From :
..mwd
..
www.MyanmarExpress.net
နေပြည်တော် မေ ၃
သောက်သုံးရေ ရှားပါးလျက်ရှိသော
ကျေးရွာများအား နယ်မြေခံ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေ
လှူဒါန်းလျက်ရှိရာ မေ ၁ ရက်က မွန်ပြည်နယ် သထုံမြို့ အောက်ကျင်း ရပ်ကွက်၊
အောင်မြေ ရွှေဘို ရပ်ကွက်နှင့် ကန် ညီနောင် ကွက်သစ်ရှိ အိမ်ထောင်စု ၁၉ဝ စု၊
လူဦးရေ ၅၆၇ ဦးအတွက် ရေဂါလန် ၃၆ဝဝအား လည်းကောင်း၊ မုဒုံမြို့နယ် ကတုံးပေါ်
ကျေးရွာရှိ အိမ်ထောင်စု ၂၈ဝ စု၊ လူဦးရေ ၁၃၈၃ ဦးနှင့် ဘလောက် ညောင်ဝိုင်း
ကျေးရွာရှိ အိမ်ထောင်စု ၄၂ဝ စု၊ လူဦးရေ ၂၃၃၂ ဦး အတွက် ရေဂါလန် ၂၈၈ဝဝ
အားလည်းကောင်း၊ မေ ၂ ရက်က သံဖြူ ဇရပ်မြို့နယ် ရွှေပြည်သာ ကျေးရွာရှိ
အိမ်ထောင်စု ၁၈၉ စု၊ လူဦးရေ ၈၉၅ ဦးအတွက် ရေဂါလန် ၂၄ဝဝ အားလည်းကောင်း၊
အောင်သာယာ ရပ်ကွက်ရှိ အိမ်ထောင်စု ၅၅ စု၊ လူဦးရေ ၂၅၃ ဦး အတွက် ရေဂါလန်
၁၆ဝဝ အားလည်းကောင်း တပ်ပိုင် ရေသယ်ယာဉ်များဖြင့် ဖြန့်ဝေ လှူဒါန်းသည်။
အလားတူ မေ ၃ ရက်တွင် နေပြည်တော် ကောင်စီ
နယ်မြေ ဇေယျာသီရိမြို့နယ် နန်းသြ ကျေးရွာရှိ အိမ်ခြေ ၃၆၂လုံး၊ လူဦးရေ ၁၅၂၉
ဦးအတွက် သောက်သုံးရေ ဂါလန် ၆၈ဝဝ အားလည်းကောင်း၊ ကျွန်းရောင်း
ကျေးရွာအုပ်စု လေသာ မြောက် ကျေးရွာရှိ အိမ်ခြေ ၂၇ဝ လုံး၊ လူဦးရေ ၉၈၂
ဦးအတွက် သောက်သုံးရေ ဂါလန် ၂၂ဝဝ အားလည်းကောင်း၊ တပ်ကုန်းမြို့နယ် ကျိအင်း
ကျေးရွာရှိ အိမ်ခြေ ၁၃၅လုံး၊ လူဦးရေ ၄၅ဝ ဦးအတွက် သောက်သုံးရေ ဂါလန် ၅ဝဝ
အား လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲ ကျေးရွာရှိ အိမ်ခြေ ၃၄၆ လုံး၊
လူဦးရေ ၁၅၃၁ ဦးအတွက် သောက်ရေသန့် ၂ဝ လီတာပါ ရေသန့်ဘူး ၂၇၅ ဘူး
အားလည်းကောင်း နယ်မြေခံ တပ်မတော် သားများက တပ်ပိုင် ရေသယ်ယာဉ်များဖြင့်
ဖြန့်ဝေ လှူဒါန်းသည်။
ထို့အတူ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်
တောကန် ကျေးရွာနှင့် တြီတွဲကျေးရွာရှိ အိမ်ထောင်စု ၃၄၃ စု၊ လူဦးရေ ၁၅၄၇
ဦးအတွက် ၂ဝ လီတာဆန့် သောက်ရေဘူး ၉၈ ဘူးနှင့် သောက်သုံးရေ ၁၆၅ဝ ဂါလန် အား
လည်းကောင်း နယ်မြေခံ တပ်မတော် သားများက တပ်ပိုင် ရေသယ်ယာဉ်များဖြင့်
သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်