Subscribe to our RSS Feed

ဆီးရီးယားပြည်တွင်းစစ်ကြောင့် သေဆုံးသူ တစ်သိန်းကျော်အထိ မြင့်တက်လာ

From : ..mrtv4

ဆီးရီးယား ပြည်တွင်းစစ်ကြောင့် သေဆုံးသူဦးရေ ၁သိန်းကျော် အထိ ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ တစ်လအတွင်းမှာပဲ ပြည်တွင်းစစ်ပွဲများကြောင့် လူ ၇၀၀၀ကျော် သေဆုံးခဲ့ရပါတယ်။ ဆီးရီးယား ပြည်တွင်းစစ် အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တို့ဟာ နယူးယောက်ခ် မြို့ရှိ ကုလသမဂ္ဂ အခြေစိုက်ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတွင်းရှိ အစိုးရနဲ့ အတိုက်အခံတွေအနေနဲ့ ပြည်တွင်းစစ်ကို အမြန်ဆုံး အဆုံးသတ်ဖို့ ဘန်ကီမွန်းက တိုက်တွန်း ပြောကြားထားပါတယ်။ လက်ရှိမှာတော့ ဆီးရီးယားပြည်သူ ၁.၇သန်းဟာ အခြားအိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းေ ရှာင် နေရတယ်လို့ သိရပါတယ်။

ယခင်က ကျင်းပပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကတော့ ကြားဝင်စေ့စပ်ပေးတဲ့ နိုင်ငံတွေအကြား သဘောထားကွဲလွဲမှုတွေကြောင့် ကျင်းပပြုလုပ်နိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ ဆီးရီးယားနိုင်ငံဆိုင်ရာ လူ့အခွင့်အေ ရး စောင့်ကြည့် လေ့လာသူတွေရဲ့ ပြောကြားချက်အရ ပဋိပက္ခတွေကြောင့် ယခုလ ၁၀ရက်နေ့ကစပြီး လူ ၂၀၀၀ကျော် သေဆုံးခဲ့ပြီး သေဆုံးသူအများစုဟာ အကြမ်းဖက် သောင်းကျန်းသူတွေ ဖြစ်ကြပါတယ်။ သေဆုံးသူတွေအနက် အပြစ်မဲ့ပြည်သူ ၆၀၀ကျော်ပါဝင်ပြီး အဲ့ဒီ ၆၀၀ထဲမှာ ကလေးငယ် ၁၀၀ကျော်နဲ့ အမျိုးသမီး ၉၀ကျော် ပါဝင်တယ်လို့ သိရပါတယ်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်