စောင်တွင် အိုဘားမား က ပြောကြားထားသည်။
ယခုကဲ့သို့ မြန်မာ အရာရှိကြီးများ
ခရီးသွားလာခွင့်ကို ပြန်လည်ခွင့်ပြု ပေးခြင်းသည် မြန်မာနိုင်ငံ၌
ပြုလုပ်နေသော ပြုပြင် ပြောင်းလဲမှုများကို အားဖြည့်ပေးရန်နှင့် ပို၍အင်အား
တောင့်တင်းစေရန် ရည်ရွယ်သည်ဟု ၎င်းအစီရင် ခံစာတွင် အိုဘားမားက ပြောကြားထားသည်။
အမေရိကန် အစိုးရသည် အမေရိကန်- မြန်မာ
နှစ်နိုင်ငံကြား၌ ကုန်သွယ်မှုကို ပိတ်ပင်ထားသည့် ပိတ်ဆို့မှုများနှင့် အခြား
ပိတ်ဆို့မှုများကို ၂ဝ၁၂ ခုနှစ်တွင် ရုပ်သိမ်းပေးခဲ့သည်။ သို့ရာတွင် အချို့
အရာရှိကြီးများနှင့် ကုမ္ပဏီများ၏ သွားလာခွင့် များကိုမူ ဆက်လက်၍
ပိတ်ဆို့ထားခဲ့သည်။
သို့ရာတွင် အမေရိကန် အစိုးရသည် ယခုအခါ
နိုင်ငံအတွင်းသို့ ခရီးသွားလာခွင့် ပိတ်ပင် ခံထားရသည့် စာရင်းမှ
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ဖယ်ရှားပေးခဲ့ပြီး သမ္မတကြီးသည် အမေရိကန်
သမ္မတ အိုဘားမားနှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန် အတွက် ယခုလအတွင်း၌
အမေရိကန် ပြည်ထောင်စုသို့ ပထမဆုံး အကြိမ် သွားရောက်လည်ပတ် မည်ဖြစ်သည်။
။


1 comments:
World Leader!
You can see very clearlly.
Not due to 969.
I can tell you all USA, RUSSIA, CHINA, EUROPE and others countries, your country got Muslims they will give you many problems.
If you don't want problems you must know how to do.
No Muslims no problems.
Understand ?
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်