Subscribe to our RSS Feed

လက်တလော ကရင်ပြည်နယ်တ၀န်း ရေလွမ်းနေသော်လည်း ရှစ်လေးလုံးငွေရတုအတွက် ကောက်ထားသော သိန်းပေါင်းများစွာကို အခမ်းအနားကြီးကျင်းပရေးအတွက်သာ ဦးစားပေးသုံးစွဲမည်


အဆက်မပြတ် ရွာသွန်းတဲ့မိုးကြောင့် မြစ်ချောင်းတွေ ရေလျံပြီး ကရင်ပြည်နယ်တ၀န်း ရေလွမ်းနေသော်လည်း ရှစ်လေးလုံးငွေရတုအတွက် ကောက်ထားသော သိန်းပေါင်းများစွာကို ငွေရတုအခမ်းအနားကြီး စည်ကားစွာ ကျင်းပရေးအတွက်သာ ဦးစားပေးသုံးစွဲမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားတစ်ဦးမှ ပြောကြားလိုက်ပါတယ်။

လက်တလောအားဖြင့် လှိုင်းဘွဲ့တမြို့လုံးနီးပါး ရေလွှမ်းနေသလို ပြည်နယ်မြို့တော် ဘားအံမြို့မှာလည်း ရေကြီးမှုကြောင့် ရေဘေးဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးစခန်း ၁၂ ခုလောက် ဖွင့်လှစ်ထားရပါတယ်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့မှာ မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် တောင်ကျရေ အရှိန်နဲ့ လှိုင်းဘွဲချောင်းရေ မြင့်တက်လာတဲ့အတွက် လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်တွေ အားလုံးနီးပါး ရေဘေးဒဏ်ခံစားနေရတယ်လို့ မြို့ခံ ဦးချစ်တင်က ဒီဗွီဘီကို ပြောပါတယ်။ ဇူလိုင် ၂၇ ရက်နေ့ကတည်းက ရေစတက်ခဲ့တာဖြစ်ပြီး အခုချိန်ထိ ရေမကျသေးဘဲ မြို့ပေါ် ရပ်ကွက် ၄ ခုလုံး ရေလွမ်းမိုးမှုဖြစ်ရတာလို့ ပြောပါတယ်။

နေအိမ်တွေ ရေမြုပ်သွားတဲ့ မိသားစုတွေ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေဆီ ပြောင်းရွှေ့ကြရပြီး ကျောင်းတွေအားလုံးလည်း ပိတ်ထားရပါတယ်။ ဒါ့ပြင် ကားလမ်းတွေ ရေမြုပ်ကုန်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားသလို မြို့နီးနားတ၀ိုက်က လယ်မြေတွေလည်း ရေနစ်မြုပ်ကုန်လို့ စိုက်ပျိုးသီးနှံတွေ ပျက်စီးမယ့် အနေအထား ဖြစ်နေပါတယ်။ လှိုင်းဘွဲ့မြို့မှာ လူနေအိမ်ခြေ ၅ ထောင်လောက်ရှိပြီး အရင်ကလည်း နှစ်စဉ် ရေကြီးလေ့ရှိပေမယ့် ဒီနှစ် ရေကြီးမှုဟာ အရင်နှစ်တွေထက် ပိုမိုဆိုးရွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အလားတူ ကရင်ပြည်နယ် ဘားအံမြို့မှာလည်း ဇူလိုင် ၂၈ ရက်နေ့ကစပြီး သံလွင်မြစ်ရေ တက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ၁ ၊ ၂ နဲ့ ၅ ရပ်ကွက်တွေက ဒေသခံတချို့ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေမှာ ပြောင်းရွှေ့နေကြရတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒီရေကြီးမှုကြောင့် ရေကြီးရပ်ကွက်က ကျောင်းတွေပိတ်ထားရပြီး ရေဘေးဒုက္ခသည် ၈ ထောင် လောက်အတွက် အာဏာပိုင်တွေက ကယ်ဆယ်ရေးစခန်း ၁၁ ခု ဖွင့်လှစ်ပေးထားပါတယ်။

ကရင်ပြည်နယ် မြ၀တီ၊ ကော့ကရိတ်မြို့နယ်တွေမှာလည်း ရေကြီးမှုတွေနဲ့ ကြုံတွေ့ နေရပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်၊ မိုင်းဆတ်နဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့တွေမှာ လည်း ရေကြီးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။


သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ ရှစ်လေးလုံး အကြမ်းဖက်ဆူပူမှု ၂၅ နှစ်ပြည့်အခမ်းအနားအတွက် သိန်းထောင်ချီသော ငွေများကို ကောက်ခံထားပြီးဖြစ်သည့်အပြင် အဆိုပါငွေများကို မလိုအပ်သည့် အခမ်းအနားကြီးများအတွက် ကုန်ကျမည့်အစား ဒုက္ခသည်တိုင်းရင်းသားများကို ကူညီဖို့ လူထုမှ ဆန္ဒရှိလျှက်ရှိကြောင်း သိရသည်။

  မနှစ်က ၈၈ ကျောင်းသားခေါင်းဆောင်များဦးဆောင်ကျင်းပသည့် ရှစ်လေးလုံး နှစ်ပတ်လည်ပွဲတွင်လည်း ရေအိုးများ၊ ကြက်ဥများ၊ ဆန်များဖြင့် အရူးများ ပွဲကသလို ကျင်းပခဲ့ပြီး ထိုစဉ်က လူထုမှ ၈၈ မျိုးဆက်များကို စိတ်ပျက်ခဲ့ရဖူးကြောင်း သိရသည်။

တိုင်းရင်းသား ဒုက္ခသည်များကို မကူညီပဲ မယောင်ရာဆီလူးကာ ရှစ်လေးလုံးငွေရတု အခမ်းအနားကျင်းပရေးအတွက် အလှူငွေ ထည့်သူများမှာ 

၁။ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ၁၀၀ သိန်း
၂။ ၂၀၁၂ ရန်ကုန် ၈၈၈၈ပွဲ ကျင်းပရေးကော်မတီ ၇ သိန်း
၃။ WIN & S.P.A.M ၂၀ သိန်း
၎။ ABC Computer &Electronics ၁ သိန်း
၅။ ဦးအောင်ထိုက်(စိတ်တိုင်းကျ) ၃ သိန်း
၆။ ဦးအောင်မိုးသူ ၄ သိန်း
၇။ ၁၉၈၈ ဒီမိုကရက်တစ် ညွန့်ပေါင်းအစည်းအရုံး ၁ သိန်း
၈။ 141 Plus ၅ သိန်း
၉။ ဒေါ်ခင်ဌေးမြင့်(သံသုမာလမ်း၊ တောင်ဥက္ကလာ) ၃ သိန်း
၁၀။ ဒီလှိုင်းစာစောင် ၅ သိန်း
၁၁။ Hot News ဂျာနယ် မိသားစုကြော်ငြာထည့်ဝင်ခ ၃ သိန်း
၁၂။ ဦးဝင်းထိန်(အမှတ် ၂၀၊ ရှင်စောပုလမ်း၊ စမ်းချောင်း) ၃ သိန်း
၁၃။ ဒေါက်တာကျော်စွာအောင် (ရန်ကုန်ဆေးရုံကြီး) ၃ သိန်း
၁၄။ ဦးတင်ဦး(တာမွေ) ၅ သိန်း
၁၅။ သူရိယအလင်းဂျာနယ် ၃ သိန်း
၁၆။ မစန်းစန်းကြည်(ခေတ္တ U.S.A)+ မကြူကြူစန်း(ခေတ္တ Israel)+မစန္ဒာဝင်း(စမ်းချောင်း) ၄ သိန်း
၁၇။ ကိုကျော်နိုင်+မမိုးသီတာ(အမှတ် ၂၈၃၊ (၁၅)ရပ်ကွက်၊ ရွှေဖီခိုင်ညှာလမ်း၊ တောင်ဥက္ကလာ ၁ သိန်း
၁၈။ ကိုကျော်စွာ+မဖြူ(Tri Colour) New York, U.S.A ၂ သိန်း
၁၉။ မြန်မာနိုင်ငံလူငယ်များအစည်းအရုံး(MY) ၈သောင်း၈ထောင်
၂၀။ ဒေါ်တင်တင်ဦး(၁၀၉၁၊ဦးလှဖေလမ်း၊ ၃၄ ရပ်ကွက်၊မြောက်ဒဂုံ ၂ သောင်း
၂၁။ ကိုအောင်မင်းနိုင်+မခင်ကြည်(ဒွန်စာကြည့်တိုက်) ၅ သောင်း
၂၂။ Myanmar Transitional Platfrom ၁၀ သိန်း
၂၃။ ကိုဝင်းဋ္ဌေး(၁၀၀/စကားဝါပင်လမ်း၊ ကြည့်မြင်တိုင်) ၁ သိန်း
၂၄။ ကိုကျော်မိုးအေး(ရေးမြို့၊ မွန်ပြည်နယ်) ၅ သောင်း
၂၅။ ဦးလွင်နိုင်ဦး(ရွှေပြည်တံခွန်ကုမ္ပဏီ) ၁ သိန်း ၅ သောင်း
၂၆။ ဒေါ်ရီရီမြင့်(အမှတ်၃၂၊ စဥ့်အိုးတန်းလမ်း၊ လသာမြို့နယ်) ၅ သိန်း
၂၇။ ဒေါ်ချိုချို(ညောင်ခြေထောက်မြို့) ၃ သိန်း
၂၈။ ဦးစိုးမြင့်+ဒေါ်မြသန်း(ဒေ၀ဒဟလမ်း၊ တောင်ဥက္ကလာ) ၁ သောင်း
၂၉။ မောင်စိန်ဝင်းနှင့်ညီများ(မန္တလေးမြို့) ၂၀ သိန်း
၃၀။ ဦးလွင်မိုးမိသားစု ၁ သိန်း
၃၁။ ကိုညီထက်အောင်(သမိုင်း) ၃ သောင်း
၃၂။ ကိုကျော်မင်းသိုက်+မယဉ်မင်းတင်(လှိုင်မြို့နယ်-ရန်ကုန်မြို့) ၁ သိန်း
၃၃။ စကာင်္ပူရောက်မြန်မာလုပ်ဖော်ကိုင်ဖက်များ(စကာင်္ပူဒေါ်လာ- 1220)
၃၄။ ဒါရိုက်တာကိုပေါက် ၁ သောင်း
၃၅။ ကိုချိုမင်း ၁ သိန်း
၃၆။ ကိုတိုးတိုး ၁ သိန်း
၃၇။ ဒေါ်အေးအေးချို(ပျော်ဘွယ်မြို့) ၃ သောင်း
၃၈။ WON ၃ သောင်း
၃၉။ Ma Susanna ၃ သောင်း
၄၀။ မဋ္ဌေးဋ္ဌေးရီ ၁ သောင်း
၄၁။ ဦးခင်တိုး(ကြူကြူဝင်းစားသောက်ဆိုင်) ကင်မွန်းချောင်းကျေးရွာ၊ ကျိုက်ထိုမြို့ ၁ သိန်း
၄၂။ ဦးအေးမောင်(ကေတုမတီကုမ္ပဏီ) မော်တင် ၁ သိန်း
၄၃။ ကိုမျိုး(မော်လမြိုင်ကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး) ၄ သောင်း
၄၄။ သုံးရောင်ချယ်အဖွဲ့ (ဂျပန်) ၁ သိန်း
၄၅။ အမည်မဖော်လိုသူတစ်ဦးရှစ်သောင်းရှစ်ထောင်ရှစ်ရာ
၄၆။ အမည်မဖော်လိုသူတစ်ဦးငါးထောင်
၄၇။ မညွန့်ညွန့်စိုး၊ မတင်တင်စိုး၊မိုးခိုင်ပြည်စိုးဒေါ်လာ$ ၅၀၀
၄၈။ ဒေါက်တာမြင့်နိုင်(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ စစ်ကိုင်းတိုင်း) ၁ သောင်း
၄၉။ ကိုသက်ကြူ(အမှတ် ၈၉၊ မြို့မလမ်း၊ ပခုက္ကူမြို့) ၅ ထောင်
၅၀။ ကိုတင်နေထွန်း(ပခုက္ကူမြို့) ၅ ထောင်
၅၁။ ကိုမြင့်လှိုင်-မမွန်မွန် ၃ သောင်း
၅၂။ ခန့်ဇေယျာလှိုင်(ပခုက္ကူ) ၁ သောင်း
၅၃။ ပွင့်လင်းလူ့အဖွဲ့အစည်း( No. 148 / 15 လမ်း၊ ဘ၀သစ်၊ မကွေး) ၁ သောင်း
၅၄။ Dr. ၀င်းအောင်+ ဒေါ်နီလာ(ခင်ဦး၊ စစ်ကိုင်းတိုင်း) ၁ သောင်း
၅၅။ ကိုခင်မောင်စိုးနှင့် ဇနီး (ကန့်ဘလူမြို့) ၁ သောင်း
၅၆။ ဦးဇော်ကြီး(ရွှေဘို) ၃ ထောင်
၅၇။ ရာစုနှစ်မီးအိမ်စာကြည့်တိုက်ထူထောင်ရေး၊ အမှတ်(၁) ၅ ထောင်
၅၈။ ကိုကြည်ဖြူအောင်(ရန်ကြီးအောင်လမ်း၊ရွှေဘို) ၅ ထောင်
၅၉။ ဦးအောင်မင်း+ဒေါ်သန်းရီ(ရွှေဘို) ၃ သောင်း
၆၀။ ကိုထိန်လင်းသူ(တော်ဝင်ပိုးတွဲစတိုး၊ ရွှေဘို) ၃ သောင်း
၆၁။ ဦးသန်းလွင်+ ဒေါ်ဝင်းမာ(ရွှေဘို) ၁ သောင်း ၅ ထောင်
၆၂။ Dr. ကိုချမ်း+ ဒေါ်မြင့်မြင့်(ဇောတိကလမ်း၊ စမ်းချောင်း) ၁ သောင်း
၆၃။ ဒေါက်တာစမ်းစမ်းဦး( UK) US $ ၁၀၀
၆၄။ ဦးမြင့်ဦး(အမှတ်(၁၀၄)၊ သိပ္ပံလမ်း၊ ဂဠုန်ရပ်ကွက်၊အလုံမြို့နယ်၊ ရန်ကုန်မြို့ ၁ သောင်း
၆၅။ သရုပ်ဆောင် ထွန်းအိန္ဒြာဗို ၁ သိန်း
၆၆။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၅ သိန်း
၆၇။ ဒေါ်မူမူဝေ ၁ သိန်း
၆၈။ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ ၅ သိန်း ၅ သောင်း ၅ ထောင်
၆၉။ AAPP(Burma) ၁၀ သိန်း
၇၀။ Dr.Seinenu M Thein(USA) US $ 400
၇၁။ ဦးပညာဇောတ(ခ)နတ်စော US $ 100
၇၂။ ကိုဖိုးခွား US $ 100
၇၃။ ကိုရွှေကို US $ 100
၇၄။ အလှူရှင်တစ်ဦး(ရှမ်းပြည်နယ်) ၂၅၀ သိန်း

 

 .. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်