Subscribe to our RSS Feed

အစိုးရနှင့် ပလောင်တပ်ဖွဲ့ ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးမည်

From : ..the voice

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့ဖြစ်သော ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရတို့ ပထမဆုံးအကြိမ် ဆွေးနွေးမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တစ်ဦးက အတည်ပြု ပြောကြားသည်။

ယင်းဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် PSLF/TNLA မှ အထွေထွေအတွင်းရေးမှူး ဦးမိုင်းဘုန်းကျော် ဦးဆောင်သောအဖွဲ့တို့ တရုတ်-မြန်မာ နယ်စပ်မြို့တစ်ခုဖြစ်သော မူဆယ်မြို့၌ ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“အစိုးရဘက်ကတော့ လက်မှတ်ထိုးနိုင်အောင် စီစဉ်ထားတယ်။ ဒါပေမဲ့ ဆွေးနွေးညှိနှိုင်းမှု အပေါ်မှာလည်း မူတည်တယ်။ သေချာပြောလို့ မရသေးဘူး” ဟု ၎င်းကဆိုသည်။

အစိုးရနှင့် PSLF/TNLA တို့ တွေ့ဆုံဆွေးနွေးရန် သတင်းထုတ်ပြန်ခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့တွင် ဒေသခံပြည်သူ့စစ်များနှင့် PSLF/TNLA ရှေ့တန်းတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA အရာရှိများက The Voice သို့ ပြောကြားသည်။

PSLF သည် ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တပ်မတော်အစိုးရထံ ၂၀၀၅ ခုနှစ်က လက်နက်ချခဲ့သော်လည်း ၂၀၀၇ ခုနှစ်တွင် PSLF စစ်ဦးစီးချုပ် တာညီလုံနှင့် တိုင်ပင်ကာ TNLA အမည်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။


 .. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်