Subscribe to our RSS Feed

KIA တပ်သားတွေရဲ့ ရင်ဖွင့်သံ

From : ..http://newmyanmarpyi.blogspot.com/

 သူတို့ စိတ်ညစ်နေကြပြီ
ကချင်မှာမွေးခဲ့တဲ့ကျနော်ဟာ မပြန်ဖြစ်တာကြာပြီဖြစ်တဲ့ မွေးရပ်မြေကိုပြန်လာခဲ့ပါတယ်။ ကျနော်မွေးရပ်မြေ ဟာ ဗန်းမော်-လွယ်ဂျယ်ကားလမ်းအတိုင်းသွားရတဲ့ ရွာတစ်ရွာပါ။ လမ်းခရီးသွားရင်း KIA တပ်ကအချို့တပ် သားတွေကို တွေ့ခဲ့ရပါတယ်။ ဒီလိုတွေ့တဲ့အခါမှာ သူတို့အချင်းချင်းပြောနေတဲ့ စကားသံတွေပါ ကြားရပါတယ်။ သူတို့တွေက KIA ရဲဘော်လို့ထင်ရတာပါပဲ။ ထင်ရတဲ့အကြောင်းက ၀တ်ပုံစားပုံ က  တော်တော်အနေဆင်းရဲတဲ့ပုံပါ။ အပွင့်တွေဘာတွေလဲမတွေ့ရလို့ပါပဲ။ ဘာတွေပြောနေလည်းဆိုတော့ သူတို့တတွေဟာ စစ်တိုက်ရတာတော်တော်စိတ်ညစ်နေကြတဲ့ပုံပါ။ KIA ရဲဘော်ထဲကတစ်ယောက်က
"ငါတို့လည်း ဖြစ်နိုင်ရင် ငြိမ်းချမ်းရေးကိုပဲ လိုချင်တယ်။ ကြာတော့ငါလည်းဒီလိုနေရတာ ငြီးငွေ့လာပြီကွာ။ မိသားစုနဲ့လည်း မတွေ့ တာကြာပြီ။ အိမ်ကိုလည်း လွမ်းတယ်ကွာ။ ငါတို့အထက်က အရာရှိတွေ လည်း  မြန်မြန်  ငြိမ်းချမ်းရေး ယူဖို့လုပ်ပါစေကွာ။ ငါတို့အပေါ်နားလည်ပေးသင့်တယ်" လို့ပြောနေတာကြားခဲ့ ရပါတယ်။
နောက်တစ်ယောက်ကလည်း "အေးကွာ ခုတလောငြိမ်နေတာတော့ကြာပါပြီ။ နိုင်ငံရေးအခြေအနေ ဒီလိုငြိမ် နေတာပဲကောင်းပါတယ်။ ငါတို့လည်း ရိက္ခာကပြတ်။ နေမကောင်းရင်လည်း ဆေးဝါးကမရှိ။ မိသားစုနဲ့ကလည်းခွဲနေရ။ ငါတော့ဖြစ်နိုင်ရင် ဘာဖြစ်ဖြစ်ခွင့်မပြုလည်း အိမ်ပြန်ချင်တယ်ကွာ" လို့ ရင်ဖွင့်နေကြ တာတွေကြားခဲ့ရပါတယ်။
ကျနော်လည်းသူတို့ပြောသံတွေကြားတော့ KIA အပေါ် မကြိုက်ပေမယ့် သနားမိပါတယ်။ အောက်ခြေက ရဲဘော်တွေက မချစ်ပေမယ့် အောင့်ကာနမ်းဆိုသလို မလုပ်ချင်ပဲလုပ်နေရတဲ့ ပုံပါပဲ။ ကျနော်မွေးရပ်မြေဖြစ် တဲ့ ကချင်ကိုလည်း ကျနော်အမြန်ငြိမ်းချမ်းစေချင်ပါတယ်။ ကိုယ်ကတပ်မတော်သားလည်း မဟုတ်။ KIA ရဲဘော်လည်း မဟုတ်ပေမယ့် ပြည်သူတစ်ယောက်အနေနဲ့ သေနတ်သံတွေမကြားချင်တာကတော့ အမှန်ပါပဲ။ ကျနော်လိုသာမန်လူတောင်သိနေရင် KIA ကခေါင်းဆောင်တွေလည်း ကိုယ့်အောက်ကလူတွေ အခြေအနေကို သိမယ်လို့ထင်တယ်။ သိရက်နဲ့ ခေါင်းမာနေတာလား။ ဒါမှမဟုတ် ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုသလို အောက်ကလူတွေဘာဖြစ်နေနေ ကိုယ်ကောင်းစားဖို့လိုတယ်ဆိုတဲ့ စိတ်နဲ့ နေနေကြတာလားဆိုတာတော့ KIA ကခေါင်းဆောင်တွေအသိဆုံးဖြစ်မှာပါပဲ။

By ကချင်ကိုငြိမ်းချမ်းစေချင်သူ
.. www.MyanmarExpress.net
 

6 comments:

KIA KIO SSA ဘာေ တွ မ န်း ကိုထမသိ ဘူး ကို ယ့် ဟာ ကို ဖွဲ့ ချင် သ လို ဖွဲ့ ကို့ယ် ဟာ ကို လို ချင် သ လောက် အ ပွ င့် တင် စ စ် တက် နဲ့ ပြည် သူ ကို သွေး ခွဲ:-) နေ တာ
မြန် မာ ချစ် သူ

ဘာ ဖြစ် လို့ လက် နက် ကိုင် ပြိး အ စိုး ရ တပ် မ တော် ကို တိုက် နေ ကြ တာ လဲ ဘာ ကို လို ချင် တာ လဲ အ မေ ရိ ကန် စစ် စ တန် ဒီ မို က ရေ စီ ထက် ကျော် ပြိး လို ချင် တာ လား ခင် ဗျား တို့ ခေါင်း ဆောင် က က ချင် လားး ဝ လား ရှမ်း လား တ ရုတ် ကြိး ဖြစ် နေ အုးံ မယ် နော် အ မေ ရိကန် စစ် စ တန် ထက် လို ချင် ရင် တော့ တိုင်း ပြည် ပြို ကွဲ အောင် လုပ် နေ တာ ဘဲ အိမ် မက် လို့ ဘဲ မှတ် ပါ ခင် ဧျား တို့ နေ တဲ့ နေ ရာ ဝန် ကျင် အ ကုန် လုးံ ဆထာင်းန မေါင်း ကျေ ပြိး ခင် ဗျား ရဲ့ အ သက် ကင်း မဲ့ မှာ အ မှန် ပါ
အ စိုး ရ တပ် မ တော် ကို အန် တု ရင် ဖား တု လို့ ခ ရု ခုန် အိုင် ပျက် ရုံ တာ ရှိ မှာ ပေါ့ ခင် ဧျား တို့ လုပ် နေ တဲ့ အ လုပ် ဟာ မိုက် ကန်း တာ ပါ ခင် ဧျား တို့ ခေါင်း ဆောင် တွေ မိုး မ စစ် တွေ ဘဲ ထား စ ရာ မ ရှိ အောင် ချမ်း သာ ကြ တာ ပါခင် ဗျား တို့ ဘာ ရည် ရွယ် ချက် လဲ ဘယ် သူ က ကူး ကျော် နေ လို့ လဲ စစ် ဦး စီး ခူပ် ဆို ရင် မွန် တိုင်းရင်း သား ပါ ဒု သ မ္မတ ဆို ရင် ရှမ်း တိုင်း ရင်း သား ပါ ဘယ် လို ဟာ မီူး လို ချင် တာ လဲ မီူး မ စစ် တဲ့ တ ရုတ် စပ် ခေါင်း ဆောင် တွေ ပြော တိုင်း ယုံ လှဲ့ ကွက် ထဲ မှာ ချာ ချာ လည်

တရုတ် တွေ ရဲ့ ရည် ရွယ် ချက် က ဘာ လဲ ဆို တာ ကို မ လေ့ လာ UWSA ဝ တပ် လို့ တာ ပြော တယ် ခေါင်း ဆောင် က တ ရုတ် ဝ ကို ခု တုးံ လုပ် ပြိး ကြာ လာ ရင် ဝနယ် ဟာ တ ရုတ် လူ မီူး တွေ ကြိး စိုး တော့ မယ် တော် တော် အ တဲ့ ငါ တို့ တိုင်း ရင်း သား တွေ တ ရုတ် ကြိး ရည် ရွယ် ချက် ရှိ ရှိ နဲ့ လုပ် ဆောင် နေ ကြ တာ တိုင်း ရင်း သား တွေ အ မြင် မှန် ရ ကြ ပါ တော့
မုဖြစ် နိုင် တဲ့ အ ရာ တွေ တောင်း နေ ရင် တော့

အိမ် ကြက် ခြင်း ခွတ် တော့ တ ရုတ် ကြိး က သ ဘော ကျ ဆန တာ ပေါ့ ကိုယ် ကို ကို ပြန် စဉ်း စား ကြ ပါ
လက် နက် ကိုင် ပြိး ရန် ခံ နေ ရင် တော့ ကိုယ့် လူ မီူး ကို သေ ကြောင်း ကြံ တာ နဲ့ အ တူ တူ ပါ ဘယ် တော့ မှ လဲ မ တိုး တက် တော့ ပါ ယခင် က ထိုင်း က မြှောက် ပင့် ပေး တယ် ယ ခု တ ရုတ် ကြိး က ရည် ရွယ် ချက် ကြိး ကြိး နဲ့ တိုင်း ရင်း သား



ဝ ရှမ် က ချင် တွေ ကို မြှောက် ပင့် ပေး နေ ကြ ပါ ပြိ

ပခကတာ တိး

But BBC, VOA RFA. DVB and UN are informing us a totally different picture. They show us smart uniformed KIA soldiers equipped with modern weapons happily doing their sentry duty.

တိုင်းရင်းသားတွေ အေးအေးဆေးဆေးနေကြပါတော့ ရန်မဖြစ်ကြပါနဲ့
ပုန်ကန်လာတာ ဘယ်တုန်းက ဘာအကျိုးတွေရှိဖူးသလဲ။ စဉ်းစာအုံး။
ဗမာတွေကို စစ်ရေးလေ့ကျင့်ပေးသလိုပဲနော်။ ပိုပိုပြီး ဝေးဝေးသွားလိမ့်မယ်။

ငြိမ်းချမ်းခြင်းရဲ့တန်ဖိုးကို မသိသေးတဲ့ တိုင်းရင်းသားများကို
လက်တွဲဖေးမပေးပါ။

ငြိမ်းချမ်းရေး ကိုလိုလားကြပါ ဗျာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်