Subscribe to our RSS Feed

5 comments:

သမ္မတ ဦးသိန်းစိန်ပြောသောစကားကို ရခိုင်ပြည်သူလူထုကြိုဆို
Written by ရခိုင်သွီး Sunday, 22 July 2012 14:09 PDF Print E-mail

Myananr Flagလွန်ခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အကြီးအကဲဖြစ်သူ Antonio Guterres နှင့် သမ္မတ ဦးသိန်းစိန်တို့တွေ့ဆုံခဲ့ရာ သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာတဲ့ ဘင်္ဂလီမူဆလင်များကို လက်ခံရန်ဘယ်တော့မှ မဖြစ်နိုင်ကြောင်း ပြောလိုက်သောစကားကို ရခိုင်ပြည်သူလူထုက တခဲနက်အားပေးထောက်ခံကြိုဆိုလိုက်ကြောင်း သတင်းရရှိသည်။

“ သမ္မတက ဘင်္ဂလီမူဆလင်တွေကို လက်မခံလို့ ပြောလိုက်တဲ့စကားကို ကျနော်တို့ ရခိုပြည်သူလူထုက အားရဝမ်းသာနဲ့ကြိုဆိုပါတယ်။ ဒါကြောင့် ဒီနေ့တွင် ကျနော်တို့ စစ်တွေမြို့မှာ ဒေသခံရခိုင်တိုင်းရင်းသားတွေက အိမ်တိုင်းလိုလိုမှာ မြန်မာနိုင်ငံအလံကို လွှင့်ထူထားကြပါတယ်။ လူများသွားလာနေတဲ့ စက်ဘီး၊ ဆိုင်ကယ်၊ ကားတွေမှာလည်း မြန်မာနိုင်ငံတော်အလံကို လွှင့်ထူပြီး ကိုင်ဆောင်သွားလာနေကြပါတယ်။ ” စစ်တွေမြို့ဒေသခံတစ်ဦးဖြစ်သူ ကိုမင်းခန့်က ယခုကဲ့သို့ ပြောသည်။

ဆက်လက်ပြီး “ ကျနော်ကတော့ သမ္မတကြီးကို အရမ်းကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ သမ္မတကြီးက အခုလို ဘင်္ဂလီမူဆလင်တွေကို လက်မခံဘူးလို့ပြောလိုက်တဲ့အတွက် ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေသာမက အခြားမြန်မာတိုင်းရင်းသားတွေအတွက်ပါ ဝမ်းမြောက်စရာတစ်ခု ဖြစ်ပါတယ်။ ” ဟု သူ့ရဲ့ခံစားချက်ကို အခုလို ဆိုသည်။President of Myanmar

UNHCR ရဲ့ အကြီးအကဲဖြစ်သူ Antonio Guterres နှင့် မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန် တွေ့ဆုံရာမှ ထွက်ပေါ်လာသော သမ္မတ ဦးသိန်းစိန်ပြောသည့် ဘင်္ဂလီမူဆလင်များကို ဘယ်တော့မှလက်မခံဘူးဆိုတဲ့စကားနှင့် သူတို့ကို တတိယနိုင်ငံသို့ ပေးပို့ရန် UNHCR အကြီးအကဲထံတွင် တောင်းဆိုသောစကားကို ရခိုင်ပြည်သူလူထုများသာမက အခြားမြန်မာတိုင်းရင်းသားများကပါ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ကြောင်းကိုလည်း သိရှိရသည်။

ဘယ်သူတွေဘာပြောပြော မြန်မာနိုင်ငံကို ပထမဆုံး ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့တာ သမ္မတကြီး ဦးသိန်စိန်ပါ။

မြန်မာနိုင်ငံအတွက် ဒေါ်စုကြည်လုပ်ခဲ့တာ ဆူပူအကြမ်းဖက်မူဘဲ ရှိတယ်......

ဦးသိန်းစိန်ကြီးကျန်းမာပါစေ။ထိုင်းခရီးစဉ်အောင်မြင်ပါစေ။

သမ္မတကြီး သက်တော်ရာကျော်ရှည်ပါစေ....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်