Subscribe to our RSS Feed

ပိုက်ဆံမရှိလို့ ဆင်မ်းကဒ် ကို ထောင်ဂဏာန်းထိ အတင်း ဈေးလျှော့ရောင်းခိုင်းသည့် မြန်မာလူထု ငါးသိန်းခွဲ တန် S4 အား ရောင်းချသည့်နေ့ နံနက်ပိုင်း၌ပင် အလုံးရေ ၁ဝဝဝ ကုန်

From : ..popular

ပိုက်ဆံမရှိလို့ ဆင်မ်းကဒ် ကို ထောင်ဂဏာန်းထိ အတင်း ဈေးလျှော့ရောင်းခိုင်းသည့် မြန်မာလူထု ငါးသိန်းခွဲ တန် Samsung Galaxy S4 စတင် ရောင်းချသည့်နေ့ နံနက်ပိုင်း၌ပင် အလုံးရေ ၁ဝဝဝ ကုန်သွားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

''တိုကင် ၁ဝဝဝ ဝေတာ အားလုံးကုန်သွားပါပြီ။ အဲ့ဒီအပြင်ကို တိုကင်မရဘဲ ဝယ်ချင်လို့ စောင့်နေတဲ့ သူတွေကလည်း တစ်ထောင်ကျော်လောက် ရှိနေတယ်'' ဟု ဆမ်ဆောင်းကုမ္ပဏီမှ တာဝန်ရှိသူကပြောသည်။

နံနက် ၉ နာရီမှ စတင်ရောင်းချမည်ဟု ဆိုခဲ့သော်လည်း တိုကင်လာရောက်တန်းစီသူများ အနေဖြင့် နံနက်အစောပိုင်းကပင် စတင်တန်းစီနေကြပြီး ၉ နာရီ မတိုင်မီ တိုကင် အားလုံး ကုန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ကျွန်တော် မနက် ၇ နာရီကတည်းက လာတန်းစီတာပါ။ တိုကင်နံပါတ် လေးရာကျော်ပါတယ်'' ဟု အလုံမြို့နယ်မှ ဖုန်းလာရောက် ဝယ်ယူသည့် သူတစ်ဦးက ပြောသည်။

လက်ရှိတွင် တိုကင်မရရှိလိုက်သည့် သူများအနေဖြင့်လည်း အလုံးရေ ၁ဝဝဝ အပြင် ထပ်မံရောင်းချပေးမည် ဆိုသည့် သတင်းကြောင့် စောင့်ဆိုင်းနေကြပြီး တိုကင်များအား အချင်းချင်း ငွေကြေးဖြင့် ပြန်လည်ရောင်းချမှုများ ဖြစ်ပေါ်လျက်ရှိသည်။

''နံနက် ၉ နာရီမှ ရောက်လာတော့ တိုကင်မရှိတော့ဘူး။ အဲ့ဒါနဲ့ ရှေ့ကနှစ်လုံးဝယ်ပြီးတဲ့သူက တိုကင်နှစ်စောင် ပိုတယ်ဆိုလို့ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း တစ်စောင်ကို ကျပ် နှစ်သောင်းပေးပြီး ဝယ်လိုက်တယ်'' ဟု ဂလက်ဆီ S4 လာရောက်ဝယ်ယူသူတစ်ဦးက ပြောသည်။

သို့သော် ဆမ်ဆောင်းအနေဖြင့် ယနေ့တွင် အလုံးရေ ၁ဝဝဝ အတိအကျသာ ရောင်းချပေး သွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် ဝယ်သူများအတွက်ကိုမူ ပစ္စည်းလက်ကျန်ပေါ် မူတည်ပြီးမှသာ ရောင်းချမှုအား နောက်ပိုင်းတွင် ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆမ်ဆောင်းမှ တာဝန်ရှိသူ ကိုဇာနည်က ဆိုသည်။

''ဒီနေ့မှာတော့ သတ်မှတ်အလုံးရေထက် ပိုရောင်းမှာ မဟုတ်ပါဘူး။ အစက ရောင်းပေးဖို့ စီစဉ်ထားပေမယ့် အခြေအနေအရ မရောင်းဖြစ်တော့ပါဘူး'' ဟု ၎င်းက ဆိုသည်။

Samsung Galaxy S4 အား ပြည်တွင်း၌ ယနေ့ စတင် ရောင်းချပေးခြင်းဖြစ်ပြီး အလုံးရေ ၁ဝဝဝ အား ငွေကျပ်ငါးသောင်း ဈေးလျှော့၍ ကျပ် ၅၆၉ဝဝဝ ဖြင့် ရောင်းချပေးခြင်းဖြစ်သည်။ ယင်းအတွက် ဝယ်ယူသူများကြား ပြဿနာ အနည်းငယ်ရှိသော်လည်း ဆမ်ဆောင်းအနေဖြင့် မြန်မာပြည် ခွဲတမ်း အတွက် ထပ်မံရရှိမည့် အလုံးအရေ များအား မရရှိလိုက်သည့် ဝယ်ယူသူများအတွက် စီစဉ်ရောင်းချပေးသွားမည် ဖြစ်ကြောင်း ကိုဇာနည် က ပေါ်ပြူလာနယူးစ်သို့ ဖြေကြားသည်။


.. www.MyanmarExpress.net
 

5 comments:

ဟား ဟား ဟား ဟားးးးးးးးး :-P

လိုချင်ကြတယ်ပေါ့ စီလိုက်က်ြနော်

နိုင်ငံတော်အတွက်ဆိုရင် အခွန်မဆောင်ချင်ဘူး၊
သူတို့လိုချငိရင် တန်းဖိုးများလည်း တန်းစီ ၀ယ်တယ်။

မလွယ်‌ပါ လက်‌ဖြစ်‌‌ရွှေလို မျက်‌လုံးဖြစ်‌လဲခက်‌တယ်‌ဟုသိရပါဆယ်‌

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်