From :
..mrtv4
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ယခုလအတွက် တန်ဖိုးနည်း ဖုန်းများချထားပေးမှုမှာ ရန်ကုန်တိုင်းဒေသကြီးအတွက် GSM Simcard များ ပိုမိုချထားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုလို ချထားပေးရာမှာတော့ ငွေကျပ် တစ်ထောင့်ငါးရာ တန်GSM နဲ့ CDMA 800 MHz ဖုန်းဆင်းကတ်များကို ဇူလိုင်လ ၂၈ ရက်နေ့မှာ ချထားပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ယခုလိုချထားပေးသွားမယ့် တစ်ထောင့်ငါးရာတန် GSM Simcard တွေကိုတော့ ဆက်သွယ်ရေးတံဆိပ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး ယခင် MEC တံဆိပ်CDMA ဖုန်းရောင်းချတဲ့ ပုံစံအတိုင်း သက်ဆိုင်ရာမြို့နယ်များရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် မဲနှိုက်ရောင်းချ ပေးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် MEC တံဆိပ်အတိုင်းကဒ်ချိုးပြီး ၁၅ ရက်အတွင်း ငွေဖြည့်သွင်းခြင်း မရှိပါက အလိုအလျောက်လိုင်းပတ်သိမ်းမှာ ဖြစ်သလို ၂ လအတွင်း ငွေကျပ် ငါးထောင် ကုန်အောင်မသုံးစွဲပါကလည်း အလိုအလျောက်ဖြတ်တောက်သွားမျာဖြစ်ပါတယ်။ ဒါ့အပြင် အင်တာနက်လျှောက်ထားမှုများ၊ ဖုန်းကဒ်ပျောက်ပြန်လည်လျှောက်ထားမှုများကိုလည်း ယခင်MEC တံဆိပ်ဖုန်းများအတိုင်းသာ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ အခုလို ဖုန်းဆင်းကဒ်များချထားပေးရာမှာတော့ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်း ခရိုင်အတွင်းရှိ မြို့နယ် ၃ မြို့နယ်အတွကGSM ကဒ်ရေ ၁၀၄၅၃ ကဒ်ချထားပေးသွားမှာဖြစ်ပြီး CDMA Simcard 10 ကဒ်သာ ချထားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို GSM Simcard များ ချထားပေးမှုကြောင့် ယခုလအတွင်း ဖုန်းလာရောက်လျှောက်ထားသူများ ပိုမိုများပြား လာတယ်လို့သိရပါတယ်။
..
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်