အမေရိကန် နိုင်ငံတွင် ဟက်ကာများနှင့် အစိုးရ အာဏာရှိသူတို့ အကြား အားပြိုင်မှု အတွင်း ဟက်ကာတို့ ဘက်မှ အားသာနေကြောင်း ဖယ်ဒရယ် ထောက်လှမ်းရေး
ဗျူရို မှ ထိပ်တန်း ဟက်ကာ တိုက်ဖျက်ရေး ကျွမ်းကျင်သူမှ ဗုဒ္ဓဟူး နေ့က ပြောကြားလိုက်ပြီ ဖြစ်သည်။ FBI တွင် နှစ်ပေါင်း ၂၀ ကြာအောင် ဆိုက်ဘာ ပြစ်မှုများ ကို ဖြိုခွင်းနေသူ Shawn Henry မှ ပြောရာတွင် ၎င်းအနေဖြင့် ပုဂ္ဂလိက အခန်း ကဏ္ဍတွင် တာဝန် ယူထားသော်လည်း ဟက်ကာများကို တိုက်ခိုက်ရန် အတွက် လုပ်ဆောင်ရန် ကိစ္စများစွာ လိုနေသေးကြောင်း ပြောခဲ့သည်။
ယခင်နှစ်ကလည်း နာမည်ကျော် ကုမ္ပဏီကြီးများ ဖြစ်သည့် Sony နှင့် Nasdaq တို့မှာ ဒစ်ဂျစ်တယ် တိုက်ခိုက်မှုကို ခံခဲ့ရပြီး သတင်း အချက်အလက်များစွာ ပေါက်ကြား ခဲ့ရသည်။ လက်ရှိ အင်တာနက်နှင့်ဆိုင်သည့် မူဝါဒများမှာ ရည်ရှည် ထိန်းထားနိုင်သည့် မူဝါဒများ မဟုတ်သေးဘဲ ပုဂ္ဂလိကနှင့်တစ်ကိုယ်ရေ ကွန်ပြူတာများ အတွက် လုံခြုံရေးနှင့် ပတ်သက်သည့် ချဉ်းကပ်ပုံ နည်းလမ်းသစ်များ လိုအပ်နေဆဲပင် ဖြစ်သည်ဟု Henry မှ ပြောကြား သွားခဲ့သည်။
source : The Wall Steet Journal
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်