Subscribe to our RSS Feed

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အိန္ဒိယနိုင်ငံသို့ သွားမည်


မြန်မာ့တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ အိန္ဒိယနိုင်ငံကို တပတ်ကြာ အလည်အပတ် သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ
သြဂုတ်လ သုံးရက်နေ့မှာ အိန္ဒိယ ကာကွယ်ရေး ၀န်ကြီး A K Antony ဦးဆောင်တဲ့ ထိပ်တန်း ခါင်းဆောင် သုံးဦးဖြစ်တဲ့ ရေတပ်ဗိုလ်ချုပ်ကြီး Nirmal Verma၊ လေတပ် အကြီးအကဲ N A K Browne နဲ့ ဗိုလ်ချုပ်ကြီး Bikram Sign တို့ နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရပြီး အိန္ဒိယ ရေတပ် အရှေ့ခြမ်းရေတပ်ဌာနချုပ်ရှိရာ ကလက္ကတားမှာ အိန္ဒိယ အရှေ့ခြမ်း စစ်ဌာနချုပ်တွင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ခမ်းခမ်းနားနား ကြိုဆိုဖို့ အိန္ဒိယ ဖက်က စီစဉ်ထားကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ မေလ အကုန်ပိုင်းကပဲ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းဟာ မြန်မာနိုင်ငံ သို့ လာရောက်ခဲ့ပြီး သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယနိုင်ငံတွင် ၁ ရက် နေ့မှ ၈ ရက်နေ့ထိ သွားရောက်မှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

Myanmar Express

2 comments:

တတိယမျိုးဆက်တပ်မတော်ခေါင်းဆောင်များဖြင့် ခေတ်မီ တပ်မတော်တည်ဆောက်ကြပါစို့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်