From :
...mwd
. www.MyanmarExpress.net
နေပြည်တော် မေ ၃
ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်၊
ကျန်စစ်သား၊ ဗညားဒလ၊ ရာဇသင်္ကြန် ရပ်ကွက်များအတွင်း သောက်သုံးရေ ပြတ်လပ်ပြီး
အခက်အခဲ ကြုံတွေ့နေရသော ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့်
ရပ်ကွက် ကျေးရွာနေ ပြည်သူ များအတွက် သောက်သုံးရေ ဖြန့်ဝေခြင်းကို
လုပ်ဆောင်လျက် ရှိပါသည်။

သောက်သုံးရေ ဖြန့်ဝေခြင်းကို ၂၀၁၃ခုနှစ်၊
မေလ ၂ ရက်နေ့ ညနေပိုင်းမှ စတင်ပြီး ၀ါးတန်းအမှတ်(၂) တံတားရှိ ရန်ကုန်
မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေသန့် ဌာနပိုင် ရေချိုပိုက်မှ ရေများ
သယ်ယူကာ ရေသယ် လှေများဖြင့် လည်း ကောင်း၊ ရေသယ် ရေယာဉ်များ ဖြင့်လည်းကောင်း
ရေချိုများကို ဖြန့်ဝေ လှူဒါန်းလျက် ရှိပါသည်။

ထို့အတူ ရန်ကုန်တိုင်း ဒေသကြီး
တိုက်ကြီးမြို့နယ်ရှိ သောက်သုံးရေ ပြတ်လပ်လျက်ရှိသော ချင်းကုန်းကျေးရွာ၊
ကျားချောင်းကျေးရွာ တို့တွင် နယ်မြေခံ တပ်မတော်သားများက သောက်သုံးရေ များ
ဖြန့်ဝေ လှူဒါန်းလျက် ရှိကြောင်း သတင်းရရှိပါသည်။


. www.MyanmarExpress.net


0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်