Subscribe to our RSS Feed

မလေးရှား မွတ်ဆလင်အစိုးရမှ မြန်မာလူနည်းစုများအပေါ် ပုံစံသစ်ဖြင့် ဖိနိပ်လျှက်ရှိ

From : ..ဝဿန်


ယနေ့ မလေးရှားရောက် မြန်မာနိုင်ငံသားများ အားလုံး သိသင့်တဲ့ သတင်း တစ်ခု အနေနဲ့ မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဌာနရဲ့နောက်ထပ် ပြောင်းလဲ လိုက်တဲ့ ဒဏ်ငွေများကို မြန်မာပြည် ပြန်ရန် ဆောင်ရွက်မည့် သူများ သိရှိရအောင် ကျွန်တော်တို့ ရေးသား တင်ဆက် ပေးတာဖြစ်ပါတယ်။
ယခင် မြန်မာပြည် သို့ပြန်ရန် ဆောင်ရွက်ပုံများမှာ ပတ်စပို့ရှိသူများ ၊ပတ်စပို့မရှိ၍ CI လျှောက်ထားပြီး ပြန်သူများ အားလုံး Putra Jaya အင်မီဂရေးရှင်းရုံးသို့သွားရောက်ပြီး Special Pass လျှောက်ထားရန် အတွက် တုံကင် ယူကာ ပြန်လည် ချိန်းဆိုးသော နေ့တွင် ဒဏ်ငွေ ၄၀၀ ရင်းဂစ် ပေးဆောင်ပြီး ချိန်ဆိုသော နေ့တွင်ေ လေယာဉ် လက်မှတ် ဝယ်ကာ ပြန်ရန်သာဖြစ်သည် ။
ယခု ပြောင်းလဲ လိုက်သော အစီအစဉ် အသစ်တွင်တော့ ယခင်လို ဒဏ်ငွေဆောင် Special Pass ထုတ်ဖို့ ရက်ချိန်းစောင့်ရန် တိုကင်မပေးတော့ပဲ တိုက်ရိုက် တစ်နေ့တည်း Special Pass ပေးကာ ဒဏ်ငွေ ၄၀၀ ရင်းဂစ်အစား
ပတ်စပို့စာအုပ်ရှိသူများအား - ဒဏ်ငွေ ၂၂၀၀ ရင်းဂစ်
ပတ်စပို့မရှိပဲ CI သမားများအတွက် - ဒဏ်ငွေ ၃၀၀၀ ရင်းဂစ်
သတ်မှတ်ပြီး တစ်ရက်တည်း Special Pass ထုတ်ပေးပြီဖြစ်သည် ။
သို့ကြောင့် မြန်မာပြည်သို့ တရားဝင်ပြန်ရန် ဆောင်ရွက်သူများ ပေးဆောင်ရမည့် ဒဏ်ငွေမှာ အလွန်မြင့်မား သွားပြီ ဖြစ်ပါသည် ။
ပြီးခဲ့တဲ့ အပတ် တနင်္လာနေ့မှ စတင်ကာ ယခုကဲ့သို့ ဒဏ်ငွေတောင်းခံ လိုက်သောကြောင့် ပြန်မည့်သူများ အခက်တွေ့ကုန်ကာ တော်တော်လေး ကမောက်ကမ ဖြစ်ကြကြောင်းလည်း သိရသည် ။
သို့ကြောင့် မြန်မာပြည် ပြန်ရန် ဆောင်ရွက်မည့် သူများအတွက် မိမိတို့ ပြန်လိုသောနေ့တွင် ပြန်နိုင်ပြီ ဖြစ်သော်လည်း ပေးဆောင်ရမည့် ဒဏ်ငွေများမှာတော့ အထက်ပါ အတိုင်း မြင့်တက်ခဲ့ပြီ ဖြစ်ကြောင်းကို မလေးရှားရောက် မြန်မာများ သိရှိစေရန် ကျွန်တော်တို့ရေးသား တင်ဆက် ပေးရပါသည် ။

.. www.MyanmarExpress.net
 

3 comments:

1-THANK YOU FOR THE INFORMATION.
2-PLEASE COME BACK MEG AS SOON AS POSSIBLE.
3-ALL POSTS ARE STAND STILL AFTER
JUNE 24,2013.

ေ တွ လား သူ တို့  နို င် ငံ ကျ အဲ လို လု ပ် တာ ဒို ဗ မာေ တွ ရယ် ပြန် တာ လာ ပါ တော့ ဟယ် ဒို့ နို င် ငံ မှာ မ ချမ်း သာ ပေ မယ့် ငတ် တော့ မ သေ ပါ ဘူး
မြန် မာ ချ စ် သူ

ဟုတ်ပါ့ဗျာ၊ ကျွန်တော်တို့နိုင်ငံမှာလည်း ကုလားတွေအများကြီးလာနေနေတာ သူတို့ကိုလည်း အခွန်ဆောင်ခိုင်းရောပေါ့။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်