Subscribe to our RSS Feed

မြောက်ဥက္ကလာ တွင် ချစ်တင်းနှောအပြီး အမျိုးသားတစ်ဦး သတိလစ်သေဆုံး

From : .. mizzima


တည်းခိုခန်းတွင် ချစ်သူနှင့် ချစ်တင်းနှောအပြီးတွင် အမျိုးသားတစ်ဦး သတိလစ်သေဆုံးခဲ့မှုတစ်ခု ဇူလိုင် ၂၈ ရက်က မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့ရာ ထိုကိစ္စကို မြို့နယ်ရဲစခန်းက အမှုဖွင့်ကာ စုံစမ်းစစ်ဆေးနေကြောင်း ရန်ကုန်တိုင်းရဲစခန်းက သတင်းထုတ်ပြန်သည်။

ရဲများက ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ အမျိုးသားတစ်ဦး သေဆုံးပြီး ရောက်ရှိနေ
ကြောင်း သတင်းရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာမှ ထိုကိစ္စစတင်ပေါ်ပေါက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

သေဆုံးသူသည် အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး သူသည်
မြောက်ဥက္ကလာပမြိှု့နယ် ဃ-ရပ်ကွက်ရှိ တည်ခိုခန်းတွင်သူနှင့် အသက်အရွယ်တူ ချစ်သူနှင့်အတူ ဇူလိုင် ၂၈ ရက် မွန်းလွဲ ၁ နာရီကျော်အချိန်တွင် တည်းခိုနေထိုင်ခဲ့သည်ဟုလည်း ရဲများကအတည် ပြုထားသည်။

သေဆုံးသူသည် ချစ်သူမိန်းကလေးနှင့် နှစ်ကြိမ်ခန့် ချစ်တင်းနှောအပြီးတွင် သတိလစ်မေ့မြောသွားသဖြင့် ဆေးရုံသို့ ပို့ဆောင်ရာလမ်းတွင်ပင် သေဆုံးသွားခဲ့သည်ဟု ရဲများ၏ စုံစမ်းစစ်ဆေးမှုရလဒ်များကို သတင်းထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။

အလောင်းတွင် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရသဖြင့် ၎င်းအမျိုးသားသေဆုံးရသည့် အကြောင်းအရင်း မှန်ကို
သေချာစွာစစ်ဆေးရန် မြောက်ဥက္ကလာပဆေးရုံကြီးကို အပ်နှံထားကြောင်း ရဲဌာနကဆိုသည်။

ယခုအမှုကို မြောက်ဥက္ကလာပရဲစခန်းမှ ဒုရဲအုပ်ဇော်မင်းခက်က တရားလိုပြုလုပ်တိုင်တန်းထားပြီး ရဲစခန်းကလည်း အမှုအမှတ်(ပ)၂၉/၁၃ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးဆောင်ရွက်မည်ဟု ရဲစခန်းက ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ 


.. www.MyanmarExpress.net
 

3 comments:

ဟီးဟီး လူကြားမကောင်း အင်း များသွားလို့ နေမှာပါ

ဆေးသောက်ပြီးဟတ်ထိသွားတာဖြစ်မယ်ထင်တယ်
မြန်မာလူမျိုးတွေအတွက် နိုင်ငံခြားကလာတဲ့ကြာဆေးတွေက ပြင်းလွန်းတယ်

တော်တော် ကောင်းတယ် စဖုတ် အတွက် အသက်ပေးသွားတဲ့သူ ရဲကောင်း ပေါ့ 

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်