Subscribe to our RSS Feed

တောင်ငူခရိုင် ဖြူးမြို့နယ် ကြိုးတံတားအောက် ဗုဒ္ဒဘာသာ လူငယ်တစ်ဦး ဓားဒဏ်ရာ (၇) ချက်ဖြင့် သေဆုံး

From : .. the voice

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ဝဲကြီးကျေးရွာမြောက်ပိုင်း ကြိုးတံတားအောက်၌ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၈ နာရီခန့်က အသက်၂၂ နှစ်အရွယ် လူငယ်တစ်ဦး ဓားခုတ်ခံထားရသော ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ဖြူးမြို့နယ် မြို့မရဲစခန်း ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

သေဆုံးသူ ကျော်ဌေးဦးကို ဦးလေးဖြစ်သူ ဦးကျော်စိုးက အဆိုပါ ကြိုးတံတားအောက်၏ ဖြူးချောင်းအတွင်းတွင် တွေ့ရှိခဲ့ပြီး သေဆုံးသူတွင် ကုပ်ပိုး၊ ညာဘက် ဦးခေါင်း၊ နောက်စေ့၊ ညာဘက်နားရွက် အောက်တို့တွင် ဓားဒဏ်ရာခုနစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း အဆိုပါ ရဲစခန်း၏ ကနဦးတိုင်တန်းချက်အရ သိရှိရသည်။

“ဒီအမှုနဲ့ပတ်သက်ပြီး ရွာမှာ အသတ်ခံတဲ့နေရာနဲ့ နီးတဲ့သူတွေကို ရဲက စစ်နေတယ်” ဟု ဝဲကြီးကျေးရွာတွင်နေသူ ဦးပေါ်ဦးက ပြောကြားသည်။

လက်ရှိ ဓားဖြင့်ခုတ်သူကို ဖမ်းမိခြင်း မရှိသေးဘဲ စုံစမ်းလျက်ပြီး အဆိုပါလူသတ်မှုနှင့် ပတ်သက်၍ -၂၉၈/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း ဖြူးမြို့မ စခန်းမှူး ဒုရဲမှူး ကျော်ဝင်းက ပြောကြားသည်။


ပြီးခဲ့သည့် မိတ္ထီလာအရေးအခင်း နှင့် ရခိုင်အရေးအခင်းများအတွင်းကလည်း သံဃာတော် တစ်ပါးအပါအဝင် ဗုဒ္ဒဘာသာ မြန်မာအများအပြား ဓားခုတ်ခံရကာ သေဆုံးခဲ့ခြင်းများရှိခဲ့သည်။

 .. www.MyanmarExpress.net
 

2 comments:

Jihad. No doubt about it.

ခုတ လော သေ တဲ့ သ တင်းတွေပဲ ကြား နေ ရ တယ် မိ ရင် မှတ် လောက် တဲ့ အ ပြစ် ပေး လိုက် ပါ ဟယ် သ နား ပါ တယ်
မြနိမာ ချစ် သူ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်