အိန္ဒိယ ရွေးကောက်ပွဲ လေ့လာသူအဖွဲ့ မန်း ကြားဖြတ်လေ့လာ
မန်းမဟာအောင်မြေ လမ်း ၄၀ နှင့် ၈၃ လမ်းကြားရှိ မဲရုံ အမှတ် ၃ သို့ အိန္ဒိယ နိုင်ငံအာသံ မဏိပူရ မှ ရွေးကောက်ပွဲ လေ့လာသူအဖွဲ့ ဧပြီ ၁ ရက် နံနက် ပိုင်းတွင် လာရောက် ကြည့်ရှုကြောင်း သိရသည်။ အဆိုပါအဖွဲ့ နှင့် အတူ အိန္ဒိယကောင်စစ်ဝန်လည်း လိုက်ပါလာခဲ့ပြီး မြို့ နယ် ကော်မရှင်တာဝန်ရှိသူများ သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။ " ယခု ကြားဖြတ်ရွေးကောက်ပွဲကို Free and Fair ဖြစ်နိုင်တယ် ထင်ရကြောင်း သတင်းထောက် တစ်ဦး ၏ မေးမြန်းချက်ကို ၄င်းအဖွဲ့ မှ Mr. Maninder Singh ကဖြေကြားသည်။ အဆိုပါ မဟာအောင်မြေ အနောက်ရပ် မဲရုံ အမှတ် ( ၃ ) တွင် ကြိုတင်မဲ ၄ မဲသာ ရှိသည်ဟု မြို့ နယ် ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်