From :
..eleven

ရန်ကုန်မြို့တော်၏ အမှိုက်သိမ်းနှင့် သန့်ရှင်းရေး လုပ်ငန်းများတွင် အသုံးပြုရန် အမေရိကန်နိုင်ငံမှ ဟိုက်ဒရောလစ် အမှိုက်ပုံးချိတ် ကားများနှင့် ရေဆေးသည့်ကားများ ရောက်ရှိ လာကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ရောက်ရှိလာသော ကားများမှာ ဟိုက်ဒရောလစ် အမှိုက်ပုံး ချိတ်ဆက်ကား Compactor Garbage Truck Real Bin ၃၈ စီး၊ လမ်းများအား ရေဆေးသည့်ကား Road Cleaning Truck နှစ်စီးနှင့် အမှိုက်ခြောက်များအား စုပ်ယူသည့်ကား Road CleaningVacuum Truck နှစ်စီး စသည်တို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမှိုက်သိမ်းယာဉ်များအား အသုံးပြုခြင်းအားဖြင့် သန့်ရှင်းရေး ၀န်ထမ်းများ အမှိုက်များ လိုက်လံကျုံးစရာ မလိုတော့သည့်အပြင် စွန့်ပစ်သည့် နေရာတွင်လည်း အဆင်ပြေစေ နိုင်သည်ဟု သိရသည်။
ရေးဆေးသည့် ကားများမှာလည်း သန့်ရှင်းရေး ပြုလုပ်ရာတွင် အသုံးဝင်သည်ဟု သိရပြီး လမ်းများပေါ်ရှိ လူကူးမျဉ်းကျားများ၊ ဖြူနီကျားများအား ရေဆေးသန့်ရှင်းရေး ပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်သည်ဟု သိရသည်။
ယခင်က ရန်ကုန်မြို့တော် အမှိုက်သိမ်း လုပ်ငန်းများတွင် အသုံးပြုရန် တရုတ်၊ ဂျပန်၊ ကိုရီးယား စသောနိုင်ငံများမှ အမှိုက်သိမ်းယာဉ်များကို ၀ယ်ယူအသုံးပြုခဲ့ရကြောင်း၊ ရန်ကုန်မြို့တော်တွင် အမှိုက်သိမ်း လုပ်ငန်းများတွင် အသုံးပြုနေသော အမှိုက်သိမ်းယာဉ် ၃၀၀ ကျော်အနက် ၁၀၀ ကျော်မှာ ဟောင်းနွမ်းနေ၍ နှစ်စဉ်ထိန်းသိမ်း ပြုပြင်သုံးစွဲ နေရသေးကြောင်း၊ ယခုနောက်ပိုင်းမှ အမှိုက်သိမ်း လုပ်ငန်းများတွင် အမေရိကန်နိုင်ငံမှ ခေတ်မီယာဉ်ကြီးများ ဖြည့်တင်းသုံးစွဲရန် ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.. www.MyanmarExpress.net

1 comments:
Thank a lot for donation and hope more in future
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်