Subscribe to our RSS Feed

ဥက္ကံ ပဋိပက္ခ သာယာဝတီသို့ ကူးမလာစေရန် ညမထွက်ရအမိန့် ထပ်တိုးထုတ်ပြန်

From : ..popular

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်တွင် ညမထွက်ရအမိန့် ထုတ်ပြန်မှု
မူလထက် တစ်နာရီ ထပ်မံတိုးမြှင့်လိုက်ကြောင်း ပဲခူးတိုင်းဒေသကြီး
အစိုးရအဖွဲ့မှ တာဝန်ရှိသူက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ
ကူးစက်လာမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့်
ထိုသို့ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယခင် ည ၁၁ နာရီမှ နံနက် ၃ နာရီအထိ ကန့်သတ်ထားရာမှ ယခုအခါ
ည ၁၀ နာရီမှ နံနက် ၃ နာရီအထိ ညမထွက်ရန် ကန့်သတ်လိုက်ခြင်း
ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက
ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်း၊ခရိုင်၊ မြို့နယ်အလိုက် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရေး
လုပ်ငန်းကော်မတီအဖွဲ့များက ကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ ယမန်နေ့က
သာယာဝတီမြို့ ညောင်လေးပင်ကျေးရွာ အနောက်ဘက်ရှိ ဆည်မြောင်း
တံတားအနီးတွင် မီးရှို့ရန်ကြံစည်နေသည့်မသင်္ကာဖွယ် လူတစ်စုကို
တွေ့ရှိသည့်အတွက် တာဝန်ရှိသူများက ဖမ်းဆီးစစ်ဆေးအရေးယူမှုလည်း
ပြုလုပ်နိုင်ခဲ့ကြောင်း ပြောသည်။

“မှိန်းတွေလည်းပါတယ်။ ဒီဇယ်ပုံးတွေနဲ့ ခေါင်းဆောင်သုံးဦးကို
ဖမ်းဆီးထိန်းသိမ်းလိုက်ပါပြီ”ဟု ၎င်းက ပြောသည်။

 .
. www.MyanmarExpress.net
  

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်