Subscribe to our RSS Feed

မူစလင် ညီအစ်ကိုများအဖွဲ့ ” မှ ကိုယ်စားလှယ်များ KIO / KIA ဗဟိုလဌာန ချုပ် (လိုင်ဇာ) သို့ရောက်ရှိနေ ကြောင်း သတင်းများ ထွက်ပေါ်

From : ..Thway Thit Sar

အိန္ဒိယ- ပါကစ္စတန် နှစ်နိုင်ငံ နယ်စပ်အခြေစိုက် အစ္စလာမ်ဘာသာရေး အစွန်းရောက်အဖွဲ့ ဖြစ်သော “ မူဆလင် ညီအစ်ကိုများအဖွဲ့ ”မှ ကိုယ်စားလှယ် (၂) ဦးနှင့် စကားပြန် (၁) ဦး စုစုပေါင်း (၃) ဦးတို့သည် KIO/KIA ဗဟိုဌာနချုပ် (လိုင်ဇာ)သို့ ဇူလိုင် (၂၅) ရက်နေ့ ည (၇) နာရီခန့်တွင် ရောက်ရှိလာခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်ဟု မြို့ခံအချို့ထံမှ သိရသည်။

“ ကြားရတဲ့သတင်းကတော့ မူစလင်ညီအစ်ကိုများအဖွဲ့က ကိုယ်စားလှယ်တွေ ဒီလိုင်ဇာမှာရှိတဲ့ KIO/KIA ဌာနချုပ်ကို ရောက်လာတယ်လို့ သိရတယ်။ အိန္ဒိယ နိုင်ငံကနေ လာတယ်လို့ ပြောသံကြားတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ (၂) ရက်လောက်တုန်းကတော့ သူတို့ကို လိုင်ဇာမှာ မထားတော့ဘဲ လိုင်စင်ပို့စ်ဘက်ကို ကားတွေနဲ့ ခေါ်သွားတယ်လို့ သိရတာပဲ ” ဟု မြို့ခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
“ အဲဒီအဖွဲ့ဟာ အစ္စလာမ်ဘာသာရေး အစွန်းရောက်တွေဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ဂျီဟတ်စစ်ပွဲဆင်နွဲဖို့ အကြံတွေလာထုတ်တာဖြစ်မှာပါ၊ KIA အဖွဲ့နဲ့ ပူးပေါင်းပြီး စည်းရုံးရေးတွေလုပ်မယ်၊ အဲဒီ KIA အဖွဲ့ကနေတဆင့် အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဖို့လုပ်မယ်၊ လက်နက်ကိုင်အဖွဲ့တွေ လိုအပ်တဲ့ အကူအညီတွေကို သူတို့ မူဆလင်ညီအစ်ကိုများအဖွဲ့က ပေးမှာပဲလေ၊ အစ္စလာမ် ဘာသာဝင်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းမှာ အခြေအနေရှုပ်ထွေးနေချိန် အခုလို KIA အဖွဲ့ဆီလာတာကတော့ သတိထားစောင့်ကြည့်ရမယ့် အနေအထားပါ ” ဟု ကချင်အရေးလေ့လာသုံးသပ်သူ တရုတ် - မြန်မာနယ်စပ်မှ သတင်းထောက်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါ မူဆလင်ညီအစ်ကိုများအဖွဲ့ ကိုယ်စားလှယ်များသည် အိန္ဒိယနိုင်ငံမှတဆင့် KIA တပ်မဟာ (၂)သို့၊ ၎င်းမှ တပ်မဟာ (၁) အင်ဂွန်းလသို့၊ ၎င်းမှ KIA ဗဟိုဌာနချုပ် (လိုင်ဇာ)သို့ ရောက်ရှိခဲ့ကြောင်း ဇူလိုင် (၂၆) ရက်နေ့တွင် လိုင်ဇာမှ KIA ဒု စစ်ဦးစီးချုပ် အက်စ်ဂွန်မော် ကိုယ်တိုင် ကား (၃) စီးဖြင့် ၎င်းအဖွဲကအား လိုင်စင် ပို့စ် စခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။


.. www.MyanmarExpress.net
 

6 comments:

အ ကုန် တော့ သေ ကုန် တော့ မယ်...

kia စဉ်းစား ဥာဏ် ရှိ မယ် ဆို ရင် လုပ် သင့် မလုပ် သင့် သိ မှာ ပါ။လက် ခံ ခဲ့ မယ် ဆို ရင် တော့ kia အရင် က ထက် အ ခြေ အနေ ဆိုး လိမ့် မယ်။

KIO,KIA SSA နယ် မြေ တ ထွာ အ ဖွဲ့ ပေါင်း တ ရာ ဖွဲ့  ထား တယ် ဒီ ကောင်ေ တွ တာ လက် ခံ တာ မှန် ရင် တို င်း ရင်း သူေ တွ နာ ဖို့ သာ ပြ င် ထား သစ္စာ ဖောက် လောက် ကောင်ေ တွ ပြည်ေ ထာ င် စု ကို ပြို ကွဲေ အာင် ဖန် တီး နေ တာ အစိုး ရ နဲ့  ငြိမ်း ချ မ်း ရေး မ ယူ ခြင် သ ၍ သ ယံ ဇာတေ တွ သ စ် ေ တာ ေ တြ က ုန္ ေ တာ့ မွာ တိုင်း ရင်း သားေ တွ လည်း အ စိုး ရ နဲ့  ပူးေ ပါင်း ပြီး ဒီေ ကာင်ေ တွ ကို တိုက် ပ စ် ပါ

မြန် မာ ချ စ် သူ

ဟုတ် လို့ လား

မဖြစ်နိုင်ဘူး KIA ကခရစ်ယာန်တွေ ဟိုကောင်တွေနဲ့ နည်းနည်းလေးမှတည့်ဒါမဟုတ်ဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်