Subscribe to our RSS Feed

လက်ပံတောင်းတောင် စီမံကိန်း စာချုပ်အသစ်အား ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ



 ဒေါ်အောင်ဆန်းစုကြည် အနီးကပ် ဆန္ဒပြခြင်းခံခဲ့ရသည့် လက်ပံတောင်းကြေးနီစီမံကိန်း နှင့် ​ပတ်သက်ပြီး ​သတ္တုတွင်းဝန်ကြီးဌာန ​မြန်မာ ​စီးပွားရေး ​ဦးပိုင်လီမိတက် ​နဲ့ ​၀မ်ပေါင် ​ကုမ္ပဏီတို့ ​အကြား ​စာချုပ်တွေ ​ပြန်လည် ​ပြင်ဆင် ​ချုပ်ဆိုပြီး ​ဖြစ်တဲ့ ​အကြောင်း ​သတ္တုတွင်းဝန်ကြီး ​ဌာန ​၀န်ကြီး ​ဒေါ်က်တာမြင့်အောင်က ​ဇူလိုင်လ ​၂၅ ​ရက်နေ့ ​ပြည်ထောင်စု ​လွှတ်တော်မှာ ​ပြောခဲ့ပါတယ်။

အခုလို ​စာချုပ်တွေ ​ပြန်ပြင်ချုပ်ဆိုတာဟာ ​လက်ပံတောင်းတောင် ​စုံစမ်းရေး ​ကော်မရှင်ရဲ့ ​အကြံပြုထားတဲ့အတိုင်း ​နိုင်ငံတော် ​အကျိုးအမြတ် ​ရရှိအောင် ​ပြင်ဆင်ချုပ်ဆိုထားတယ်လို့ ​ ဝန်ကြီး ​ဒေါ်က်တာမြင့်အောင် ​က ​ပြောပါတယ်။

နိုင်ငံတော် ​အတွက်ချုပ်ဆိုသော ​စာချုပ်တွင် ​နိုင်ငံတော်အတွက် ​အကျိုး ​ရှိစေရန် ​ပြင်ဆင်စာချုပ်တွင်  ​ထည့်သွင်းချုပ်ဆိုထားပါတယ်။ ​ပတ်ဝန်းကျင်ထိခိုက်မှုနှင့် ​ပတ်သက်ပြီး ​ပြင်ဆင်စာချုပ်၏ ​အပိုက် ​၉၊ ​၁၀ ​တွင် ​ထည့်သွင်း ​ချုပ်ဆိုထားပါတယ်။ ​လူမှုရေးဆိုင်ရာ ​ထိခိုက်မှုနှင့် ​ပတ်သက်ပြီး ​ပြင်ဆင်ချက် ​စာချုပ် ​အပိုက် ​၁၄ ​၁၅ ​တွင် ​ထည့်သွင်း ​ချုပ်ထားပါတယ်။

အဲ့ဒါ့အပြင် ​ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ ​လက်ပံတောင်းဒေသမှာ ​ဒေါ်လာသန်းနဲ့ချီတန်တဲ့ ​လူမှုရေးလုပ်ငန်းတွေကို ​နှစ်စဉ်လုပ်ရမယ်လို့လည်း ​ပါရှိပါတယ်။ ​လက်ပံတောင်းတောင် ​စုံစမ်းရေး ​ကော်မရှင်ရဲ့ ​အစီရင်ခံစာပေါ်မှာ ​အကောင်အထည်ဖော်ရတဲ့ ​ကော်မတီကလည်း ​သူတို့ ​အနေနဲ့ ​ဒေသခံတွေကို ​လျော်ကြေး ​တွေပေးထားတယ်လို့ ​ကော်မတီ ​ဥက္ကဌ ​ဦးလှထွန်း ​ကပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်ကို လက်ပံတောင်း တောင် အစီရင်ခံစာ အကောင် အထည်ဖော် ဆောင်ရွက်ရေး ကော်မတီက ဇူလိုင်လ ၂၆ ရက် တွင် နေပြည်တော် သတ္တုတွင်း ဝန်ကြီးဌာန ရုံး၌ သတင်းစာ ရှင်းလင်းပွဲ ပြု လုပ်ကာ ပြည်သူလူထုကို ချပြမည်ခဲ့သဖြင့် လူထုမှ ကျေနပ်အားရလျှက်ရှိကြောင်း သိရသည်။

တ္တုတွင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်အောင်နှင့် မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ ဦးဆောင်၍ မီဒီယာများကို တွေ့ဆုံ ရှင်းလင်းခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စာချုပ် ပြင်ဆင် ချုပ်ဆိုမှု၊ မြေ ယာ လျော်ကြေးပေးမှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဆောင်ရွက်မှုတို့နှင့် ပတ်သက်၍ သမ္မတရုံး ဝန်ကြီး ဦးလှထွန်းနှင့် သတ္တုတွင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်အောင်တို့က ဇူလိုင်လ ၂၅ ရက်နေ့ ပြည်ထောင်စု လွှတ်တော်တွင် ရှင်းလင်း တင်ပြသည်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဆက်လက် ဆောင်ရွက်ရန် မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် နှင့် တရုတ် ဝမ်ပေါင် ကုမ္ပဏီတို့ ဇူလိုင်လ ၂၄ ရက်နေ့က စီမံကိန်း စာချုပ် ပြင်ဆင် ချုပ်ဆိုခဲ့ပြီး စာချုပ် သစ်အရ စီမံကိန်း အကျိုးအမြတ်ကို နိုင်ငံတော်က ၅၁ ရာခိုင်နှုန်း၊ ဝမ်ပေါင် ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း နှင့် မြန်မာ့ စီးပွားရေး ဦးပိုင် ကုမ္ပဏီက ၁၉ ရာခိုင်နှုန်း အသီးသီး ရရှိမည် ဖြစ်သည်။

လက်ပံတောင်းတောင် စီမံကိန်းတွင် ထိခိုက် နစ်နာသူ ဒေသခံများ ၏ မြေယာ၊ သီးနှံနှင့် ရေတွင်းများ အတွက် လျော်ကြေးငွေ စုစုပေါင်း ကျပ် ၃၀၆၃၉ ဒသမ ၅၂ သိန်း ပေးလျော်ထားပြီး ဖြစ်ကြောင်း လက်ပံတောင်းတောင် အစီရင်ခံစာ အကောင်အထည်ဖော် ဆောင် ရွက်ရေး ကော်မတီ၏ စာရင်းများ အရ သိရသည်။


လက်ပံတောင်းတောင် ပဋိပက္ခနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ခုကို အစိုးရမှ ဖွဲ့စည်းပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အစီရင်ခံစာမှ အကြံပေးတင်ပြချက်များအတိုင်း ဦးပိုင်မှ ဖြည့်ဆည်းဆောင်ရွက်လျှက်ရှိသဖြင့် အဆိုပါ လက်ပံတောင်းတောင် စီမံကိန်း စာချုပ်အသစ်အား ဒေါ်အောင်ဆန်းစုကြည်မှ ထောက်ခံလျှက်ရှိကြောင်း သိရသည်။

 .. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်