Subscribe to our RSS Feed

SSA (၀မ်ဟိုင်း) နမ္မတူမြို့နယ်အတွင်း အဓမ္မ ဆက်ကြေးတောင်းလူတောင်းလုပ်နေ (ပေးစာ)

From : ..နမ္မတူသား


SSA (၀မ်ဟိုင်း) အဖွဲ့ဟာ အစိုးရနဲ့အပစ်ရပ်လုပ်ထားပြီး၊ နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာနေ ဖြည်သူတွေထံမှ
အတင်းအဓမ္မ ဆက်ကြေးတောင်းခြင်း၊ လူတောင်းခြင်းတွေပြုလုပ်နေပါတယ်၊ အိမ်ထောင်စုတစ်ခုမှာ အမျိုးသားနှစ်ယောက်ရှိပါက တစ်ယောက်ခေါ်ပါတယ်၊ သားဖြစ်သူမလိုက်ပါက ဖခင်ကိုဖမ်းဆီးခေါ်ဆောင်ပါတယ်၊
မြို့နယ်အတွင်းမှာနေထိုင်တဲ့လူငယ်တွေ  လားရှိုး/မန္တလေး/မူဆယ်/တရုတ်နိုင်ငံ ရွှေလီ/ကျယ်ဂေါင် ဘက်တွေကို
ထွက်ပြေးတိမ်းရှောင်နေရပါတယ်၊  ဆက်ကြေးဆိုလဲ အမဲ/၀က်လိုင်စင်ဆိုင်များ၊ယာဉ်ပိုင်/စက်ပိုင် လုပ်ငန်းရှင်များ၊
အိမ်ဆိုင်နှင့်လမ်းဘေးဈေးသည်အဆုံး ၄င်းတို့သတ်မှတ်ကြေးအတိုင်း သွားရောက်ပေးရပါတယ်၊
ဒီအကြောင်းအရာတွေကို  မန်စံကျေးရွာမှာ နေတဲ့ ကျားဖြူပါတီလွှတ်တော်ကိုစားလှယ် ဒေါ်နန်းခမ်းအေး ဆီမှာ
အကူညီတောင်းပြီး၊ ၄င်းအဖွဲ့အား မေတ္တာရပ်ခံပေးရန်ပြောကြားသော်လည်း အစဉ်မပြေပါ ၊ နန်းခမ်းအေး ကအခြားကြောင်းအရာလေးတွေဆိုရင်တော့အင်တာနက်သတင်းဝက်ဆိုက်တစ်ခုမှ တောအော်တောင်အော် ဟောင်ပြလေ့ရှိ
ရှိပါ ဒီအကြောင်းအရာကိုတော့ နကမ္ပတိ တုတ်တုတ်မျှ မလှုပ်ပါဘူး၊ သက်ဆိုင်ရာမှ ဖြေရှင်းပေးပါ၊ ကျားဖြူပါတီအနေဖြင့် ရှမ်းလူထုကောင်းစားရေးအတွက် မားမားမတ်မတ်ရပ်ပေးပါ၊ ထိထိရောက်ရောက်တားမြစ်ပေးပါ..

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်