Subscribe to our RSS Feed

၂၀၁၁ ခုနှစ်က မဇ္ဈိမ ဝါဒဖြန့်ခဲ့သည့် ရန်ကုန်မှ လာဘ်ယူအများဆုံး ၁၉ ကျောင်း သတင်း တကြော့ပြန်ခေတ်စားနေ


၂၀၁၁ မေ လ ၁၈ ရက်နေ့က မဇ္ဈိမ သတင်းဌာနမှ ဝါဒဖြန့်ခဲ့သည့် ရန်ကုန်မှ လာဘ်ယူအများဆုံး ၁၉ ကျောင်း သတင်း မှာ ၂ နှစ်ကျော် ကြာပြီးနောက် သတင်းအသစ်အဖြစ် ယခုအခါ ပြန်လည်ခေတ်စားလျှက်ရှိကြောင်း သိရသည်။


အဆိုပါ သတင်းတွင် ကျောင်းသားမိဘထံမှ အများဆုံး လာဘ်ယူသော ကျောင်း ၁၉ ကျောင်း အမည် ဟုဆိုကာ ကျောင်းအချို့ကို ဖော်ပြထားပြီး အဆိုပါကျောင်းများစာရင်းတွင်မင်္ဂလာဒုံ အောင်ဆန်းသူရိယ လှသောင်း ကျောင်းပါ ပါဝင်လျှက်ရှိသည်။ လှသောင်းကျောင်းမှာ မင်္ဂလာဒုံ တပ်တွင်းကျောင်းဖြစ်ပြီး တပ်မတော် မိသားစုများ၏ သားသမီးများသာ တက်ရောက်ခွင့်ရှိသောကျောင်းဖြစ်သောကြောင့် လဘ်စားခြင်း တစုံတရာမရှိကြောင်း သိရသည်။

သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက် နှင့် ပညာရေးဝန်ကြီး ဒေါက်တာမြအေးလက်ထက်တွင် သန့်ရှင်းသောအစိုးရ ဖြစ်ရေး အဓိက ထားဆောင်ရွက်လျှက်ရှိပြီး ကျောင်းတိုင်းတွင် ကျောင်းဝင်ကြေးမှလွဲ၍ အခြား မည်သည့်အကြောင်းဖြင့်မှ ငွေကြေးကောက်ခံခွင့်မရှိကြောင်း သိရသည်။ 

၂၀၁၁ က မဇ္ဈိမ သတင်းကို .http://www.mizzimaburmese.com/business/corruption-in-burma/7568-2011-05-18-06-20-27.html တွင် ဖတ်ရှုနိုင်သည်။

. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်