From :
..MWD
SSPP / SSA တိုင်းရင်းသားလက်နက်ကိုင်
အင်အား(၁၀)ဦး ပါဝင်သော အဖွဲ့ (၁)ဖွဲ့သည် လက်နက်ငယ် ကိုယ်စီ ကိုင်ဆောင်လျက်
သီပေါမြို့နယ်၊ မိုင်းလင်း ကျေးရွာ နှင့် ခုတ်နမ့် ကျေးရွာ သို့ ၂၀၁၃
ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့ ည(၁)နာရီ အချိန်ခန့်တွင် ၀င်ရောက်လာပြီး ရွာသူ
ရွာသား (၁၂) ဦးအား အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပါသည်။
ဖမ်းဆီး ခံရသူ များမှာ သီပေါမြို့နယ်၊ ခုတ်နမ် ကျေးရွာ၊ မိုင်းလင်း ကျေးရွာ မှ ရွာသူ ရွာသားများ ဖြစ်ပြီး ၎င်းတို့မှာ-
(၁) မောင်အောင်ခန့် (၂၅)နှစ်၊ (ဘ)ဦးပန်၊ ခုတ်နမ့် ကျေးရွာ၊ သီပေါမြို့နယ်။
(၂) ဦးအောင်သိန်း (၅၆)နှစ်၊ (ဘ) ကျယ်လှ၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၃) ဦးစိုင်းဆိုင်လောင်း (၃၅)နှစ်၊ (ဘ) ဦးစိုင်းလုံ၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၄) မောင်စိုင်းရွှေလန်းဦး (၁၇)နှစ်၊ (ဘ) ဦးညိုသန်း၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၅) မောင်စိုင်းကန် (၁၆)နှစ်၊ (ဘ) ဦးစံထွန်း၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၆) ဦးစိုင်းစံအေး (၅၂)နှစ်၊ (ဘ) ဦးကားလို၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၇) မောင်စိုင်းပီး (၁၆)နှစ်၊ (ဘ) ဦးနန္ဒိယ၊ ခုတ်နမ့်ကျေးရွာ၊ သီပေါမြို့နယ်။
(၈) မောင်စိုင်းလှထွန်း (၂၇)နှစ်၊ (ဘ) ဦးစံထွန်း၊ မိုင်းလင်းကျေးရွာ၊ သီပေါမြို့နယ်။
(၉) မောင်စိုင်းသိန်းအောင် (၂၀)နှစ်၊ (ဘ) ဦးမိန်သာ၊ မိုင်းလင်းကျေးရွာ၊ သီပေါမြို့နယ်။
(၁၀) မောင်စိုင်းကျော်လွန် (၂၅)နှစ်၊ (ဘ) ဦးဝိန်းကျော်၊ မိုင်းလင်းကျေးရွာ၊ သီပေါမြို့နယ်။
(၁၁) မောင်စိုင်းသာဟန် (၁၇)နှစ်၊ (ဘ) ဦးဖိုင်ကန်၊ မိုင်းလင်းကျေးရွာ၊ သီပေါမြို့နယ်။
(၁၂) ဒေါ်နိုင်းမတ် (၅၈)နှစ်၊ (ဘ) ဦးကိုလိန်၊ မိုင်းလင်းကျေးရွာ၊ သီပေါမြို့နယ် တို့ဖြစ်ပါသည်။
အဆိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်၍ စုံစမ်းခဲ့ရာ SSPP / SSA အဖွဲ့များ အနေဖြင့် လူသစ် စုဆောင်းရန် အတွက် ခေါ်ဆောင်ခြင်း ဖြစ်ပြီး အချို့မှာ လူသစ်အဖြစ် မလိုက်လို၍ ထွက်ပြေး မှုကြောင့် အသက် အရွယ်ကြီး မိဘများအား ဓားစာခံ ခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်။
၎င်းဖမ်းဆီး ခံရသော ခုတ်နမ့်၊မိုင်းလင်း ရွာသူ/ရွာသား များ လွတ်မြောက်ရေး အတွက် တပ်မတော် စစ်ကြောင်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
.. www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်