Subscribe to our RSS Feed

မန္တလေး ဗုဒ္ဓဘာသာ တရားပွဲ ဗုံးပေါက်ကွဲမှု မသင်္ကာသူ ကုလားအချို့ကို စစ်ဆေးနေ

From : .. bbc

Mandalay Blast on 21 July 2013

မန္တလေးတိုင်း အတွင်းမှာ ဘာသာရေး ပဋိပက္ခ ဖြစ်အောင် ဖန်တီးသူတွေကို ပြစ်ဒဏ် ချမှတ် တာတွေ လုပ်နေချိန်မှာပဲ ဗုဒ္ဒဘာသာ ဆရာတော်များ တရားပွဲကျင်းပနေစဉ် ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်လို့ သံသယ ရှိသူ တွေကိုလည်း ဖမ်းဆီး စစ်ဆေး နေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ရက် နေ့တုန်းက မန္တတေလေးမြို့ ၃၅ လမ်း နဲ့ ၈၆ လမ်းမှာ မန္တလေး မစိုးရိမ် ကျောင်းတိုက်က ဆရာတော် တပါး ဖြစ်တဲ့ ဦးဝီရသူရဲ့ တရားပွဲ အနီး ပေါက်ကွဲမှု ဖြစ်ခဲ့ တာကြောင့် လူငါးယောက် ဒဏ်ရာ ရတာနဲ့ ပတ်သက်ပြီး သံသယ ရှိသူ နှစ်ယောက်ကိုလည်း ဖမ်းဆီး စစ်ဆေး နေတယ်လို့ ဆိုပါတယ်။

ဆရာတော် ဦးဝီရသူက အဲဒီ ဖောက်ခွဲမှုကို အစ္စလာမ် အစွန်းရောက်တွေ လုပ်တာလို့ ယူဆရပြီး  လောလောဆယ် စုံစမ်း စစ်ဆေး နေတယ်လို့ ရဲမှူး ဦးစိုးငြိမ်း က ပြော ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် နေ့က အစိုးရ အဖွဲ့ကရဲ့ ထုတ်ပြန်ချက်မှာ တိုင်းပြည် ရေရှည် တည်ငြိမ် အေးချမ်းရေးက အရေးကြီးတဲ့ အတွက် ဘာသာရေး အစွန်းရောက်တဲ့ ရန်လိုမှု တွေကို တိုက်ဖျက် သွားမယ့် အကြောင်းနဲ့ ဥပဒေ ချိုးဖောက်တဲ့ ဘယ်ဘာသာဝင် ဘယ်လို လူမျိုးကို မဆို အရေးယူမယ်လို့ ဖော်ပြခဲ့ ပါတယ်။ 


ယခုနှစ်အတွင်း မိတ္ထီလာတွင်လည်း ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးကို အစ္စလာမ်ဘာသာဝင်တို့က ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။

.. www.MyanmarExpress.net
 

1 comments:

တရာခံကိုမိရင်သေဒဏ်ပေသင့်ပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်