Subscribe to our RSS Feed

မော်စကိုလေဆိပ်မှ မြို့တွင်းသို့ စနိုးဒင်း ထွက်ခွာနိုင်ဖွယ်ရှိ

From : ..planet




ထောက်လှမ်းရေး သတင်းအချက်အလက်များ ဖွင့်ချမှုကြောင့် အမေရိကန်က အသည်းအသန် အလိုရှိနေသော် CIAဝန်ထမ်းဟောင်းသည် မော်စကိုရှိ လေဆိပ်တစ်ခုမှ Transit Areaတွင် ပိတ်မိနေ

မော်စကိုလေဆိပ်မှ မြို့တွင်းသို့ စနိုးဒင်း ထွက်ခွာနိုင်ဖွယ်ရှိ
အက်ဒွပ် စနိုးဒင်းအနေဖြင့် မော်စကိုရှိ လေဆိပ်တစ်ခုတွင် (၁)လကျော်ကြာ ပိတ်မိနေမှုကို ဗုဒ္ဓဟူးနေ့တွင် အဆုံးသတ်နိုင်ရန် မျှော်လင့်နေကြောင်း သိရှိရသည်။ ထောက်လှမ်းရေး သတင်းအချက်အလက်များ ဖွင့်ချမှုကြောင့် အမေရိကန်က အသည်းအသန် အလိုရှိနေသော် CIAဝန်ထမ်းဟောင်းသည် မော်စကိုရှိ လေဆိပ်တစ်ခုမှ Transit Areaတွင် ပိတ်မိနေသည်။ ၎င်းသည် နိုင်ငံ အတော်များများသို့ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့သလို ရုရှား အစိုးရထံတွင်လည်း ခိုလှုံခွင့် လျှောက်ထားခဲ့သည်။ စနိုးဒင်း၏ ရုရှားရှေ့နေ ဖြစ်သူက ၎င်း၏ အမှုသည်မှာ ဗုဒ္ဓဟူးနေ့တွင် စာရွက်စာတမ်း ကိစ္စများ အပြီးသတ်ပြီး မော်စကိုမြို့ထဲ ဝင်ရောက်ခွင့်ရရန် မျှော်လင့်နေကြောင်း ပြောဆိုခဲ့သည်။

ရှေ့နေ အန်တိုလီ ကူချာရီနာသည် မော်စကို မြို့တော်ခန်းမသို့ စနိုးဒင်းကို ရွှေ့ပြောင်းပေးနိုင်ရန် ကူညီ ကြိုးစားပေးနေသူ ဖြစ်သည်။ ၎င်းက စနိုးဒင်းအနေဖြင့် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံထားသည့် တောင်အမေရိက နိုင်ငံများသို့ သွားရောက်ရန် မလုံခြုံသေးကြောင်း၊ အမေရိကန် အစိုးရသည် စနိုးဒင်းကို ကြားဖြတ် ပြန်လည် ခေါ်ယူနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားလာနိုင်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ အမေရိကန် အစိုးရသည် စနိုးဒင်းကို သူလျှိုမှုဖြင့် စွဲချက်တင်ရန် စီစဉ်နေပြီး ၎င်းကို လက်လွှဲပေးရန် ရုရှားအစိုးရထံ တောင်းဆိုထားသော်လည်း ရုရှားဘက်က ငြင်းဆန်ခဲ့သည်။

ကူချာရီနာက "သူ့အနေနဲ့ လေဆိပ်က ထွက်ခွာခွင့် စာရွက်စာတန်းတွေကို မြန်မြန်ဆန်ဆန် ရသင့်နေပါပြီ"ဟု ဆိုသည်။ စနိုးဒင်းသည် ရုရှားတွင် ယာယီ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံထားပြီး ယင်းခွင့်ပြုချက်သည် သက်တမ်း(၃)လစာမျှ အချိန်ရမည်ဖြစ်သည်။ စနိုးဒင်းသည် မော်စကိုရှိ ရှာရီမတ်ယီဗို လေဆိပ်တွင် ဇွန်လ(၂၃)ရက်နေ့ ကတည်းက ပိတ်မိနေခဲ့သူ ဖြစ်သည်။ ၎င်းကြောင့် ရုရှားနှင့် အမေရိကန်တို့၏ ဆက်ဆံရေးတွင်ပင် အေးခဲထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ကူချာရီနာက မိမိသည် စနိုးဒင်းကို ရုရှားနိုင်ငံသား ခံယူရေး လျှောက်ထားခွင့်အတွက်လည်း ဆက်လက် ကြိုးပမ်းပေးမည်ဟု ဆိုသည်။

ဗင်နီဇွဲလား၊ ဘိုလီးဗီးယားနှင့် နီကာဂွာရာ နိုင်ငံများသည် စနိုးဒင်းအား နိုင်ငံရေး ခိုလှုံခွင့်ပေးရန် အသင့်ရှိနေကြောင်း ကြေညာထားသည်။ သို့သော်လည်း ယင်း(၃)နိုင်ငံစလုံးသည် မော်စကိုမှ တိုက်ရိုက် ပျံသန်းသည့် လေကြောင်းလိုင်း မရှိဘဲ လမ်းခရီးတွင် စနိုးဒင်းအတွက် လုံခြုံရေး ပြဿနာများ ရှိလာနိုင်ကြောင်း သိရှိရသည်။

.. www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်