Subscribe to our RSS Feed

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း ရင်းနှီးမြှုပ်နှံမှု တင်ဒါခေါ်ယူသွားမည်

From : ..mrtv4

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံလိုသူများအတွက် တင်ဒါစနစ်နဲ့ ခေါ်ယူသွားမှာဖြစ်တယ်လို့ ဇူလိုင်လ ၂၇ ရက်နေ့
က စက်မှုဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့  ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ဆက်စပ်စီမံကိန်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။ အဲ့ဒီလို တင်ဒါခေါ်ယူရာမှာတော့ ရင်းနှီးမြှုပ်နှံလိုသူတွေအနေနဲ့ နိုင်ငံတကာလုပ်ထုံးလုပ်နည်း များနဲ့အညီ ပါဝင်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

အဲ့ဒီလို ဆောင်ရွက်နိုင်ဖို့ ပြည်တွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ထိုင်းနိုင်ငံရှိ အဖွဲ့အစည်းများနဲ့ အထူးဖွဲ့စည်းပင်မကုမ္ပဏီဖွဲ့စည်းပေးသွားမှာ ဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းပြီးပါက ပြည်တွင်းလုပ်ငန်းရှင်များလည်း ပါဝင်ရင်နှီးမြှုပ်နှံနိုင်မှာဖြစ်တဲ့ အပြင် စီမံကိန်းကြီးမှာပါဝင်မယ့် လုပ်ငန်းအမျိုးအားများနဲ့ ရင်းနှီးမြှုပ်နှံသူများ၊ ကုမ်္ပဏီများရွေး ချယ်မှုကို ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီကသာ ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အထူးဖွဲ့စည်းပင်မကုမ္ပဏီကို ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားမှာဖြစ်ပြီး အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲပြီး ရှယ်ယာများရောင်းချခြင်းကိုလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။ အဲ့ဒီလို ပြုလုပ်ခြင်းဟာ ထားဝယ်အထူးစီးပွားရေးဇုန်ပြုလုပ်ဖို့ အရင်းအနှီးများပိုမိုရရှိလာ ရမှာဖြစ်ပြီး ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံမယ့်သူများကို တင်ဒါခေါ်ယူခြင်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့် စီမံကိန်းများကိုတော့ ပြည်တွင်းရှိထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲ ရေးကော်မတီမှ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်